ခိုးဘဲဆိပ်ကမ်း

ခိုးဘဲဆိပ်ကမ်းသည် ဂျပန်နိုင်ငံ၊ ဟယောဂိုခရိုင်၊ ခိုးဘဲမြို့တွင်ရှိသည့် ပင်လယ်ဆိပ်ကမ်း ဖြစ်သည်။ ခဲအိဟန်းရှင်းဒေသ၏ ဆိပ်ကမ်းလည်း ဖြစ်သည်။ ရော့ခိုးတောင်တန်း၏ တောင်ခြေတွင် ရှိသည်။ မြေပြန့်နည်းပါးသည်။ လူလုပ်ကျွန်းများဖြင့် ဆိပ်ကမ်းနေရာကို ပြုလုပ်ထားသည်။ ဆိပ်ကမ်းရှိရာကျွန်းကို ရော့ခိုးကျွန်းဟု အမည်ပေးထားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]
၁၂ ရာစုတွင် တိုင်းရနိုခိယောမိုရိ (Taira no Kiyomori) သည် အိုးဝဒနိုတိုမရိဆိပ်ကမ်း (大輪田泊) ကို ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ ဂျပန်နိုင်ငံ၏ မြို့တော်ကို ဖုခုဟရမြို့ (福原) သို့ ပြောင်းရွှေ့ခဲ့သည်။ ဖုခုဟရမြို့သည် ဂျပန်နိုင်ငံ၏ သက်တမ်တိုတောင်းသည့် မြို့တော်တစ်ခု ဖြစ်သည်။ မြို့တော်အနီးတွင် ဆိပ်ကမ်းလည်း ရှိသည်။
၁၈၅၈ ခုနှစ်တွင် ချစ်ကြည်မှုနှင့် စီးပွားရေးသဘောတူစာချုပ်ဖြင့် ဟယောဂိုဆိပ်ကမ်းကို နိုင်ငံခြားသားများဖြင့် ကုန်သွယ်ရန်အတွက် ဖွင့်လှစ်ခဲ့သည်။
၁၈၆၈ ခုနှစ်တွင် ဟယောဂိုဆိပ်ကမ်း၏ အရှေ့ဘက်တွင် ခိုးဘဲဆိပ်ကမ်းသစ်ကို ဖွင့်လှစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်တွင် ဆိပ်ကမ်းကို မဟာမိတ်တပ်များက ထိန်းချုပ်ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်စစ်တပ်က ထိန်းချုပ်ခဲ့သည်။ (၁၉၇၃ ခုနှစ်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့သည်။)
၁၉၇၀ ခုနှစ်များတွင် ဤဆိပ်ကမ်းသည် ကမ္ဘာပေါ်ရှိ ကွန်တိန်န်နာများကို အများဆုံးကိုင်တွယ်နေသည့် ဆိပ်ကမ်း ဖြစ်လာသည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ကမ္ဘာ့ပေါ်ရှိ အလုပ်အများဆုံးကွန်တိန်နာဆိပ်ကမ်း ဖြစ်ခဲ့သည်။[၁]
၁၉၉၅ ခုနှစ်တွင် ဟန်းရှင်းငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် ဆိပ်ကမ်း၏ အစိတ်အပိုင်းများစွာသည် ပျက်စီးခဲ့ရသည်။ ထို့အတွက်ကြောင့် အဆောက်အဦများ၊ ဝန်ဆောင်မှုများကို ရပ်နားခဲ့ရသည်။ ပျက်စီးမှုသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀၂.၅ ဘီလီယံဖိုး (၁၀ ထရီလီယံယန်း) အထိ ရှိခဲ့သည်။ ထိုပမာဏသည် ထိုအချိန် ဂျပန်နိုင်ငံဂျီဒီပီ၏ ၂.၅ ရာခိုင်နှုန်း ရှိသည်။ ပျက်စီးမှုအများစုသည် အာမခံ ထားရှိမှု မရှိပေ။ ခိုးဘဲဒေသ၏ ၃ ရာခိုင်နှုန်းသော ပျက်စီးခဲ့မှုသည်သာ ငလျင်အာမခံ ထားရှိခဲ့ကြသည်။ ငလျင်ကြီး မလှုပ်ခတ်မီအချိန်အထိ ခိုးဘဲဆိပ်ကမ်းသည် ကမ္ဘာပေါ်ရှိ အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်ခဲ့သည်။ ပြန်လည်ပြုပြင်တည်ဆောက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယခင်ရှိခဲ့သည့် ဂျပန်နိုင်ငံ၏ အဓိကကျသည့် ကုန်သွယ်ရေးဆိပ်ကမ်းဟူသည့် ဂုဏ်ပုဒ်ကိုမူ လက်လွှတ်ခဲ့ရသည်။ ဂျပန်နိုင်ငံ၏ စတုတ္တမြောက် အလုပ်အများဆုံးကွန်တိန်နာဆိပ်ကမ်း ဖြစ်လာခဲ့သည်။[၂]
အဆောက်အဦများ
[ပြင်ဆင်ရန်]
- သင်္ဘောကျောက်ချရန် နေရာ - ၃၄ ခု
- ဧရိယာ - ၃.၈၉ စတုရန်းကီလိုမီတာ
- အမြင့်ဆုံး သင်္ဘောဧရာ: ၁၈ မီတာ
အများပြည်သူ အပန်းဖြေနေရာ
[ပြင်ဆင်ရန်]ခရီးသည် ဝန်ဆောင်မှုများ
[ပြင်ဆင်ရန်]- ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့သို့ တစ်ပတ်လျှင် နှစ်ကြိမ်
- တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ တစ်ပတ်လျှင် တစ်ကြိမ်
- တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့သို့ တစ်ပတ်လျှင် တစ်ကြိမ်
ပင်လယ်အပျော်စီးခရီး
[ပြင်ဆင်ရန်]
ညီအစ်မဆိပ်ကမ်းများ
[ပြင်ဆင်ရန်]
Rotterdam port, Netherlands - 1967
Seattle port, United States - 1967
Tianjin port, China - 1980
Kolkata port, India-1951
Vancouver port, Canada-1991
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Kobe Port Promotion Society။ "神戸港開港140年記念特集" [Special feature commemorating the 140th anniversary of the opening of Kobe Port] (PDF)။ Feel Kobe (ဂျပန်ဘာသာစကားဖြင့်)။ Vol. 50 no. Summer 2007။ October 27, 2007 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ October 26, 2009 တွင် ပြန်စစ်ပြီး။
- ↑ American Association of Port Authorities 2008-12-21 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . - "World Port Rankings 2006", retrieved April 15, 2008