ခိုးချိခရိုင်
| ခိုးချိခရိုင် 高知県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 高知県 | ||
| • Rōmaji | Kōchi-ken | ||
ရှိမန်းတိုမြစ်နှင့် အိဝမတံတား - ခိုးချိခရိုင်၊ ရှိမန်းတိုမြို့တွင် ထင်ရှားသည့် နေရာဖြစ်သည်။ | |||
| |||
| အထိမ်းအမှတ်သီချင်း: Kōchi kenmin no uta | |||
| ကိုဩဒိနိတ်: 33°26′N 133°26′E / 33.433°N 133.433°Eကိုဩဒိနိတ်: 33°26′N 133°26′E / 33.433°N 133.433°E | |||
| Country | |||
| Region | Shikoku | ||
| Island | Shikoku | ||
| Capital | Kōchi | ||
| Subdivisions | Districts: 6, Municipalities: 34 | ||
| အစိုးရ | |||
| • Governor | Seiji Hamada | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၇,၁၀၃.၉၃ စတုရန်းကီလိုမီတာ (၂၇၄၂.၈၄ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 18th | ||
| လူဦးရေ (February 1, 2025) | |||
| • စုစုပေါင်း | ၆၅၂,၄၅၉ | ||
| • အဆင့် | 45th | ||
| • သိပ်သည်းမှု | ၉၁.၉/km၂ (၂၃၈/sq mi) | ||
| GDP[၁] | |||
| • Total | JP¥ 2,407 billion US$ 17.8 billion (2022) | ||
| ISO 3166 ကုဒ် | JP-39 | ||
| ဝဘ်ဆိုက် | pref.kochi.lg.jp/english/ | ||
ခိုးချိခရိုင် (高知県, ခိုးချိခန်း[၂]) သည် ဂျပန်နိုင်ငံ၊ ရှိခိုခုကျွန်းရှိ ခရိုင်တစ်ခု ဖြစ်သည်။[၃] ခိုးချိခရိုင်တွင် လူဦးရေ ၆၆၉,၅၁၆ (၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အရ) နေထိုင်ကြသည်။ ဧရိယာ ၇,၁၀၃ စတုရန်းကီလိုမီတာ (၂,၇၄၂ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ခိုးချိခရိုင်သည် အနောက်မြောက်ဘက်တွင် အဲဟိမဲခရိုင်၊ အရှေ့မြောက်ဘက်တွင် တိုခုရှိမခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ခိုးချိမြို့သည် ခရိုင်မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကကျသည့် မြု့များမှာ နန်းခိုခုမြို့၊ ရှိမန်းတိုမြို့၊ ခိုးနန်းမြို့တို့ ဖြစ်သည်။ ခရိုင်သည် ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းတွင် တည်ရှိနေပြီး ရှိခိုခုကျွန်း၏ တောင်ဘက်တွင် ကြီးမားသည့် ပင်လယ်အော်က ဝန်းရံထားသည်။ ခရိုင်၏ တောင်ဘက်စွန်းနေရာရှိ တိုဆရှိမိဇိမြို့တွင် အရှိဇုရိအငူ ရှိသည်။ ခိုးချိခရိုင်တွင် ခိုးချိရဲတိုက်နှင့် ရှိမန်းတိုမြစ်တို့ ရှိသည်။[၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ခိုးချိသည် ရှိခိုခုကျွန်း၏ အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိကာ ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူထားသည်။ အနောက်မြောက်ဘက်တွင် အဲဟိမဲခရိုင်၊ အရှေ့မြောက်ဘက်တွင် တိုခုရှိမခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ခိုးချိခရိုင်သည် ရှိခိုခုကျွန်းတွင် အကြီးဆုံးခရိုင်ဖြစ်သော်လည်း လူဦးရေအနည်းဆုံး ဖြစ်သည်။ ခရိုင်၏ ဒေသအများစုသည် တောင်ထူထပ်သည့်ဒေသများဖြစ်သည်။ ခိုးချိမြို့နှင့် နခမုရမြို့ပတ်ဝန်းကျင်ဧရိယာတို့သည်သာ ကမ်းရိုးတန်းလွင်ပြင်ဒေသ ဖြစ်ကြသည်။ ခိုးချိခရိုင်သည် မြစ်များစွာ ရှိသဖြင့် ထင်ရှားသည်။ တိုဆချော (တိုဆမြို့) ရှိ အိနမုရတောင်သည် ခိုးချိခရိုင်တွင် အမြင့်ဆုံးအမှတ် ဖြစ်သည်။ ထိုတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁,၅၀၆ မီတာ မြင့်သည်။
ခိုးချိခရိုင်သည် ဂျပန်တစ်နိုင်ငံလုံးတွင် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းအများဆုံး ခရိုင်ဖြစ်သည်။ ခိုးချိခရိုင်သည် ရှိမန်းတိုအစုပထဝီမြေပြင်ဧရိယာတွင်ရှိသဖြင့် ကျောက်ဆောင်များ ပေါများသည်။ ထိုမြေမျက်နှာသွင်ပြင်အနေအထားကြောင့် မြေပြိုမှုများကို ဖြစ်ပေါ်စေသည်။ ခိုးချိခရိုင်တွင် မြစ်များစွာ ရှိသည်။ ၎င်းတို့မှာ ခရိုင်အနောက်ဘက်ပိုင်းတွင် ရှိမန်းတိုမြစ်၊ အိရှိဇုချိတောင်မှ ဆင်းသက်ဖြစ်ပေါ်လာကာ တိုဆပင်လယ်အော်အတွင်း စီးဝင်သည့် နိယောဒိုမြစ်၊ တိုခုရှိမခရိုင်အတွင်းသို့ စီးဝင်သွားသည့် ယောရှိနိုမြစ်တို့ ဖြစ်သည်။
သမိုင်းကြောင်းအရ ခိုးချိခရိုင်သည် ရေပြတ်လပ်သည့် ဘေးကို ခံစားရခြင်း မရှိခဲ့ပေ။ သို့သော်လည်း မြစ်များအား စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြဿနာများ ရှိခဲ့သည်။ အဲဒိုခေတ်အစောပိုင်းကာလတွင် ဆာမူရိုင်း နိုနခခန်းဇန်သည် တိုဆဒေသရှိ အဓိကကျသည့် မြစ်များကို အကြီးစားမွမ်းမံမှုများ လုပ်ဆောင်ခဲ့သည်။ လက်ရှိကာလတွင် ခိုးချိခရိုင်သည် မြစ်များအား ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ထင်ရှားသည်။ ထို့အပြင် မိုးများစွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာမည့် ရေဘေးများကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ထားနိုင်သည်။
ခုရိုရှိအိုရေစီးကြောင်းသည် ခိုးချိခရိုင်ကမ်းရိုးတန်းတွင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ခိုးချိခရိုင်၏ ရာသီဥတုသည် ဤခုရိုရှိအိုရေစီးကြောင်းပေါ်တွင် များစွာမူတည်နေသည်။ ဆောင်းရာသီကာလတွင်ပင် ရေစီးကြောင်းသည် နွေးနေလျက်ရှိပြီး မကြာခဏ တိုင်းဖွန်းမုန်တိုင်းများကို ဖြစ်ပေါ်စေသည်။ ခိုးချိခရိုင်သည် ခဂိုရှိမခရိုင်ပြီးပါက ဂျပန်နိုင်ငံတွင် ဒုတိယမြောက် မုန်တိုင်းဒဏ်အခံရဆုံးခရိုင် ဖြစ်သည်။ အရှိဇုရိအငူနှင့် မုရိုတိုအငူတို့သည် လေစီးကြောင်းများပြင်းထန်သဖြင့် လူသိများသည်။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခရိုင်၏ ကုန်းမြေဧရိယာ ၇ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်သည်။ ၎င်းတို့မှာ အရှိဇုရိ - အုဝခအိအမျိုးသားဥယျာဉ်၊ အိရှိဇုချိ၊ မုရိုတို - အနန်းခိုင်းဂန်နှင့် ဆွတ်ရုဂိဆန်အမျိုးသားဥယျာဉ်၊ ခရိုင်အမျိုးသားဥယျာဉ် ၁၈ ခု တို့ ဖြစ်သည်။[၅]

City Town Village


မြို့များ
[ပြင်ဆင်ရန်]ခိုးချိခရိုင်တွင် မြို့ ၁၁ ခု ရှိသည်။ ၎င်းတို့မှာ -
| အလံ | အမည် | ဧရိယာ (km2) | လူဦးရေ | မြေပုံ | |
|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | ||||
| Aki | 安芸市 | 317.34 | 17,810 | ||
| Kami | 香美市 | 537.95 | 26,526 | ||
| Kōchi (capital) | 高知市 | 309.22 | 319,077 | ||
| Kōnan | 香南市 | 126.75 | 32,786 | ||
| Muroto | 室戸市 | 248.25 | 14,006 | ||
| Nankoku | 南国市 | 125.35 | 47,776 | ||
| Shimanto | 四万十市 | 632.42 | 34,433 | ||
| Sukumo | 宿毛市 | 286.11 | 21,097 | ||
| Susaki | 須崎市 | 135.46 | 22,508 | ||
| Tosa | 土佐市 | 91.59 | 27,602 | ||
| Tosashimizu | 土佐清水市 | 266.54 | 14,666 | ||
- နန်းခိုခုမြို့
- ရှိမန်းတိုမြို့
- ဆုဆခိမြို့
- ခိုးနန်းမြို့
- ဆုခုမိုမြို့
မြို့ငယ်နှင့် ရွာများ
[ပြင်ဆင်ရန်]
ခိုးချိခရိုင်အတွင်းရှိ ဒေသများတွင် အောက်ပါမြို့ငယ်များနှင့် ရွာများ တည်ရှိသည်။
| အမည် | ဧရိယာ (km2) | လူဦးရေ | ဒေသ | အမျိုးအစား | မြေပုံ | |
|---|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | |||||
| 芸西村 | 39.63 | 3,846 | Aki District | Village | ||
| 日高村 | 44.88 | 4,896 | Takaoka District | Village | ||
| いの町 | 470.71 | 22,155 | Agawa District | Town | ||
| 北川村 | 196.18 | 1‚328 | Aki District | Village | ||
| 黒潮町 | 188.38 | 11,559 | Hata District | Town | ||
| 三原村 | 85.35 | 1,627 | Hata District | Village | ||
| 本山町 | 134.21 | 3,605 | Nagaoka District | Town | ||
| 奈半利町 | 28.32 | 3,359 | Aki District | Town | ||
| 中土佐町 | 193.19 | 7,156 | Takaoka District | Town | ||
| 仁淀川町 | 332.96 | 5,676 | Agawa District | Town | ||
| 越知町 | 111.58 | 5,847 | Takaoka District | Town | ||
| 大川村 | 95.28 | 521 | Tosa District | Village | ||
| 大豊町 | 314.94 | 4,950 | Nagaoka District | Town | ||
| 大月町 | 103.03 | 5,719 | Hata District | Town | ||
| 佐川町 | 101.21 | 13,223 | Takaoka District | Town | ||
| 四万十町 | 642.06 | 18,269 | Takaoka District | Town | ||
| 田野町 | 6.56 | 2,644 | Aki District | Town | ||
| 土佐町 | 212.11 | 3,997 | Tosa District | Town | ||
| 東洋町 | 74.09 | 2,598 | Aki District | Town | ||
| 津野町 | 197.85 | 5,680 | Takaoka District | Town | ||
| 馬路村 | 165.48 | 737 | Aki District | Village | ||
| 安田町 | 53.03 | 2,614 | Aki District | Town | ||
| 梼原町 | 236.51 | 3,640 | Takaoka District | Town | ||
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]ခရီးသွားနေရာများ
[ပြင်ဆင်ရန်]


- အခိရဲတိုက်နှင့် ဆာမူရိုင်းနေအိမ်အရပ်ဟုခေါ်သည့် "ဒိုအိခချူး"
- Anpanman Museum
- Godaisan
- Katsurahama
- Katsurahama Aquarium
- ခိုးချိရဲတိုက် - ဂျပန်နိုင်ငံရှိ မူလရဲတိုက် ၁၂ ခုထဲမှ တစ်ခု
- ခိုးချိခရိုင်သမိုင်းပြတိုက် - အိုခိုးရဲတိုက်တွင်ရှိသည့် သမိုင်းပြတိုက်
- Muroto Schoolhouse Aquarium
- Okō Castle, Chōsokabe clan's prime castle ruins.
- Ryūga Cave, ဂျပန်နိုင်ငံ၏ အကောင်းဆုံး ဂူသုံးခုထဲမှတစ်ခု
- Sakamoto Ryōma Memorial Museum
- Shimanto River - ဂျပန်နိုင်ငံရှိ ဆည်မတည်ဆောက်ထားသည့် တစ်ခုတည်းသောမြစ်
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ ခိုးချိခရိုင် နှင့်ပတ်သက်သော မီဒီယာများ
- တရားဝင် ဝက်ဘ်ဆိုက်တ် (in အင်္ဂလိပ်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ Nussbaum, Louis-Frédéric. (2005). "Kōchi prefecture" in Japan Encyclopedia, p. 538, p. 538, at Google Books.
- ↑ Nussbaum, "Kōchi" at p. 538, p. 538, at Google Books.
- ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment။ 19 August 2012 တွင် ပြန်စစ်ပြီး။