မာတိကာသို့ ခုန်သွားရန်

ခိုဆခမြို့၊ အခိတ

ဝီကီပီးဒီးယား မှ
ခိုဆခမြို့
小坂町
Town
Kosaka Town Hall
Kosaka Town Hall
ခိုဆခမြို့၏ အလံတော်
အလံတော်
ခိုဆခမြို့၏ တံဆိပ်တုံး
စည်းတံဆိပ်
Location of Kosaka in Akita Prefecture
Location of Kosaka in Akita Prefecture
ခိုဆခမြို့ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ခိုဆခမြို့
ခိုဆခမြို့
 
ကိုဩဒိနိတ်: 40°19′59″N 140°44′10″E / 40.33306°N 140.73611°E / 40.33306; 140.73611ကိုဩဒိနိတ်: 40°19′59″N 140°44′10″E / 40.33306°N 140.73611°E / 40.33306; 140.73611
နိုင်ငံဂျပန်နိုင်ငံ
ဒေသTōhoku
စီရင်စုAkita
ခရိုင်Kazuno
ဧရိယာ
  စုစုပေါင်း၂၀၁.၇၀ စတုရန်းကီလိုမီတာ (၇၇.၈၈ စတုရန်းမိုင်)
လူဦးရေ (May 1, 2017)
  စုစုပေါင်း၅၁၃၄
  သိပ်သည်းမှု၂၅.၄၅/km (၆၅.၉/sq mi)
အချိန်ဇုန်ဂျပန် စံတော်ချိန် (UTC+9)
- အပင်Prunus sargentii
- ပန်းAcacia
-ငါးSockeye salmon
ဖုန်းနံပါတ်0186-29-3901
လိပ်စာOtarube 37-2, Kosaka-kozan, Kosakamachi, Kazuno-gun, Akita-ken 017-0292
ဝဘ်ဆိုက်http://www.town.kosaka.akita.jp/
Korakukan Kabuki theatre

ခိုဆခမြို့ (小坂町, Kosaka-machi) သည် ဂျပန်နိုင်ငံ၊ အခိတခရိုင်၊ ခဇုနိဒေသတွင်ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မြို့နေခန့်မှန်းလူဦးရေသည် ၄၆၇၀ ဦး၊ အိမ်ထောင်စု ၂၂၈၄ ခု ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၃ ဦး နေထိုင်ကြသည်။ မြို့၏ စုစုပေါင်းဧရိယာမှာ ၂၀၁.၇၀ စတုရန်းကီလိုမီတာ (၇၇.၈၈ စတုရန်းမိုင်) ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ခိုဆခမြို့သည် "ဂျပန်နိုင်ငံတွင် အလှပဆုံးရွာစာရင်း" တွင် ထည့်သွင်းသတ်မှတ်ခြင်း ခံခဲ့ရသည်။[][]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ခိုဆခမြို့သည် အိုးအုတောင်တန်းများရှိရာ ခဇုနိုချိုင့်ဝှမ်း၏ မြောက်ဘက်ပိုင်းတွင် ရှိသည်။ မြို့၏ မြောက်ဘက်တွင် အအိုမိုရိခရိုင်၊ အရှေ့မြောက်ဘက်တွင် တိုဝဒရေကန်တို့ ရှိသည်။ မြို့သည် "တိုဝဒ ဟချိမန်းတိုင်းအမျိုးသားဥယျာဉ်" ၏ နယ်နိမိတ်အတွင်း တည်ရှိနေသည်။ မြို့၏ ဧရိယာအတော်များများသည် တောထူထပ်သည်။ မြို့၏ ကုန်းတွင်းပိုင်းကျသည့်တည်နေရာကြောင့် ဆောင်းရာသီတွင် နှင်းများအလွန်ကျဆင်းသည့် မြို့အဖြစ် သိကြသည်။

ဆက်စပ်နေသည့် မြို့များ

[ပြင်ဆင်ရန်]

အခိတခရိုင်

အအိုမိုရိခရိုင်

ရာသီဥတု

[ပြင်ဆင်ရန်]

ခိုဆခမြို့၏ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၈.၄ ဒီဂရီစင်တီဂရိတ် ရှိသည်။ နှစ်ပတ်လည်ပျမ်းမျှမိုးရေချိန်မှာ ၁၄၆၆ မီလီမီတာ ရှိသည်။ စက်တင်ဘာလသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လသည် အပူချိန်အမြင့်ဆုံးဖြစ်ကာ ၂၂.၂ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင် ရှိသည်။ ဇန်နဝါရီလသည် အပူချိန်အနိမ့်ဆုံးဖြစ်ပြီး အနှုတ်၄.၃ ဒီဂရီစင်တီဂရိတ် ရှိသည်။

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ ခိုဆခမြို့နေလူဦးရေသည် ၁၉၆၀ ခုနှစ်ကတည်းက သုံးပုံနှစ်ပုံကျော် ကျဆင်းခဲ့သည်။[]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1960 ၁၅၆၇၆    
1970 ၁၃၇၆၈−12.2%
1980 ၁၀၅၂၆−23.5%
1990 ၈၀၃၅−23.7%
2000 ၇၁၇၁−10.8%
2010 ၆၀၅၄−15.6%
2020 ၄၇၈၀−21.0%

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]