ခိရိရှိမတောင်
| ခိရိရှိမတောင်များ | |
|---|---|
ခိရိရှိမမီးတောင်အုပ်စု | |
| အမြင့်ဆုံးအမှတ် | |
| တောင်ထွတ် | Karakuni-dake |
| အမြင့် | ၁,၇၀၀ m (၅,၆၀၀ ft) |
| ကိုဩဒိနိတ် | 31°56′17″N 130°51′41″E / 31.93806°N 130.86139°Eကိုဩဒိနိတ်: 31°56′17″N 130°51′41″E / 31.93806°N 130.86139°E |
| ပထဝီဝင် | |
| နိုင်ငံ | Japan |
| Prefectures | Kagoshima Prefecture နှင့် Miyazaki Prefecture |


ခိရိရှိမတောင် (霧島山, Kirishima-yama) သည် ဂျပန်နိုင်ငံ၊ ကျူးရှူးကျွန်း၊ မိယဇခိစီရင်စုနှင့် ခဂိုရှိမစီရင်စုတို့တွင် တည်ရှိသည့် လှုပ်ရှားနေသည့် မီးတောင်အုပ်စု ဖြစ်သည်။ ဤမီးတောင်သည် ၁၇၀၀ မီတာ မြင့်သည်။ ၇၄၂ ခုနှစ်ကတည်းက ပေါက်ကွဲမှုအကြိမ်ရေများစွာ ရှိခဲ့ပြီး ဖြစ်သည်။ ပြင်းထန်သည့် ပေါက်ကွဲမှုများသည် ၇၈၈ ခုနှစ်၊ ၁၇၁၆ ခုနှစ်၊ ၁၇၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည်။
ဤတောင်များထဲတွင် အမြင့်ဆုံးတောင်ထိပ်သည် ခရခုနိတောင် (ခရခုနိဒခဲ) ဖြစ်ပြီး အမြင့် ၁၇၀၀ မီတာ ရှိသည်။ ဤတောင်၏ အမည်သည် "ကိုရီးယားတောင်ထိပ်" ဟု အမည်ရသည်။ ဤတောင်ထိပ်မှနေ၍ ကိုရီးယားကျွန်းဆွယ်ကို မြင်ရသဖြင့် ဤအမည်ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်။ အခြားသောတောင်များသည်လည်း ဘာသာရေးအရ အလေးအမြတ်ထားရာနေရာများ ဖြစ်ကြသည်။ တခချိဟိုနော့မိနဲ (高千穂峰)(၁၇၅၃ မီတာ) နှင့် ရှိမိုအဲဒခဲ (新燃岳) တို့သည် လှုပ်ရှားနေသည့် တောင်များ ဖြစ်ကြသည်။ ဤတောင်များသည် ခိရိရှိမမြို့အနီးတွင် တည်ရှိသည့် "ခိရိရှိမ-ယခုအမျိုးသားဥယျာဉ်" ၏ အစိတ်အပိုင်းများတွင် ပါဝင်သည်။ ခိရိရှိမတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့်တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။ ဤတောင်ပတ်ဝန်းကျင်သည် မြူထူထပ်သဖြင့် ကြည့်လိုက်ပါက မြူများထဲတွင်တည်ရှိနေသည့် ကျွန်းပုံသဏ္ဌန်ဖြစ်နေသည့်အတွက် "ခိရိရှိမ" ဟူသည့်အမည် တွင်လာသည်ဟု ယုံကြရသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- ခိရိရှိမမီးတောင်အုပ်စု
- တခချိဟိုနိုမိနဲမီးတောင်
- ခိရိရှိမမီးတောင်အုပ်စုKirishima Volcano Group
- ရှင်းမိုအဲဒခဲမီးတောင် (အရှေ့ဘက်) နှင့် တခချိဟိုနိမိနဲမီးတောင်
- အိုဟချိမီးတောင်
- ရော့ခန်နွန်းမိအိခဲမီးတောင် (အရှေ့) နှင့် ခိုရှိခိဒခဲမီးတောင် (အနောက်)
- အိုနမိအိခဲမီးတောင်
- ခရခုနိဒခဲမီးတောင်
- ဖုဒိုအုအိခဲမီးတောင်
- ဟိနမိုရိဒခဲမီးတောင်
- ခုရိနိုဒခဲမီးတောင်
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Kirishimayama - Japan Meteorological Agency (in ဂျပန်)
- Kirishimayama: National catalogue of the active volcanoes in Japan။ - Japan Meteorological Agency
- Kirishima Volcano - Geological Survey of Japan
- Kirishimayama။ Smithsonian Institution။
- Kirishima Geopark 19 June 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . - The Kirishima Geopark Council
- Volcanoes & Craters 4 August 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- English Pamphlet။ 22 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 August 2025 တွင် ပြန်စစ်ပြီး။