မာတိကာသို့ ခုန်သွားရန်

ခိဆိုမြို့၊ နဂနို

ဝီကီပီးဒီးယား မှ
ခိဆိုမြို့
木曽町
Town
ခိဆိုမြို့၏ အလံတော်
အလံတော်
ခိဆိုမြို့၏ တံဆိပ်တုံး
စည်းတံဆိပ်
Location of Kiso Town in Nagano Prefecture
Location of Kiso Town in Nagano Prefecture
ခိဆိုမြို့ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ခိဆိုမြို့
ခိဆိုမြို့
 
ကိုဩဒိနိတ်: 35°50′33.1″N 137°41′29.6″E / 35.842528°N 137.691556°E / 35.842528; 137.691556ကိုဩဒိနိတ်: 35°50′33.1″N 137°41′29.6″E / 35.842528°N 137.691556°E / 35.842528; 137.691556
CountryJapan
RegionChūbu (Kōshin'etsu)
PrefectureNagano
DistrictKiso
ဧရိယာ
  စုစုပေါင်း၄၇၆.၀၃ စတုရန်းကီလိုမီတာ (၁၈၃.၈၀ စတုရန်းမိုင်)
လူဦးရေ (April 2019)
  စုစုပေါင်း၁၁၀၄၅
  သိပ်သည်းမှု၂၃/km (၆၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
Phone number0264-22-3000
Address2326-1 Fukushima, Kiso-machi, Kiso-gun, Nagano-ken 397-8588
ClimateDfa
ဝဘ်ဆိုက်တရားဝင် ဝက်ဘ်ဆိုက်တ်
Center of Kiso town
Fukushima-juku

ခိဆိုမြို့ (木曽町 ခိဆို − မချိ ) သည် ဂျပန်နိုင်ငံနဂနိုခရိုင် တွင် တည်ရှိသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့နေလူဦးရေသည် ၁၁၅၆၁ ဦး ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၂၄.၃ ဦး ရှိသည်။ စုစုပေါင်း ဧရိယာသည် ၄၇၆.၀၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ခိဆိုမြို့သည် "ဂျပန်နိုင်ငံ၏ အလှပဆုံးရွာများစာရင်း" တွင် ဖော်ပြခြင်း ခံရသည်။[]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ခိဆိုမြို့သည် နဂနိုခရိုင်၏ အနောက်တောင်ဘက် တောင်ထူထပ်သည့် ဒေသတွင် ရှိသည်။ မြို့၏ အနောက်ဘက်တွင် ဂိဖုခရိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ဆက်စပ်နေသည့် မြို့ရွာများ

[ပြင်ဆင်ရန်]

ရာသီဥတု

[ပြင်ဆင်ရန်]

မြို့၏ ရာသီဥတုသည် နွေရာသီတွင် စိုထိုင်းပြီး နွေးထွေးသည်။ ဆောင်းရာသီတွင် အေးကာ နှင်းကျဆင်းမှု များပြားသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၀.၈ ဒီဂရီစင်တီဂရိတ် (၅၁.၄ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ နှစ်ပတ်လည်မိုးရေချိန်သည် ၁၉၂၆.၇ မီလီမီတာ (၇၈.၅ လက်မ) ရှိသည်။ ဇူလိုင်လသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လသည် အပူချိန်အမြင့်ဆုံးဖြစ်ကာ ပျမ်းမျှအပူချိန် ၂၃.၂ ဒီဂရီစင်တီဂရိတ် (၇၃.၈ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ ဇန်နဝါရီလသည် အနိမ့်ဆုံးဖြစ်ပြီး ပျမ်းမျှအပူချိန်သည် အနှုတ် ၁.၄ ဒီဂရီစင်တီဂရိတ် (၂၉.၅ ဒီဂရီဖာရင်ဟိုက်) ရှိသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လက်ရှိကာလ ခိဆိုမြို့ တည်နေရာသည် ရှေးယခင်က ရှိနနိုတိုင်းပြည်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဟိယောရှိရွာ၊ ခိုင်းဒရွာ၊ မိတခဲရွာတို့နှင့်အတူ ပေါင်းစပ်ကာ လက်ရှိကာလ မြို့ကို ဖွဲ့စည်းခဲ့သည်။

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ ခိဆိုမြို့၏ လူဦးရေသည် လွန်ခဲ့သည့် နှစ် ၆၀ ကျော်ကာလမှစ၍ အလျင်အမြန် ကျဆင်းလျက်ရှိသည်။ လက်ရှိကာလ လူဦးရေသည် ၁၉၄၀ ခုနှစ်တွင် ရှိခဲ့သည့် လူဦးရေ၏ ထက်ဝက်ထက်ပင် လျော့နည်းလျက်ရှိသည်။[]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1940 ၂၂၂၅၆    
1950 ၂၂၁၉၀−0.3%
1960 ၂၂၄၂၉+1.1%
1970 ၁၈၈၆၈−15.9%
1980 ၁၇၄၂၆−7.6%
1990 ၁၅၇၈၉−9.4%
2000 ၁၄၈၆၆−5.8%
2010 ၁၂၇၄၃−14.3%
2020 ၁၀၅၈၄−16.9%

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. The Most Beautiful Villages in Japan 2015-02-15 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (in ဂျပန်)
  2. 1 2 You must specify title = and url = when using {{cite web}}.။ JMA April 23, 2022 တွင် ပြန်စစ်ပြီး။
  3. You must specify title = and url = when using {{cite web}}.။ JMA April 23, 2022 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}.။ JMA April 23, 2022 တွင် ပြန်စစ်ပြီး။
  5. You must specify title = and url = when using {{cite web}}.။ JMA April 23, 2022 တွင် ပြန်စစ်ပြီး။
  6. Kiso population statistics