ခိဆိုခိုမတောင်
| ခိဆိုခိုမတောင် | |
|---|---|
| 木曽駒ヶ岳 | |
Mount Kisokoma from Mount Utsugi | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၂,၉၅၆ m (၉,၆၉၈ ft)[၁] |
| ပေါ်လွင်မှု | ၁,၇၅၁ m (၅,၇၄၅ ft)[၁] |
| စာရင်းသွင်းခြင်း | Ultra |
| ကိုဩဒိနိတ် | 35°47′21″N 137°48′12″E / 35.78917°N 137.80333°Eကိုဩဒိနိတ်: 35°47′21″N 137°48′12″E / 35.78917°N 137.80333°E[၁] |
| ပထဝီဝင် | |
| တည်နေရာ | Kiso District and Kamiina, Nagano Prefecture, Japan |
| ပင်မတောင်တန်း | Kiso Mountains |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | Komagatake Ropeway |
ခိဆိုခိုမတောင်(木曽駒ヶ岳, Kisokoma-ga-take) သည် ဂျပန်နိုင်ငံ၊ နဂနိုစီရင်စု၊ ခိဆိုခရိုင်ရှိ အဂဲမဆွတ်မြို့နှင့် ခိဆိုမြို့၊ ခမိအိနခရိုင်ရှိ မိယဒမြို့တို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည့် တောင်ဖြစ်သည်။ ၂၉၅၆ မီတာ (၉၆၉၈ ပေ) မြင့်သည်။ ခိဆိုတောင်တန်းများတွင် အမြင့်ဆုံးတောင်လည်း ဖြစ်သည်။ ဤတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ဖော်ပြခြင်းခံခဲ့ရသည်။ တစ်ခါတရံ ဤတောင်၏ အမည်ကို အတိုကောက် "ခိဆိုခိမ" ဟုလည်း ခေါ်ကြသည်။ ခန်ဂျိအက္ခရာဖြင့် အခြားရေးဟန်ဖြစ်သည့် 木曾駒ヶ岳 (Kisokoma-ga-take) ဟုလည်း ရေးကြသည်။
တောင်တက်ခြင်း
[ပြင်ဆင်ရန်]ခိဆိုခိုမတောင်၏ အရှေ့ဘက်ခြမ်းတွင် ခိုမဂတခဲတောင်တက်ကေဘယ်ကား ရှိသည်။[၂] ခရီးသွားများနှင့် တောင်တက်သမားများသည် တောင်ထိပ်ရှိ စခန်းသို့ သွားရောက်လည်ပတ်ကြသည်။ တောင်ပေါ်တွင် ဟိုတယ်တစ်ခုနှင့် နားနေရန်တဲငယ် ငါးခု ရှိသည်။ ဟိုတယ်၏ အမည်မှာ "ဟိုတယ်ဆန်းဂျောဂျိခိ" ဖြစ်သည်။ ခိဆိုခိုမတောင်နှင့် နခတောင်အကြားတွင် နားခိုရန်နေရာတစ်ခု ရှိသေးသည်။ တောင်ပတ်ဝန်းကျင်တွင် တောင်တက်လမ်းကြောင်းများစွာ ရှိသည်။[၃]
ရုပ်ပုံများ
[ပြင်ဆင်ရန်]| Kiso Mountains and Mountain hut and campground seen from east (Mount Naka) |
Mount Kisokoma seen from west (Mount Mugikusa) spring |
Mt. Kisokoma and Mt. Hōken and Autumn leaf color seen from north (Mount Shōgigashira) autumn |
Senjōjiki Cirque at Mount Hōken summer |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 Japan Ultra-Prominences။ Peaklist.org။ 2015-01-01 တွင် ပြန်စစ်ပြီး။
- ↑ Central Alps Komagatake Ropeway & Bus Services။ Chuo Alps Kanko။ 2010-10-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-04-23 တွင် ပြန်စစ်ပြီး။
- ↑ Mountains information (in Japanese)။ Komagane Tourist Association။ 5 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-04-23 တွင် ပြန်စစ်ပြီး။