မာတိကာသို့ ခုန်သွားရန်

ခိခိုင်လေဆိပ်

ဝီကီပီးဒီးယား မှ
ခိခိုင်လေဆိပ်
Kikai/Kikaigashima Island Airport
喜界空港
Kikai Kūkō
အချက်အလက်များ
အမျိုးအစားPublic
စီမံကွပ်ကဲသူGovernment
တည်နေရာKikai, Kagoshima Prefecture, Japan
ပင်လယ်မျက်နှာပြင် အထက်၁၅ ပေ / ၅ မီတာ
ကိုဩဒိနိတ်28°19′17″N 129°55′41″E / 28.32139°N 129.92806°E / 28.32139; 129.92806ကိုဩဒိနိတ်: 28°19′17″N 129°55′41″E / 28.32139°N 129.92806°E / 28.32139; 129.92806
မြေပုံ
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Japan Kagoshima Prefecture" သည် မတည်ရှိနေပါ.Location in Japan
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
07/25 1,200 ၃,၉၃၇ Asphalt
ကိန်းဂဏန်း အချက်အလက်များ (2015)
Passengers79,892
Cargo (metric tonnes)184
Aircraft movement4,006

ခိခိုင်လေဆိပ် (喜界空港, Kikai Kūkō) သည် ဂျပန်နိုင်ငံ၊ ခဂိုရှိမခရိုင်၊ ခိခဂျိမကျွန်းတွင်ရှိသည့် မြို့ဖြစ်သည့် ခိခိုင်မြို့ရှိ လေဆိပ်တစ်ခု ဖြစ်သည်။ ဤလေဆိပ်ကို ခိခိုင်ဂျိမလေဆိပ် သို့မဟုတ် ခိခိုင်ဂရှိမလေဆိပ် စသဖြင့်လည်း ခေါ်ဝေါ်ကြသည်။[၂][၃]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၃၁ ခုနှစ်တွင် ဂျပန်ဘုရင့်ရေတပ်သည် ခိခိုင်ဂျိမကျွန်းတွင် လေယာဉ်ဆင်းကွင်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ၎င်းကွင်းသည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးကာလများဖြစ်သည့် အိုကီနာဝါတိုက်ပွဲကာလအတွင်း အမေရိကန်ရေတပ်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် လေယာဉ်မောင်းတစ်ဦးမှာ Samuel Hynes ဖြစ်ပြီး၊ သူသည် နောင်တွင် ထင်ရှားသည့် စာရေးဆရာနှင့် တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်ခဲ့သည်။ သူသည် အင်ဂျင်တစ်လုံးတပ် Grumman TBF Avenger လေယာဉ်အမျိုးအစားကို မောင်းနှင်ခဲ့သည်။ [၄]၁၉၆၈ ခုနှစ်၊ မေလတွင် လေယာဉ်ဆင်းကွင်းအဟောင်းကို စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုရန် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ လေယာဉ်ပြေးလမ်းအရှည်သည် ၁၂၀၀ မီတာ ရှိသည်။ လေယာဉ်ပြေးလမ်းကြံ့ခိုင်မှုအတွက် လေယာဉ်ကွင်းကို ၁၉၆၈ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ပိတ်ထားခဲ့သည်။ ၁၉၇၁ ခုနှစ်၊ ဧပြီလတွင် တတိယအဆင့်ရှိ လေဆိပ်တစ်ခုအဖြစ် ဂျပန်အစိုးရက သတ်မှတ်ခဲ့သည်။

လေကြောင်းလိုင်းများနှင့် ခရီးစဉ်များ

[ပြင်ဆင်ရန်]
လေကြောင်းလိုင်းများပျံသန်းရာနေရာ
Japan Air Commuter Amami Ōshima, Kagoshima

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ ခိခိုင်လေဆိပ် နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Kikai Airport။ Japanese Ministry of Land, Infrastructure, Transport and Tourism။ 21 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2017 တွင် ပြန်စစ်ပြီး။
  2. ↑ Kikaiga Shima Airport at Aviation Safety Network
  3. ↑ Kikaijima Airport guide from Japan Airlines
  4. ↑ Hynes, Samuel (1988). Flights of Passage. US Naval Inst. 1988 p. 241.