ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန်

ဝီကီပီးဒီးယား မှ

ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခါချဉ်ကောင်သည် တောင်ကြီးကို ဖြိုဖျက်ရန် စိတ်မာန်ပြင်းပြစွာ ကြံစည်သော်လည်း ခါးချည့်သော သတ္တဝါမျိုးဖြစ်၍ မစွမ်းဆောင်နိုင်သကဲ့သို့ တစ်စုံတစ်ခုကို မဖြစ်မနေ အားသွန်ခွန်စိုက် ပြုလုပ်ရန် ရည်မှန်းသော်လည်း ပင်ကိုအားနည်းချက်ကြောင့် မစွမ်းဆောင်နိုင်ဖြစ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ပြည်တော်သာနိုင်ငံကြီးကိုတော့ ထူထောင်ချင်တယ်၊ ဇွဲကတော့ မရှိလှဘူးဆိုရင် ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြိုးဖြိုမည့်ကြံ ခါးကမသန်ဆိုသလို ဖြစ်နေလိမ့်မည်။" [၁၃၁၅] ပြည်သား၊ ၂၊ ၇၇။ ၁၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၄