ခလုတ်ထိမှ အမိတ

ဝီကီပီးဒီးယား မှ

ခလုတ်ထိမှ အမိတ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဖြောင့်ဖြူးသော လမ်းကို လျှောက်နေစဉ် မိခင်ကို သတိမရ၊ ခလုတ်တိုက်မိသောအခါမှ အမယ်လေးဟု အမိကို တသကဲ့သို့ ဒုက္ခနှင့် ကြုံတွေ့ရမှ ကိုးကွယ်ရာကို သတိရသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကြောင်းခြင်းမသိ၊ ခလုတ်ထိမှ၊ အမိခေါ်သို့၊ မမြော်ညွတ်ကွင်း၊ ခြေရင်းတည်းတွ၊ ဖြစ်လေမှလျှင်၊" [၈၇၁] ဟင်္သာ * ၃၅။
  • "ခလုတ်ထိမှ အမိတ ဟူ၍ လောကဝေါဟာရ စကားအစဉ်အတိုင်း ခင်ခင်ထားသည် စိတ်ဒုက္ခရောက်တိုင်းရောက်တိုင်း အမိအဖကို သိလိုသည့်အရေးနှင့်..." [၁၂၇၆] စိုး။ ၁၇၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၄