ခရိုမိုဆုမ်း

ဝီကီပီးဒီးယား မှ
(ခရိုမိုဇုန်း မှ ပြန်ညွှန်းထားသည်)
Diagram of a replicated and condensed metaphase eukaryotic chromosome:
  1. Chromatid
  2. Centromere
  3. Short arm
  4. Long arm

ခရိုမိုဆုမ်း (အင်္ဂလိပ်: Chromosome) ဆိုသည်မှာ အဖို၏ သုက်ပိုး ဇီဝကလာပ်နှင့် အမမျိုးဥ ဇီဝကလာပ်တို့တွင် တွေ့ရှိရသည့် ထိုအဖို အမတို့မှ မျိုးရိုးဆက်ခံ ပါရှိလာသော ဗီဇပစ္စည်းများ ဖြစ်သည်။ သန္ဓေတည်လျက် ရှိသော သန္ဓေဥ၏ ဇီဝကလာပ်ဆဲလ်များသည် အဆင့်ဆင့် ကွဲပွားသွားရာ ဇီဝကလပ်တိုင်း၌ အမိ၏ ဇီဝပစ္စည်း ၂၃-ခုနှင့် အဖ၏ ဇီဝပစ္စည်း ၂၃-ခု အညီအမျှစီ ပါရှိသည်။ ထိုဗီဇပစ္စည်းခေါ် ကိုယ်ပွားဗီဇများအရ သန္ဓေသား၏ ဖိုမ ကွဲပြားမှုသည်လည်း ဖြစ်လာရလေသည်။ ခရိုမိုဆုမ်းမှာ အဓိကအားဖြင့် ဒီအောက်ဇီရီ ဗိုနျူကလိုက် အက်ဆစ်နှင့် ပရိုတိန်းဓာတ်ပစ္စည်းများ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ခရိုမိုဆုမ်း" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။