ခရိုမိုဆုမ်း
ပုံပန်းသွင်ပြင်
ခရိုမိုဆုမ်း (အင်္ဂလိပ်: Chromosome) ဆိုသည်မှာ အဖို၏ သုက်ပိုး ဇီဝကလာပ်နှင့် အမမျိုးဥ ဇီဝကလာပ်တို့တွင် တွေ့ရှိရသည့် ထိုအဖို အမတို့မှ မျိုးရိုးဆက်ခံ ပါရှိလာသော ဗီဇပစ္စည်းများ ဖြစ်သည်။ သန္ဓေတည်လျက် ရှိသော သန္ဓေဥ၏ ဇီဝကလာပ်ဆဲလ်များသည် အဆင့်ဆင့် ကွဲပွားသွားရာ ဇီဝကလပ်တိုင်း၌ အမိ၏ ဇီဝပစ္စည်း ၂၃-ခုနှင့် အဖ၏ ဇီဝပစ္စည်း ၂၃-ခု အညီအမျှစီ ပါရှိသည်။ ထိုဗီဇပစ္စည်းခေါ် ကိုယ်ပွားဗီဇများအရ သန္ဓေသား၏ ဖိုမ ကွဲပြားမှုသည်လည်း ဖြစ်လာရလေသည်။ ခရိုမိုဆုမ်းမှာ အဓိကအားဖြင့် ဒီအောက်ဇီရီ ဗိုနျူကလိုက် အက်ဆစ်နှင့် ပရိုတိန်းဓာတ်ပစ္စည်းများ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ခရိုမိုဆုမ်း" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
ဤ ဇီဝဗေဒနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |