ခရစ်တော်၏ ကွန်ဗင့်ကျောင်း၊ တိုမာ

ဝီကီပီးဒီးယား မှ
တိုမာရှိ ခရစ်တော်၏ ကွန်ဗင့်ကျောင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Castelo dos Templários e Convento de Cristo,Tomar, Portugal.jpg
တည်ရှိသည့် နိုင်ငံ  ပေါ်တူဂီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,vi
ကိုးကား ၂၆၅
ဒေသ** ဥရောပ နှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ခရစ်တော်၏ ကွန်ဗင့်ကျောင်း သည် ပေါ်တူဂီနိုင်ငံ တိုမာမြို့ရှိ ယခင် ရိုမန်ကက်သလစ် ကွန်ဗင့်ကျောင်း တစ်ခု ဖြစ်သည်။ နဂိုမူလက ၁၂ ရာစု တမ်ပလာနိုက်တို့၏ အခိုင်အမာ အခြေစိုက်ရာ နေရာဖြစ်ခဲ့ပြီး ထိုဂိုဏ်းကို ၁၄ ရာစု အတွင်း ဖျက်သိမ်းလိုက်သော အခါတွင် ပေါ်တူဂီ ဂိုဏ်းခွဲသည် နိုက်တို့၏ ခရစ်တော်ဂိုဏ်း အဖြစ် ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် ပေါ်တူဂီတို့၏ ရေကြောင်းဆိုင်ရာ စူးစမ်းရှာဖွေရေးများကို ကူညီထောက်ပံ့ ခဲ့သည်။ ကွန်ဗင့်ကျောင်းနှင့် ရဲတိုက် အဆောက်အဦး အစုအဝေးသည် သမိုင်းဝင် နှင့် ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အဆောက်အဦးဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းခံခဲ့ရသည်။



ကိုးကား[ပြင်ဆင်ရန်]