ခမိဂမိုနတ်ကျောင်း
| ခမိဂမိုနတ်ကျောင်း 上賀茂神社 | |
|---|---|
| အချက်အလက်များ | |
| တည်နေရာ | 339 Kamigamomotoyama, Kita-ku, Kyoto, Kyoto Prefecture |
| ကိုဩဒိနိတ် | 35°03′37″N 135°45′10″E / 35.06028°N 135.75278°Eကိုဩဒိနိတ်: 35°03′37″N 135°45′10″E / 35.06028°N 135.75278°E |
| ဘာသာရေး နှီးနွယ်မှု | Shinto |
| နတ်ဘုရား | Kamowakeikazuchinomikoto |
| ပွဲတော် | Aoi Matsuri (Kamo no Matsuri; May 15th) |
| နိုင်ငံ | ဂျပန်နိုင်ငံ |
| ဝက်ဘ်ဆိုဒ် | kamigamojinja.jp/en/ |
| ဗိသုကာ | |
| ဗိသုကာ စတိုင် | Sangensya-Nagare-zukuri |
| စတင်သည့်နှစ် | 678 |
ခမိဂမိုနတ်ကျောင်း (上賀茂神社, Kamigamo Jinja) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မြောက်ဘက် ခမိုမြစ်ကမ်းဘေးတွင် တည်ရှိသည့် ရှင်းတိုးနတ်ကျောင်းတစ်ခု ဖြစ်သည်။ ၎င်းကို ၆၇၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဤနတ်ကျောင်း၏ တရားဝင်အမည်သည် "ခမို - ဝခဲခဇုချိနတ်ကျောင်း" (賀茂別雷神社, Kamo-wakeikazuchi jinja) ဖြစ်သည်။[၁][၂]
ဤနတ်ကျောင်းသည် ဂျပန်နိုင်ငံရှိ ရှင်တိုနတ်ကျောင်းများထဲတွင် ရှေးအကျဆုံးကျောင်းတစ်ခုလည်း ဖြစ်သည်။ ရှေးဟောင်းကျိုတိုမြို့၏ သမိုင်းဝင်အဆောက်အဦ ၁၇ ခုထဲမှ တစ်ခုအဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့သည်။ ရှိမိုဂမိုနတ်ကျောင်းနှင့် ခမိဂမိုနတ်ကျောင်းများကို ဂျပန်ဘာသာစကားဖြင့် ခမိုနတ်ကျောင်းဟူသည့်အသုံးဖြင့် ရည်ညွှန်းလေ့ရှိသည်။ ဤနတ်ကျောင်းများသည် ရိုးရာအစဉ်အလာအရ ကျိုတိုမြို့ရှိ ခမိုနတ်ကျောင်းများနှင့် ပတ်သက်မှုများ ရှိသည်။ ခမိုနတ်ကျောင်းများသည် ကျိုတိုမြို့ကို မကောင်းသည့်အနာရောဂါများကျရောက်ခြင်းမှ ကာကွယ်ပေးသည်။[၃][၄]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- Geheiden
- Nara-no-ogawa
- Kita-shinsenjo
- Tatesuna & Saiden
- Hashiden
- Vestige of primeval forest
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Kamigamo Shrine website 2017-10-23 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kyoto Prefectural Government Tourism Division: Kamigamo 2009-08-28 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .; Iwao, Seiichi et al. (2002). Dictionnaire historique du Japon, p. 1712.
- ↑ Richard, Ponsonby-Fane. (1964) Visiting Famous Shrines in Japan, pp. 119–175.
- ↑ Terry, Philip. (1914). Terry's Japanese empire, p. 479.
- ↑ Miyazaki, Makoto. "Lens on Japan: Defending Heiankyo from Demons," 2011-03-21 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Daily Yomiuri. December 20, 2005.