ခဖွန်းရှော

ခဖွန်းရှော (花粉症, kafunshō; "pollen illness") ဆိုသည်မှာ ဂျပန်နိုင်ငံတွင် ပန်းဝတ်မှုန်များကြောင့်ဖြစ်ပွာသည့် အဖျားရောဂါဖြစ်သည်။ အထူးသဖြင့် ဆုဂိဟုခေါ်သည့် သစ်ပင်မှထွက်သည့် ပန်းဝတ်မှုန်များကြောင့် ဖြစ်သည်ကများသည်။ ဂျပနနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် ပန်းဝတ်မှုန်ကြောင့်ဖြစ်ပွားသည့် ဖျားနာမှုသည် ၃၈.၈ ရာခိုင်နှုန်းနှင့် အချို့ဖျားနာမှုပုံစံများကြောင့် ဖျားနာမှုသည် ၄၂.၅ ရာခိုင်နှုန်း ရှိခဲ့သည်။[၁]
ဖြစ်ပွားမှု
[ပြင်ဆင်ရန်]ဓာတ်မတည့်မှုကြောင့်ဖြစ်ပွားမှုသည် ၁၉၆၀ ခုနှစ်အစောပိုင်းကာလမတိုင်မီအထိ ပုံမှန်ဖြစ်လေ့ရှိသည့် အဖျားရောဂါတစ်ခု မဟုတ်ခဲ့ပေ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်တွင် သစ်တော်များကို ပုံမှန်အတိုင်းထိန်းသိမ်းရန် ပေါ်လစီများ ချမှတ်ခဲ့သည်။ ထို့အတွက်ကြောင့် ဂျပန်နိုင်ငံရှိ တောတောင်များတွင် ထင်းရှူးပင်များသည် များပြားလာခဲ့သည်။ ထိုထင်ရှူးပင်များသည် ကြီးရင့်သည့်အရွယ်ရောက်သည့်အခါတွင် များစွာသော ပန်းဝတ်မှုန်များစွာကို ထုတ်လွှတ်ကြသည်။ နှစ်သက်တမ်း ၃၀ နှင့်အထက် အပင်များ၏ ပန်းဝတ်မှုထုတ်လွှတ်မှုသည် ပမာဏအများဆုံး ဖြစ်သည်။ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် ဂျပန်နိုင်ငံ၏ စီးပွားရေးသည် တိုးတက်လာခဲ့ပြီး ပြည်ပမှတင်သွင်းသည့် ဈေးပေါသည့်ဆောက်လုပ်ရေးပစ္စည်းများကြောင့် ပြည်တွင်းရှိ ထင်းရှူးမှထုတ်လုပ်သည့်ပစ္စည်းများ အသုံးပြုမှုသည် လျော့ကျလာခဲ့သည်။ ထို့ကြောင့် သစ်တောများသည် ထူထပ်သိပ်သည်းလာခဲ့ပြီး သက်တမ်းရင့်သစ်ပင်များလည်း တိုးပွားလာကာ ပန်းဝတ်မှုထုတ်လုပ်မှုလည်း မြင့်မားလာသဖြင့် ပန်းဝတ်မှုကြောင့် ဓာတ်မတည့်သဖြင့် ဖြစ်ပွားသည့် အဖျားရောဂါလည်း ဖြစ်ပွားလာခဲ့သည်။[၂]
ပန်းဝတ်မှုန်ရာသီ
[ပြင်ဆင်ရန်]အခြားသော လေတိုက်နှုန်းနှင့် မြေပြင်အခြေအနေများအပေါ်တွင်လည်း အနည်းငယ်မူတည်ကာ ပန်းဝတ်မှုန်းများ ထုတ်လွှတ်မှုသည် နေ့စဉ်ပျမ်းမျှအပူချိန်သည် ၁၀ ဒီဂရီရောက်ရှိသည့်အခါတွင် စတင်သည်။ ချယ်ရီပန်းပွင့်သည့်ရာသီကဲ့သို့ပင် ဂျပန်တွင်လည်း ပန်းဝတ်မှုများသည် တောင်ဘက်မှ မြောက်ဘက်သို့ ဂျပန်နိုင်ငံတစ်လျှောက် ပျံ့နှံ့သည်။ နိမ့်ရာအရပ်မှ မြင့်ရာအရပ်သို့ နွေဦးရာသီတွင် ပျံ့နှံ့လျက်ရှိသည်။ နိုင်ငံ၏ အနောက်ပိုင်းနှင့် အရှေ့ပိုင်းရှိဒေသများ (တိုကျိုနျ်င့ ခန်းတိုးဒေသအပါအဝင်) တွင် ပန်းဝတ်မှုန်ဓာတ်မတည့်မှုကြောင့်ဖြစ်သည့် အဖျားရောဂါသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအလယ်တွင် ဖြစ်ပွားလေ့ရှိသည်။ ထိုဒေသများတွင် ပန်းဝတ်မှုန်ထုတ်လွှတ်မှုသည် မတ်လ ဒုတိယလဝက်မှ ဧပြီလ ပထမလဝက်အထိ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသည်။ ထိုကာလပြီးနောက် ၆ ပတ်မှ ၈ ပတ်အကြာတွင် ပန်းဝတ်မှုန်ထုတ်လွှတ်မှုသည် ကျဆင်းသွားသည်။
မီဒီယာအချက်အလက်များ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ သတင်းမီဒီယာများတွင်လည်း ပန်းဝတ်မှုန်များပျံ့လွင့်သည့်ရာသီတွင် ကြိုတင်ခန့်မှန်းမှုများကို ထုတ်ပြန်ကြေညာလေ့ရှိသည်။ ဂျပန်နိုင်ငံရာသီဥတုအဖွဲ့ (JWA) နှင့် ဂျပန်နိုင်ငံမိုးလေဝသတင်းဌာနတို့သည် နိုင်ငံတစ်ဝန်းရှိ ပန်းဝတ်မှုန်ပျံ့လွင့်သည့်နှုန်းကို အသေးစိတ်အချက်အလက်များဖြင့် ဖော်ပြလေ့ရှိသည်။ ထို့အပြင် ဤရာသီတွင် နာရီအလိုက် သို့မဟုတ် ရက်အလိုက် အချက်အလက်များကိုလည်း ထုတ်ပြန်လေ့ရှိသည်။ ထို့အပြင် JWA သည် လာမည့်နှစ်အတွက် ကြိုတင်ခန့်မှန်းချက်များကိုလည်း ထုတ်ပြန်သည်။ ပန်းဝတ်မှုန်များ ပျံ့လွင့်မှု အနိမ့်အမြင့်သည် အထူးသဖြင့် ပြီးခဲ့သည့် နွေ၇ဦသီကာလရာသီဥတုအပေါ်တွင် မူတည်သည်။ နွေရာသီကာလသည် အပူချိန်မြင့်မားပြီး ကာလကြာရှည်ပါက လာမည့်နွေဦးရာသီတွင် ပန်းဝတ်မှုန်ထုတ်လွှတ်မှုသည် မြင့်မားသည်။ ထို့အပြင် JWA သည် ကာလရှည် ထုတ်ပြန်ခန့်မှန်းချက်များကိုလည်း ပြလုပ်လေ့ရှိပြီး ပြီးခဲ့သည့် ၁၀ နှစ်တာကာလနှင့် နှိုင်းယှဉ်ကာ လာမည့်နှစ်အတွက် ခန့်မှန်းချက်များကို ပြုလုပ်လေ့ရှိသည်။
စီးပွားရေးဆိုင်ရာ
[ပြင်ဆင်ရန်]ပန်းဝတ်မှုများ ပျံ့လွင့်သည့်ရာသီတွင် လူအများဖျားနာခြင်းမှ ကာကွယ်ရန် ဂျပန်နိုင်ငံတစ်ဝန်းတွင် အမျိုးမျိုးသော ဝန်ဆောင်မှုများ၊ အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ကာ ရောင်းချကြသည်။ ပန်းဝတ်မှုများ ကာကွယ်ပေးသည့် မျက်နှာပြင်ချောမွေ့သည့် ကုတ်အင်္ကျီများ၊ နှာခေါင်းစွပ်များ၊ မျက်မှန်များ၊ ဆေးဝါးကုသမှုများ၊ အဲယားကွန်းသုံး ပန်းဝတ်မှုန်စစ်ထုတ်ကိရိယာများနှင့် ပြတင်းပေါက်များကဲ့သို့သောအိမ်အသုံးအဆောင်ပစ္စည်းများ စသည်တို့ကို ရောင်းချကြသည်။ ထို့အပြင် ပန်းဝတ်မှုန်ထုတ်လွှတ်မှု နည်းပါးသည့် အိုကီနာဝါနှင့် ဟော့ကိုင်းဒိုးကဲ့သို့ေသာ နေရာများသို့ ပန်းဝတ်မှုန်ကြောင့်ဖြစ်ပွားသည့် ဖျားနာမှုကို ရှောင်ရှားနိုင်မည့် ခရီးထွက်ခြင်းမျိုးကဲ့သို့ေသာ ခရီးသွားလာရေး ဝန်ဆောင်မှုများလည်း ရှိသည်။ ထို့အပြင် အချို့သော ဂျပန်လူမျိုးများသည် လေဆာဖြင့်ကုသသည့် ကုထုံးဖြင့် ပန်းဝတ်မှုန်ကြောင့် ထိခိုက်လွယ်သည့် နှာခေါင်းကဲ့သို့သော အစိတ်အပိုင်းများကို ကုသမှုများ ပြုလုပ်ကြသည်။
အစိုးရ၏ တုံ့ပြန်မှုများ
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Weathernews Japan Pollen Channel (in ဂျပန်)
- JWA pollen channel on tenki.jp (in ဂျပန်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Ministry of the Environment။ 26 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 March 2023 တွင် ပြန်စစ်ပြီး။
- ↑ Yahoo Japan hay fever column 5302 detailing history of postwar cryptomeria forests 2014-03-30 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (in ဂျပန်)