ခနဂဝခရိုင်
| ခနဂဝခရိုင် 神奈川県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 神奈川県 | ||
| • Rōmaji | Kanagawa-ken | ||
Panoramic view of Mount Fuji and Lake Ashi | |||
| |||
| အထိမ်းအမှတ်သီချင်း: Hikari arata ni | |||
| ကိုဩဒိနိတ်: 35°26′51.03″N 139°38′32.44″E / 35.4475083°N 139.6423444°Eကိုဩဒိနိတ်: 35°26′51.03″N 139°38′32.44″E / 35.4475083°N 139.6423444°E | |||
| Country | |||
| Region | Kantō | ||
| Island | Honshu | ||
| Capital | Yokohama | ||
| Subdivisions | Districts: 6, Municipalities: 33 | ||
| အစိုးရ | |||
| • Governor | Yūji Kuroiwa (since April 2011) | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၂,၄၁၅.၈၃ စတုရန်းကီလိုမီတာ (၉၃၂.၇၆ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 43rd | ||
| အမြင့်ဆုံး နေရာ (Mount Hiru) | ၁၆၇၅ မီတာ (၅၄၉၅ ပေ) | ||
| လူဦးရေ (February 29, 2020) | |||
| • စုစုပေါင်း | ၉,၂၀၁,၈၂၅ | ||
| • အဆင့် | 2nd | ||
| • သိပ်သည်းမှု | ၃,၇၇၀/km၂ (၉၈၀၀/sq mi) | ||
| • Dialect | Kanagawa dialect | ||
| GDP[၁] | |||
| • Total | JP¥35,159 billion US$259.7 billion (2022) | ||
| ISO 3166 ကုဒ် | JP-14 | ||
| ဝဘ်ဆိုက် | pref.kanagawa.jp | ||
ခနဂဝခရိုင် (神奈川県, ခနဂဝခန်း[၂]) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ခန်းတိုးဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။[၃] ခနဂဝခရိုင်သည် ဂျပန်နိုင်ငံ၏ ဒုတိယမြောက်လူဦးရေအထူထပ်ဆုံးခရိုင် ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လူဦးရေ ၉,၂၂၁,၁၂၉ ဦး ရှိသည်။ တတိယမြောက်လူနေမှုအသိပ်သည်းဆုံးခရိုင်ဖြစ်ကာ တစ်စတုရန်းကီလိုမီတာလျှင် လူ ၃,၈၀၀ ဦး နေထိုင်ကြသည်။ ဧရိယာ ၂,၄၁၅ စတုရန်းကီလိုမီတာ (၉၃၂ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ခနဂဝခရိုင်သည် မြောက်ဘက်တွင် တိုကျိုမြို့၊ အနောက်မြောက်ဘက်တွင် ယမနရှိခရိုင်၊ အနောက်ဘက်တွင် ရှိဇုအိုခခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ယောခိုဟမမြို့သည် ခရိုင်မြို့တော်ဖြစ်ပြီး ခရိုင်ရှိ မြို့များထဲတွင် အကြီးဆုံးမြို့လည်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဒုတိယမြောက်အကြီးဆုံးမြို့ ဖြစ်သည်။ ခရိုင်ရှိ အခြားအဓိကမြို့များမှာ ခဝဆခိမြို့၊ ဆဂမိဟရမြို့နှင့် ဖုဂျိဆဝမြို့တို့ ဖြစ်သည်။ ခနဂဝခရိုင်သည် ဂျပန်နိုင်ငံ၏ အရှေ့ဘက်ပစိဖိတ်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ခနဂဝခရိုင်သည် "ကြီးမားသည့် တိုကျိုမြို့ပြဧရိယာ" ထဲတွင် ပါဝင်သည်။ ဤမြို့ပြဧရိယာသည် ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာ ဖြစ်သည်။[၄][၅] ကမာကူရခေတ်ကာလတွင် ခနဂဝခရိုင်သည် ဂျပန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတို့တွင် အချက်အချာနေရာ ဖြစ်ခဲ့သည်။ တိုကျိုဒေသတွင် ခနဂဝခရိုင်သည် ခရီးသွားများအကြား ထင်ရှားသည့်နေရာ ဖြစ်သည်။ ကမာကူရမြို့နှင့် ဟခိုနဲမြို့တို့သည် အထူးထင်ရှားသည့် ခရီးသွားနေရာနှစ်ခု ဖြစ်သည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ခနဂဝခရိုင်သည် ခန်းတိုးလွင်ပြင်၏ အရှေ့တောင်ထောင့်တွင်ရှိသည့် အလွန်သေးငယ်သည့် ခရိုင်တစ်ခု ဖြစ်သည်။ ခရိုင်သည် မြောက်ဘက်တွင် တိုကျိုမြို့၊ အနောက်မြောက်ဘက်တွင် ဖူဂျီတောင်ခြေနှင့် တောင်ဘက်တွင် ဆဂမိပင်လယ်အော်၊ အရှေ့ဘက်တွင် တိုကျိုပင်လယ်အော်တို့ ရှိသည်။ ခရိုင်၏ အရှေ့ဘက်ခြမ်းသည် ပြန့်ပြူးသဖြင့် လူနေမြို့ထူထပ်စွာ တည်ရှိသည်။ ၎င်းနေရာတွင် ယောခိုဟမမြို့နှင့် ခဝဆခိမြို့ စသည့် ကြီးမားသည့်ဆိပ်ကမ်းမြို့များ တည်ရှိသည်။
မြို့များ
[ပြင်ဆင်ရန်]
Government Ordinance Designated City City Town Village
ခနဂဝခရိုင်တွင် မြို့ (၉) မြို့ တည်ရှိသည်။ ၎င်းတို့မှာ -
| Name | Area (km2) | Population | Map | |
|---|---|---|---|---|
| Rōmaji | Kanji | |||
| 厚木市 | 93.83 | 223,960 | ||
| 綾瀬市 | 22.28 | 83,709 | ||
| 茅ヶ崎市 | 35.71 | 242,798 | ||
| 海老名市 | 26.59 | 141,276 | ||
| 藤沢市 | 69.57 | 439,728 | ||
| 秦野市 | 103.76 | 163,787 | ||
| 平塚市 | 67.88 | 257,316 | ||
| 伊勢原市 | 55.56 | 101,415 | ||
| 鎌倉市 | 39.67 | 172,929 | ||
| 川崎市 | 143.01 | 1,538,262 | ||
| 南足柄市 | 77.12 | 40,947 | ||
| 三浦市 | 32.05 | 44,132 | ||
| 小田原市 | 113.79 | 185,027 | ||
| 相模原市 | 328.91 | 723,470 | ||
| 大和市 | 27.09 | 244,113 | ||
| 横浜市 | 437.38 | 3,769,595 | ||
| 横須賀市 | 100.81 | 373,797 | ||
| 座間市 | 17.58 | 130,667 | ||
| 逗子市 | 17.34 | 58,087 | ||
မြို့ငယ်များနှင့် ရွာများ
[ပြင်ဆင်ရန်]
ဒေသတစ်ခုချင်းစီတွင် တည်ရှိနေသည့် မြို့ငယ်များနှင့် ရွာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
| Name | Area (km2) | Population | District | Map | |
|---|---|---|---|---|---|
| Rōmaji | Kanji | ||||
| 愛川町 | 34.29 | 39,763 | Aikō District | ||
| 箱根町 | 92.82 | 10,837 | Ashigarashimo District | ||
| 葉山町 | 17.06 | 32,961 | Miura District | ||
| 開成町 | 6.56 | 18,335 | Ashigarakami District | ||
| 清川村 | 71.29 | 2,858 | Aikō District | ||
| 真鶴町 | 7.02 | 7,061 | Ashigarashimo District | ||
| 松田町 | 37.75 | 10,514 | Ashigarakami District | ||
| 中井町 | 20.02 | 9,155 | Ashigarakami District | ||
| 二宮町 | 9.08 | 27,334 | Naka District | ||
| 大井町 | 14.41 | 17,146 | Ashigarakami District | ||
| 大磯町 | 17.18 | 31,262 | Naka District | ||
| 寒川町 | 13.42 | 48,679 | Kōza District | ||
| 山北町 | 224.70 | 9,878 | Ashigarakami District | ||
| 湯河原町 | 40.99 | 23,267 | Ashigarashimo District | ||
ဒေသပေါင်းစပ်မှု
[ပြင်ဆင်ရန်]လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% p.a. |
| 1890 | ၉၇၉၇၅၆ | — |
| 1903 | ၁၀၅၁၄၃၃ | +0.54% |
| 1913 | ၁၂၂၈၂၅၄ | +1.57% |
| 1920 | ၁၃၂၃၃၉၀ | +1.07% |
| 1925 | ၁၄၁၆၇၉၂ | +1.37% |
| 1930 | ၁၆၁၉၆၀၆ | +2.71% |
| 1935 | ၁၈၄၀၀၀၅ | +2.58% |
| 1940 | ၂၁၈၈၉၇၄ | +3.53% |
| 1945 | ၁၈၆၅၆၆၇ | −3.15% |
| 1950 | ၂၄၈၇၆၆၅ | +5.92% |
| 1955 | ၂၉၁၉၄၉၇ | +3.25% |
| 1960 | ၃၄၄၃၁၇၆ | +3.35% |
| 1965 | ၄၄၃၀၇၄၃ | +5.17% |
| 1970 | ၅၄၇၂၂၄၇ | +4.31% |
| 1975 | ၆၃၉၇၇၄၈ | +3.17% |
| 1980 | ၆၉၂၄၃၄၈ | +1.59% |
| 1985 | ၇၄၃၁၉၇၄ | +1.43% |
| 1990 | ၇၉၈၀၃၉၁ | +1.43% |
| 1995 | ၈၂၄၅၉၀၀ | +0.66% |
| 2000 | ၈၄၈၉၉၇၄ | +0.59% |
| 2005 | ၈၇၉၁၅၉၇ | +0.70% |
| 2010 | ၉၀၄၈၃၃၁ | +0.58% |
| 2015 | ၉၀၅၈၀၉၄ | +0.02% |
| source:[၆] | ||
၁၉၄၅ ခုနှစ်တွင် ခနဂဝခရိုင်၏ လူဦးရေသည် ၁.၉ သန်းရှိပြီး ဂျပန်နိုင်ငံတွင် ၁၅ ခုမြောက် လူဦးရေအများ ခရိုင်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်တွင် ခရိုင်သည် "ကြီးမားသည့် တိုကျိုမြိုပြဧရိယာ" ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် လျင်မြန်စွာ မြို့ပြများ ဖြစ်ထွန်းလာခဲ့သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ခရိုင်လူဦးရေသည် ၉.၁ သန်း ရှိမည်ဟု ခန့်မှန်းကြသည်။[၇] ၂၀၀၆ ခုနှစ်တွင် ခနဂဝခရိုင်သည် ဒုတိယမြောက်လူဦးရေအများဆုံး ခရိုင်ဖြစ်ခဲ့သည်။
ပွဲတော်များနှင့် အခမ်းအနားများ
[ပြင်ဆင်ရန်]
ထင်ရှားသည့်နေရာများ
[ပြင်ဆင်ရန်]နိုင်ငံတကာဆက်ဆံရေး
[ပြင်ဆင်ရန်]ခနဂဝခရိုင်သည် အောက်ဖော်ပြပါ မြို့များနှင့် ညီအစ်မဆက်ဆံရေးကို ထူထောင်ထားသည်။[၁၀]
Maryland, United States (1981)
Liaoning Province, China (1983)
Odesa Oblast, Ukraine (1986)
Baden-Württemberg, Germany (1989)
Gyeonggi Province, Republic of Korea (1990)
Queensland, Australia (1990)
Penang, Malaysia (1991)
Västra Götaland County, Sweden (1998)
Aguascalientes, México (2013)[၁၁]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Kanagawa Prefecture Official Website (in ဂျပန်)
- Kanagawa Prefecture Tourism Website 30 August 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (in အင်္ဂလိပ်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kanagawa Prefecture Resident Economic Accounts for Fiscal Year 2021 (in ja)။ 2024-10-18 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ Nussbaum, Louis-Frédéric (2005). "Kanagawa" in Japan Encyclopedia, p. 466, p. 466, at Google Books; "Kantō" in p. 479, p. 479, at Google Books.
- ↑ Cutmore၊ James (5 December 2024)။ Top 14 largest cities in the world။ BBC Science Focus။ 15 November 2025 တွင် ပြန်စစ်ပြီး။
- ↑ The world’s largest city is a futuristic paradise. But some things stay stuck in the past။ CNN (7 June 2023)။ 15 November 2025 တွင် ပြန်စစ်ပြီး။
- ↑ Statistics Bureau Home Page။
- ↑ 神奈川県人口統計調査公表資料 (အစီရင်ခံစာ)။ 2014။ 2014-10-13 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။
- ↑ 小田原市 | 第61回小田原北條五代祭り (in ja)။ 2026-02-24 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ 5月3日 北條五代祭り | イベント-年間一覧 | リトルトリップ小田原 [小田原市観光協会]။ 4 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2026 တွင် ပြန်စစ်ပြီး။
- ↑ Friendly/Sister Affiliations of Kanagawa Prefecture and the Municipalities: Kanagawa။ Kanagawa Prefectural Government (February 1, 2016)။ July 19, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 17, 2016 တွင် ပြန်စစ်ပြီး။
- ↑ Memorándum de Entendimiento entre el Estado de Aguascalientes, de los Estados Unidos Mexicanos, y el Gobierno de la Prefectura de Kanagawa, Japón.။ 2017-12-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-12-04 တွင် ပြန်စစ်ပြီး။