မာတိကာသို့ ခုန်သွားရန်

ခဆွတ်ခရဲ

ဝီကီပီးဒီးယား မှ
ခဆွတ်ခရဲ
Katsu curry
Katsu curry with salad
အခြားအမည်များKatsukarē
အဓိကသုံးဆောင်မှုMain
မူရင်းနိုင်ငံJapan
တီထွင်ခြင်း1918 or 1921 or 1948
အဓိက ပါဝင်ပစ္စည်းTonkatsu, Japanese rice, Japanese curry
[[wikibooks:Special:Search/Cookbook: ခဆွတ်ခရဲ
Katsu curry|Cookbook: ခဆွတ်ခရဲ
Katsu curry]]  [[commons:Special:Search/ခဆွတ်ခရဲ
Katsu curry|Media: ခဆွတ်ခရဲ
Katsu curry]]

ခဆွတ်ခရဲ (カツカレー) သည် ဂျပန်လူမျိုးတို့၏ စားစရာတစ်မျိုးဖြစ်သည်။ ထမင်းနှင့်အတူ "တွန်ခဆွတ်" ဝက်သားကြော်၊ ခရဲဟင်းရည်တို့ ပါဝင်သည်။ ၎င်းကို ပုံမှန်အားဖြင့် ပန်းကန်ပြားအကြီးတွင်ထည့်ကာ ဇွန်း သို့မဟုတ် ခက်ရင်းဖြင့် စားလေ့ရှိကြသည်။ ဝက်သားကြော်ကို ဓားဖြင့်လှီးကာ အပိုင်းများပိုင်းပြီး ထမင်းပေါ်တွင် ပုံထားကြသည်။[]

ခဆွတ်ခရဲကို အဓိကဟင်းလျာအနေဖြင့် စားကြသည်။ ၎င်းနှင့်အတူ တွဲဖက်၍ စားကြသည်မှာ ဖုခုဂျင်းဇွတ်ခဲ (fukujinzuke) ဖြစ်သည်။ ဂျပန်နိုင်ငံတွင်ရှိသည့် စားသောက်ဆိုင်များတွင် ခရဲနှင့်အတူ ခဆွတ်၊ အသားအမျိုးမျိုးကို ထည့်သွင်းကာ ပြင်ဆင်ကြသည်လည်း ရှိသည်။ တစ်ခါတစ်ရံ ဝက်သားကြော်အစား ကြက်သားကို ထည့်သွင်းအသုံးပြုသည်လည်း ရှိသည်။ []

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံတွင် ခဆွတ်ခရဲကို စတင်ရောင်းချခဲ့ကြသည့် စားသောက်ဆိုင်သုံးခု ရှိသည်ဟု ဆိုကြသည်။ ပထမအဆိုမှာ တိုကျိုမြို့၊ အဆခုဆ၊ ယောရှောခုယတိုင်းတွင် ရှိသည့် ခဝခင် (河金) ဟု အမည်ရှိသည့်ဆိုင်ဖြစ်ပြီး ၁၉၁၈ ခုနှစ်တွင် စတင်ရောင်းချခဲ့သည်။ ဒုတိယအနေဖြင့် တိုကျိုမြို့၊ ရှင်ဂျုခုတွင်ရှိသည့် အနောက်တိုင်းဟင်းလျာများရောင်းချသည့် အိုးရိုဂျိ Ōroji (王ろじ) ဟူသည့်ဆိုင်ဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် ရောင်းချခဲ့သည်။ တတိယအနေဖြင့်မူ တိုကျိုမြို့၊ ဂင်ဇာတွင် ရှိသည့် "ဂင်ဇာဆုအိဆု" Ginza Swiss [ja] (銀座スイス) ဟု အမည်ရှိသည့်ဆိုင်ဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် ရောင်းချခဲ့သည်။[][][]

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. The U.K. Thinks Japanese curry is katsu curry, and people aren't happy about it (12 February 2020)။ 2021-05-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. https://www.joe.co.uk/food/mcdonalds-announces-new-chicken-katsu-wrap-in-new-menu-lineup-469005
  3. Kazuhiro Ono (2007). Karē hōrōki (カレー放浪記), p.258. Soshinsya. ISBN 978-4480434654
  4. You must specify title = and url = when using {{cite web}}. (in ja)။ Predident Inc. (27 January 2020)။ 1 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 February 2024 တွင် ပြန်စစ်ပြီး။
  5. Tagami, Yoko. "Savor Ginza Swiss' Original Katsu Curry - Since 1947". Matcha (2017–10–03).