ခဆတောင်
ပုံပန်းသွင်ပြင်
| ခဆတောင် | |
|---|---|
| 笠ヶ岳 | |
Mount Kasa from Mount Yari | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၂,၈၉၇.၄၈ m (၉,၅၀၆.၂ ft)[၁] |
| စာရင်းသွင်းခြင်း | List of mountains in Japan 100 Famous Japanese Mountains |
| ကိုဩဒိနိတ် | 36°18′55″N 137°37′00″E / 36.31528°N 137.61667°Eကိုဩဒိနိတ်: 36°18′55″N 137°37′00″E / 36.31528°N 137.61667°E[၂] |
| အမည်ပေးခြင်း | |
| ဘာသာစကား | Japanese |
| အသံထွက် | ja |
| ပထဝီဝင် | |
| ပင်မတောင်တန်း | Hida Mountains |
| မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geospatial Information Authority 25000:1 笠ヶ岳[၂] 50000:1 上高地 |
| တောင်တက်ခြင်း | |
| ပထမဆုံး တက်ရောက်ခြင်း | 1683(Enkū) |
| အလွယ်ဆုံး တောင်တက်လမ်း | Hike |
ခဆတောင် (笠ヶ岳, Kasa-ga-take) သည် ဂျပန်နိုင်ငံ၊ ဂျိဖုစီရင်စုတွင် တည်ရှိသည့် ဟိဒတောင်တန်များထဲတွင် ပါဝင်သည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ချူးဘု - ဆန်းဂခုအမျိုးသားဥယျာဉ်အတွင်း တည်ရှိသည်။ အမြင့် ၂၈၉၇ မီတာ (၉၅၀၅ ပေ) မြင့်သည်။ ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရသည်။ ဤတောင်၏ ပုံသဏ္ဌာန်သည် ထီး နှင့်ဆင်တူသည့် တြိဂံ ပုံစံ ရှိသည်။ ထို့အတွက် တောင်၏ အမည်ကို ထီးဟု အဓိပ္ပါယ်ရှိသည့် "ခဆ" ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် "ခဆ" ဟူသည့်အမည်ရှိသည့် တောင်များစွာရှိပြီး ထိုအထဲတွင် ဤတောင်သည် အမြင့်ဆုံး ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]- ၁၆၈၃ ခုနှစ် - ဗုဒ္ဓဘာသာရဟန်းတော် အန်းခူး (Enku) သည် တောင်ပေါ်သို့ စတင်တက်ရောက်ခဲ့သည်။
- ၁၈၂၃ ခုနှစ် - ဗုဒ္ဓဘာသာရဟန်းတော် ဘန်းရူး သည် တောင်ထိပ်သို့တက်ရောက်ခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် တောင်ထိပ်တွင် ကြေးဖြင့်ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ထားရှိခဲ့သည်။
- ၁၈၉၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက် - အင်္ဂလိပ်လူမျိုး ဝေါ်တာဝက်စတန် (Walter Weston) သည် တောင်ထိပ်သို့ တက်ရောက်ခဲ့သည်။
- ၁၉၁၃ ခုနှစ်၊ ဩဂုတ်လ - အုဆုအိခိုဂျိမ (Usui Kojima) သည် တောင်ထိပ်သို့ တက်ရောက်ခဲ့သည်။
- ၁၉၃၂ ခုနှစ် - တောင်ပေါ်တွင်တည်းခိုရန်တဲငယ် "ခဆတောင်ပေါ်တဲငယ်" (笠ヶ岳山荘) ကို တောင်ထိပ်အနီးအနားတွင် တည်ဆောက်ခဲ့သည်။
- ၁၉၃၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် - ထိုဒေသဧရိယာကို "ချူးဘု - ဆန်းဂခုအမျိုးသားဥယျာဉ်" တွင် ပါဝင်သည်ဟု သတ်မှတ်ခဲ့သည်။
တောင်တက်ခြင်း
[ပြင်ဆင်ရန်]တောင်တက်လမ်းများ
[ပြင်ဆင်ရန်]
တောင်ပေါ်သို့တက်ရောက်ရန် အဓိကတောင်တက်လမ်း (၃) ခု ရှိသည်။ ၎င်းတို့မှာ -[၃][၄]
- Kasa-shin-dō
- Shin-Hotaka Onsen (新穂高温泉) – Mount Nukedo – Kasa Mountain Cottage – Mount Kasa
- Valley Kuriya
- Nakao-Kōgen-guchi (中尾高原口) – Valley Kuriya – Mount Kasa
- Traverses Route of Northern Japanese Alps (Hida Mountains) from north side
- Mount Sugoroku – Mount Yumiori – Mount Nukedo – Kasa Mountain Cottage – Mount Kasa
ရုပ်ပုံများ
[ပြင်ဆင်ရန်]- နုခဲဒိုတောင်မှ မြင်ရသည့် ဆခတောင်
- ဆခတောင်ကို တောင်ဘက်မှ မြင်ရပုံ
- ခုရအိတောင်မှ မြင်ရသည့် ဆခတောင်
- ဆုအိရှောတောင်မှ မြင်ရသည့် ဆခတောင်နှင့် ဟိဒတောင်တန်းများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Information inspection service of the Triangulation station။ Geospatial Information Authority of Japan,(高山-上高地-笠ヶ岳)။ June 9, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 1, 2010 တွင် ပြန်စစ်ပြီး။
- 1 2 Map inspection service။ Geospatial Information Authority of Japan,(高山-上高地-笠ヶ岳)။ 11 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 1, 2010 တွင် ပြန်စစ်ပြီး။
- ↑ Alpen guide Kamikōchi, Mount Yari and Mount Hotaka (アルペンガイド)။ YAMA-KEI Publishers။ 2000။ ISBN 4-635-01319-7။
- ↑ Mountain and plateau map, Mount Yari, Mount Hotaka and Kamikōchi (山と高原地図)။ Shobunsha Publications။ 2010။ ISBN 978-4-398-75717-3။