ဘာမထီခင်အောင်

ဝီကီပီးဒီးယား မှ
(ခင်အောင်၊ ဘာမထီ (ရွှေဘို) မှ ပြန်ညွှန်းထားသည်)
ဘာမထီခင်အောင် (ရွှေဘို)
မွေးဖွားခင်အောင်
(1938-01-02)ဇန်နဝါရီ ၂၊ ၁၉၃၈
ရွှေဘိုမြို့
နိုင်ငံလူမျိုး မြန်မာ
ပညာရေးဒသမတန်း
အလုပ်အကိုင်လက်ဝှေ့ကျော်စာရေးဆရာ
ကျော်ကြားမှုအရင်းခံလက်ဝှေ့ကျော်စာရေးဆရာ
ထင်ရှားသည့်
လုပ်ဆောင်မှု
ပြည်တွင်းအားနှင့်အတူ လက်ရွေးစင် ဆောင်းပါးများ (၂၀၀၀)၊ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှ သခင်မျိုးဟေ့ ဒို့ဗမာ (၂၀၀၁)၊ ကမ္ဘာ့လက်ဝှေ့လောကမှ သုတအဖြာဖြာ (၂၀၀၄)
အိမ်ထောင်ဖက်(များ)ကွယ်လွန်
သားသမီးသား(၁)ဦး၊ သမီး(၂)ဦး
မိဘ(များ)ဦးဖေခင် + ဒေါ်သန်းမေ
ရရှိသည့်ဆုများလက်ဝှေ့ပွဲပေါင်း ၇၄ ပွဲအနက် ၆၃ ပွဲ အနိုင် ရရှိခဲ့။ ချန်ပီယံဘွဲ့ ၁၃ ဘွဲ့ ရရှိခဲ့။

ရွှေဘိုဘာမထီခင်အောင် (၂ ဇန်နဝါရီ ၁၉၃၈ မွေးဖွား) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် လက်ဝှေ့အားကစားသမားတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးခင်အောင်ဖြစ်ပြီး ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အဖ ဦးဖေခင် (အငြိမ်းစားရဲဝန်) (ခုံသမာဓိမြို့ဝန်)၊ အမိ ဒေါ်သန်းမေေတို့မှ ရွှေဘိုမြို့၌ မွေးဖွားခဲ့သည်။ ဒဿမတန်း အထိ ပညာသင်ကြားခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၁၉၆ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် ဗဟိုစည် သတင်းစာတွင် တရာခံ ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ပါတော်မူနေ့ ဆောင်းပါး ဖော်ပြခံခဲ့ရာမှ စာပေနယ်သို့ ခြေချခဲ့သည်။ ၁၉၆၂-၆၃ ခုနှစ်တွင် လုံးချင်း အချစ်ရသဝတ္ထု သုံးပုဒ်၊ ၁၉၆ဝ မှ ၁၉၉၇ ခုနှစ်အထိ ဆောင်းပါးပေါင်းစုံ ၈၀ဝ ခန့် ရေးသားခဲ့သည်။ ဝတ္ထုတိုပေါင်း ၁၉ဝ မျှ ရေးသားခဲ့ပြီး ဇာတ်ညွှန်း၊ ရေဒီယို ဇာတ်လမ်းဟာသ ရှစ်ပုဒ် ရေးသားထုတ်လွှင့်ခဲ့သည်။

အားကစားသမားဘဝ[ပြင်ဆင်ရန်]

၁၉၅၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ၁၅ နှစ်ကြာ လက်ဝှေ့ထိုးခဲ့ရာ ပွဲပေါင်း ၇၄ ပွဲအနက် ၆၃ ပွဲ အနိုင် ရရှိခဲ့သည်။ ချန်ပီယံဘွဲ့ ၁၃ ဘွဲ့ ဆွတ်ခူးရရှိခဲ့သည်။ သဲအိတ်ကြီး ၆၂ အိတ်ကို ဗလာလက်သီးဖြင့် ထိုးခဲ့သည့် စံချန်ကို မြန်မာနိုင်ငံတွင် တဦးတည်း စံချိန် တင်ထားသည်။ အမျိုးသမီး လက်ဝှေ့သမားများ မွေး၍ ပွဲထုတ်မှုကိုလည်း မြန်မာနိုင်ငံတွင် ရွှေဘိုမြို့ တမြို့တည်း၌ လွန်ခဲ့သော ၃၅ နှစ် ကတည်းက စတင်ခဲ့သည်။

ရွှေဘိုမြို့၊ အမှတ်(၉)ရပ်၊ သက်သာပန်းတောင်းရပ်ကွက်တွင် နေထိုင်လျက်ရှိသည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ပြည်တွင်းအားနှင့်အတူ လက်ရွေးစင် ဆောင်းပါးများ ၂၀၀၀
  2. လက်ဝှေ့ကြိုးဝိုင်းအတွင်းမှ သခင်မျိုးဟေ့ ဒို့ဗမာ ၂၀၀၁
  3. ကမ္ဘာ့လက်ဝှေ့လောကမှ သုတအဖြာဖြာ ၂၀၀၄


ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့, ed. (စက်တင်ဘာ ၂၀၀၈)။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း။ စတုတ္ထတွဲ (ပထမအကြိမ် ed.)။ ရွှေဟင်္သာ စာအုပ်တိုက်။