ခင်သိန်း

ဝီကီပီးဒီးယား မှ
(ခင်သိန်း၊ ဒေါ် (ဒေါက်တာ) မှ ပြန်ညွှန်းထားသည်)
ဒေါက်တာဒေါ်ခင်သိန်း
မွေးဖွား (၁၉၃၇-0၉-0၆) စက်တင်ဘာ ၆၊ ၁၉၃၇ (အသက် ၈၆)
တောင်ကုတ်မြို့၊ ရခိုင်ပြည်နယ်
ပညာရေးဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ပါမောက္ခ၊ ဌာနမှူး
မိဘ(များ)ဦးလှထွန်း၊ ဒေါ်ယဉ်ယဉ်

ဒေါက်တာဒေါ်ခင်သိန်း (၆ စက်တင်ဘာ ၁၉၃၇ မွေးဖွား) သည် အငြိမ်းစား မြန်မာစာ ပါမောက္ခ၊ ဌာနမှူးနှင့် မြန်မာစာအဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါ်ခင်သိန်းကို ၁၉၃၇-ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အဖ ဦးလှထွန်း၊ အမိ ဒေါ်ယဉ်ယဉ်တို့မှ မွေးဖွားသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်ဇာတိ ဖြစ်သည်။ ၁၉၅၄-ခုနှစ်အထိ တောင်ကုတ်အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၄-ခုနှစ်မှ ၁၉၅၆-ခုနှစ်အထိ ကျောက်ဖြူဥပစာကောလိပ်၊ ၁၉၅၆-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၅၉-ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ၁၉ -ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့၊ ၁၉ – ခုနှစ်တွင် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ရရှိသည်။ ဂျာမန်-ဒီပလိုမာ ရရှိခဲ့သည်။

အလုပ်တာဝန်များ[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်၊ ပါဠိဌာနတွင် လက်ထောက်ကထိက၊ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနတွင် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ပါမောက္ခ၊ ဌာနမှူး၊ ရန်ကုန် အရှေ့တိုင်းပညာဌာနတွင် ပါမောက္ခ၊ ဌာနမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၀၆-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခဌာနမှူးတာဝန်မှ အငြိမ်းစားယူခဲ့သည်။ ၂၀၀၇-ခုနှစ်တွင် ပါဠိအကြံပေး၊ အဖွဲ့ဝင်(အချိန်ပိုင်း)တာဝန် ထမ်းဆောင်သည်။ ၂၀၁၂-ခုနှစ်တွင် မြန်မာစာအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ယနေ့အချိန်အထိ မြန်မာစာအဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်လျက် ရှိသည်။ ၂၀၀၃-ခုနှစ်မှ ၂၀၀၉-ခုနှစ်အထိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ခွဲ၌ အဖွဲ့ခွဲခေါင်းဆောင်တာဝန်ကို ဆောင်ရွက်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]