ခင်လှိုင် (ကမ္ဘောဇ)

ဝီကီပီးဒီးယား မှ
(ခင်လှိုင်၊ ကမ္ဘောဇ မှ ပြန်ညွှန်းထားသည်)

ကမ္ဘောဇ ခင်လှိုင်ကို ဦးဘဦး၊ ဒေါ်ရွှေတင့်တို့က ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရှမ်းပြည်နယ် ကျောက်မဲမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးခင်လှိုင်ဖြစ်သည်။ ကျောက်မဲမြို့ Vernacular ခေါ် မြန်မာမြို့ပုံကျောင်းမှ ၁၉၄၄ ခုနှစ်တွင် သတ္တမတန်း အောင်မြင်သည်။ ထို့နောက် တောင်ကြီးမြို့ အစိုးရတန်းမြင့်ကျောင်းမှ အဋ္ဌမတန်းအောင်မြင်သည်။ ၁၉၄၈ ခုနှစ်တွင် မက်ထရစ် စာမေးပွဲအောင်မြင်သည်။ ၁၉၅၅ ခုနှစ်တွင် M.B.B.S (R.G.N)ဘွဲ့ ရရှိခဲ့သည်။

၁၉၅၆ ခုနှစ်တွင် လားရှိုးမြို့ပြည်သူ့ဆေးရုံ ကြီးတွင် လက်ထောက်ဆရာဝန်၊ ၁၉၆၁ ခုနှစ်တွင် မြို့နယ်ဆရာဝန်ကြီး (သီပေါ)၊ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ် အထိ ခရိုင်ဆရာဝန်ကြီး (ကျောက်မဲ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးရားတက္ကသိုလ်မှ ဘွဲ့လွန်ဆေးပညာသင်တန်း (ခွဲစိတ်မှုပညာ) ဘာသာ ရပ်ဘွဲ့၊ ၁၉၆၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အီဒင်ဘာရာဆေးတက္ကသိုလ် F.R.C.S ဘွဲ့များရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက် ခွဲစိတ်ပါမောက္ခ၊ ၁၉၆၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံ အုပ်ကြီး၊ ခွဲစိတ်ကုဆရာဝန်အဖြစ် ပူးတွဲတာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်မဂ္ဂဇင်း တွင် စာညွန့်များ၊ ဆောင်းပါးများ စတင်ရေးသားခဲ့ သည်။ ၁၉၆၈ - ၆၉ ခုနှစ်တွင် 'ခွဲစိတ်ခန်း၏ မီးရောင် အောက်ဝယ်' လုံးချင်းစာအုပ်ထုတေ်ဝခဲ့သည်။ ထို့အပြင် ဆေးပညာရှာ ခရီးသည်တွေ့ကြုံဆုံကွဲ ဘဝခရီး ထဲဆရာဝန်တို့၏ ရှေ့တန်းစစ်မျက်နှာပျော်လိုက် ရွှင်လိုက် ငိုကာရယ်ကာ နှင့် မနားရသောသမား တစ်ဦး၏ ဘဝခရီး (၂၀၀၉) တို့ကိုလည်း ထုတေ်ဝခဲ့ သည်။ ၁၉၇၂ ခုနှစ်တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ 'နယ်ခြားပျော် ဒုက္ခသည်သားချင်းများ ဆီသို့' ဆောင်းပါးရေးသားခဲ့သည်။ 'ကလျာမဂ္ဂဇင်း' ဆေးပညာကဏ္ဍတွင် 'ရောဂါအမျိုးမျိုး ကုသမှုအဖုံဖုံ' ခေါင်းစဉ်ဖြင့် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများ အကြောင်းရေးသားခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လားရှိုးမြို့ ၌ ဘိုးဘွားရိပ်သာကို မçတည်ဆောက်လုပ်လှူဒါန်း ခဲ့သည်။ ကမ္ဘောဇခင်လှိုင်သည် ၂၀၁၀ ပြည့်နှစ် မေလ ၁၂ ရက်နေ့တွင် လားရှိုးမြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ရီနှင့် သားသမီး ခြောက်ဦးကျန်ရစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)