ခင်လေးဆွေ
| ခင်လေးဆွေ | |
|---|---|
| မွေးဖွား | မအမာ ၂၃ ဇူလိုင်၊ ၁၉၃၃ ဒိုက်ဦးမြို့၊ပဲခူး ဗြိတိသျှဘားမား |
| အလုပ်အကိုင် | အနုပညာရှင် |
| တက်ကြွလှုပ်ရှားနှစ်များ | ၁၉၄၉ – လက်ရှိ |
| လက်တွဲဖော်(များ) | မင်းသားကြီး ဦးကျော်ဖေ |
| မိဘ(များ) | ဦးမောင်ချစ် နှင့် ဒေါ်အေးကြည် |
| ရရှိသည့်ဆုများ |
|
ခင်လေးဆွေ (၂၃ ဇူလိုင် ၁၉၃၃ မွေးဖွား) သည် မြန်မာ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၃၃ ခု၊ဇူလိုင် ၂၃ ရက်တွင် ဦးမောင်ချစ်၊ ဒေါ်အေးကြည်တို့က ဒိုက်ဦးမြို့၌ မွေးသည်။ ငယ်အမည်မှာ မအမာ ဖြစ်၏။
အနုပညာခရီး
[ပြင်ဆင်ရန်]ထီဆိုင်စာရေးမဘဝဖြင့် မိတ်ဆွေတဦးဖြစ်သော ဦးနော်၏ ချိတ်ဆက်ပေးမှုကြောင့် ဆွေဗမာဖလင်ပိုင်ရှင် ဒါရိုက်တာ ဦးလွန်းဖေ နှင့် အဆက်အသွယ်ရရှိပြီး ၁၉၄၉ ခုနှစ်တွင် ဆွေဗမာဖလင်နှင့် ၃ နှစ်စာချုပ်ကာ အနုပညာလောကထဲ စတင်ခြေချလာခဲ့သည်။
ဒါရိုက်တာ ဦးလွန်းဖေရိုက်သော မာန်စွယ် ဇာတ်ကားတွင် တင်ညွန့်နှင့်တွဲ၍ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်သည်။
ဒါရိုက်တာ ဦးချစ်ဖေ ၏ ဗုဒ္ဓဂုဏ်ရောင်၊ဒါရိုက်တာ ဦးလွန်းဖေ နှင့် စကြာယာဥ်၊ဘုန်းစက်ရောင်၊ရွှေညှား ၊မှော်ဝိဇ္ဇာ၊အဿကုမ္မာ၊လောကီကြေးမုံ အစရှိသည့် အသံတိတ်၊အသံထွက် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဆွေဗမာဇလင် နှင့် စာချုပ် သက်တမ်းကုန်သည်နောက် ဇာတ်သဘင်အဖွဲ့ ပြဇာတ်များ လိုက်လံကပြခဲ့သည်။ထို့နောက် အေဝမ်းဖလင်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး အော်ယောက်ျား၊တွေးရခက်ကြီး၊ဒေးစွန်ပါ၊နှောင်ကြိုးမေတ္တာကားများ ဆက်လက်ရိုက်ကူးခဲ့သည်။
သူသည် ၁၉၅၆ ခုနှစ်တွင် ထိုင်းနိုင်ငံကုမ္ပဏီတခုနှင့် မြန်မာကုမ္ပဏီ အေဝမ်းတို့ မြန်မာနိုင်ငံတွင် ဖက်စပ်ရိုက်ကူးသော ဗမာ့အချစ် မှော်စံဝင် ဇာတ်ကား၌ ထိုင်းမင်းသားနှင့်တွဲ၍ အမျိုးသမီးဇာတ်ဆောင်နေရာမှ ပါဝင်ခဲ့သည်။၁၉၅၇ ခုနှစ်တွင် မင်းသားကြီးဦးကျော်ဖေ နှင့်အိမ်ထောင်ကျပြီး မာလာဦး ရုပ်ရှင်ကုမ္ပဏီ ထူထောင်သည်။ငါးပွင့်တစ်ခိုင်၊ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ၊ပန်းပန်လျှက်ပါ အစရှိသည့် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ခဲ့သည်။ သူသည် ကျော်ဆွေ၊ တင်ညွန့်၊ ဇေယျ၊ ခင်မောင်ညွန့်၊ ဖိုးပါကြီးတို့နှင့် အတွဲများသည်။
ရုပ်ရှင်လောကမှ ခေတ္တပျောက်ကွယ်သွားပြီးနောက် ဝင်းဦး၏ ဆောင်းအိပ်မက် ဇာတ်ကား၌ ဇာတ်ရံအဖြစ်ပါဝင်ကာ ရုပ်ရှင်လောကသို့ တကျော့ပြန်လာသည်။ဝင်းဦး၏ ဇာတ်ကားအများစုတွင် ဖိုးပါကြီးနှင့်တွဲ၍ ပါဝင်သည်။ယင်းအပြင် သူသည် မှုံရွှေရည်၊တစ်ကျော့နှစ်ကျော့တေးကိုသီ၊ကျောက်မဲအကျဥ်းသား၊တိမ်လွှာမို့မို့လွင် တို့တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။[၂]
မိသားစုဘဝ
[ပြင်ဆင်ရန်]၁၉၅၇ ခုနှစ် တွင် မင်းသား ကျော်ဖေနှင့် လက်ထပ်သည်။
ပါဝင်ခဲ့သော ဇာတ်ကားများ
[ပြင်ဆင်ရန်]- မာန်စွယ်
- ချစ်မုန်တိုင်း
- သမလ-ဝိမလ
- ထားသစ္စာ
- စကြာယာဉ်
- ဒေးစွန်ပါ
- ချစ်ရိပ်မြုံ
- ငါးပွင့်တခိုင်
- မှော်ဝိဇ္ဇာ
- ချစ်မေမေ
- မြို့မဲ့လုင်
- လူယောက်ျား
- ပိုင်ပိုင်နိုင်နိုင်
- ချစ်သဲဒါလီ
- သုံးတောင်ပြည့်ခန်းသာလယ်
- ရွှေမြား
- ဗုဒ္ဓဂုဏ်ရောင်
- လောကီကြေးမုံ
- ဒဿကုမ္မာ
- တွေးရခက်ကြီး
- ယမ်းငွေ့ဝေဝေ
- ယမင်းရွှေစင်
- ရံရွေတော်
- လေနီကြမ်း
- တရားနဲ့ဓါး
- ကုန်းဘောင်ဆက်
- လေးဆူဒီပါ
- ရူပါယဉ်
- လောကလက်ဆောင်
- နှောင်ကြိုးမေတ္တာ
- မောင့်လပြည့်ဝန်း
- စမ်းရေပမာ မိမေတ္တာ
- မရွှေအထက်တန်းစား
- ချစ်လွန်းတင်
- ခြေရာတထောင် မောင်မဲခေါင်
- တကျော့နှစ်ကျော့ တေးကိုသီ
- ဆောင်းအိပ်မက်
- ဪယောက်ျား
- တိမ်လွှာမို့မို့လွင်
- အညံ့ပန်း
- ဝမ်းနဲဝမ်းသာ
- မောင့်အချစ်တော်
- နှင်းပျောက်တဲ့နွေ
- တယူသန်
- ကျောက်မဲအကျဉ်းသား
- တိမ်လှိုင်းပမာ
- ချစ်ပိုင်ဆက်ရာ
- မှုန်ရွှေရည်
- မုန်းပါတယ်မောင့်ကို
- မွန်းဂျန်
- နွေး
- ကညာပျိုနဲ့ဇရာအို
- ရင်ခွင်ဦး
- အသည်းကျော်မလေး
- ဆောင်ချင်အုံးဟဲ့ မင်္ဂလာ
- ဒီကမ္ဘာမှာ ကျွန်တော်အပျော်ဆုံး
- ကျားအသည်းနဲ့ချစ်ရဲသူ
- ပိုးနှင်းဖြူ
- ချစ်သူအောင်ပွဲ ခြိမ့်ခြိမ့်သဲ
- ဒေါနနဲ့စပယ်
- ငွေဆယ်သိန်း၊ လူငါးယောက်နှင့် နန်းကျော့ခိုင်
- မမုန်းလေနဲ့ ငပလီ
- ဘတပြန် ကျားတပြန်
- နေခြည်ဖြာမှ နွေးသောကြောင့်
- မိန်းကလေးရှင်ရဲ့ဆန္ဒ
- ပွမ်ပွမ်မြည်တဲ့ကားလေး
- ကိုယ်ထင်ရင် ခုတင်ရွှေနန်း
- ကိုကိုညီညီ
- ချစ်ကြိုးတွေ သွယ်ကာရစ်ကာ
- စပယ်တင်မှဲ့နဲ့ မိန်းကလေး
- ၃ သို့မဟုတ် ၄
- ရွှေချည်ငွေချည်တန်းပါလို့
- ချစ်သူများရဲ့ချစ်တဲ့သူ
- ကျွန်တော့်အချစ် ဈေးမဆစ်နဲ့
- ချစ်ဦးတိမ်ပန်းချီ
- ယောဆရာကြီး
- သည်အရွယ်နဲ့ သည်စပယ်
- ဘာအခုမှ ချစ်ပါပြီလဲ
- အဆိပ်ပန်းနှင့်မေတ္တာလမ်း
- စုံနံ့သာမြိုင်
- မောင်မောင့်အချစ် နံပါတ် ၁
- ဘဝကြေးမုံ
- သံသယဝင်္ကပါ
- ရွှေနွယ်ရိုး
- သိုင်းသမားနဲ့ မစံပယ်
- ရှစ်စပ်က ဂျင်ခြေလည်
- တရားတဖက် ဓါးတလက်
- မျက်နှာမများတတ်သူပါ
- နေရာချင်းတော့ မလဲနိုင်ပါ
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ။ MOI Myanmar (၇ ဖေဖော်ဝါရီ ၂၀၂၆)။ ၉ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် LIVE။ Mahar (၇ ဖေဖော်ဝါရီ ၂၀၂၆)။ ၉ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။