ခင်ဇော်(ရုပ်ရှင်ဒီပလိုမာ)

ဝီကီပီးဒီးယား မှ

ခင်ဇော်(ရုပ်ရှင်ဒီပလိုမာ)သည် ရုပ်ရှင်ပညာရပ်ဆိုင်ရာများကို သင်ကြားပေးသူတစ်ဦးဖြစ်ပြီး ရုပ်ရှင်ပညာရပ်ဆိုင်ရာများကို ဆောင်းပါးရေးသားနေသူတစ်ဦးဖြစ်သည်။

ခင်ဇော်(ရုပ်ရှင်ဒီပလိုမာ)ကို အဖ ဦးချစ်မောင် အမိ ဒေါ်အေးမြိုင်တို့မှ ၁၉၅၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် မွေးဖွားသည်။ ၁၉၇၅-၇၆ စာသင်နှစ်တွင် အခြေခံပညာအထက်တန်းကို ပြင်မှ ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၇၇-၇၈ ခုနှစ်တွင် အမှတ်(၂) ဒေသကောလိပ်မှ ရုပ်ရှင်ဒီပလိုမာရသည်။ ၁၉၇၈-၇၉တွင် ရုပ်ရှင်ကော်ပိုရေးရှင်း ရုပ်ရှင်မြင့်တင်ရေးနှင့် မော်ကွန်းရုပ်ရှင်တို့၌ လုပ်ငန်းခွင် ကျွမ်းကျင်သင်တန်းကို ဇာတ်ညွှန်းအဓိကဖြင့် တက်ရောက်အောင်မြင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား၌ ကင်မရာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေးစာယူဖြင့် ဝိဇ္ဖာ(စိတ်ပညာ)ဘွဲ့ရခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ရုပ်ရှင်ကောင်စီမှ ဖွင့်လှစ်သော ရုပ်ရှင်ဒါရိုက်တာအခြေခံသင်တန်းကို တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၈၈ ခုနှစ် မေလတွင် အလုပ်မှ နုတ်ထွက်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းကျောင်း၌ ဓာတ်ပုံနှင့် ရုပ်ရှင်အတတ်ပညာသင်ကြားသည့် ဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ တာဝန်ထမ်းဆောင်စဉ်ကာလတွင် Graphic Guide မဂ္ဂဇင်း၌ ရုပ်ရှင်ပညာရာဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ ခင်ဇော်(ရုပ်ရှင်ဒီပလိုမာ)သည် စိတ်ကူးစာရွက်မှ သည် ဖန်သားပြင် ပိတ်ကားဆီသို့ အမည်ဖြင့် ရုပ်ရုပ်ပညာရပ်ဆိုင်ရာ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။