ခင်ဆွေမြင့်

ဝီကီပီးဒီးယား မှ
(ခင်ဆွေမြင့်၊ ဒေါ် (ဒေါက်တာ) မှ ပြန်ညွှန်းထားသည်)
ခင်ဆွေမြင့်
မွေးဖွား (၁၉၄၇-၁၀-၁၄) အောက်တိုဘာ ၁၄၊ ၁၉၄၇ (အသက် ၇၆)
မော်လမြိုင်မြို့မွန်ပြည်နယ်
ပညာရေးPh.D
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ပါမောက္ခ/ဌာနမှူး (ငြိမ်း)
အိမ်ထောင်ဖက်(များ)ဦးအေးမြင့်ကြူ
သားသမီး၃ ဦး
မိဘ(များ)ဦးမြင့်သိန်း၊ ဒေါ်အေးမြင့်

ဒေါက်တာခင်ဆွေမြင့် (၁၄ အောက်တိုဘာ ၁၉၄၇ မွေးဖွား) သည် အငြိမ်းစား ပါမောက္ခ/ဌာနမှူး နှင့် မြန်မာစာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါ်ခင်ဆွေမြင့်ကို ၁၉၄၇-ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အဖကျောင်းဆရာ ဦးမြင့်သိန်းနှင့် အမိ ဒေါ်အေးမြင့်တို့ က မော်လမြိုင်မြို့တွင် ဖွားမြင်သည်။

ပညာရေး[ပြင်ဆင်ရန်]

အလယ်တန်းပညာနှင့် အထက်တန်းပညာကို မော်လမြိုင်မြို့ မော်တင်မိန်းဂျက်ဆင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၄-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ မော်လမြိုင်တက္ကသိုလ်၊ ၁၉၆၆-ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။ – ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ၂၀၀၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က Ph.D ဘွဲ့ကို ရရှိ ခဲ့သည်။

အလုပ်တာဝန်များ[ပြင်ဆင်ရန်]

လုပ်သားကောလိပ်၊ မော်လမြိုင်ကောလိပ်၊ ဆေးတက္ကသိုလ်-၂ ရန်ကုန်တို့တွင် နည်းပြ၊ စစ်တွေဒေသကောလိပ်တွင် ဌာနမှူး၊ လားရှိုးကောလိပ်၊ မော်လမြိုင်တက္ကသိုလ်၊ ရေဆင်းတက္ကသိုလ်တို့တွင် လက်ထောက်ကထိက၊ ရေဆင်းတိ-မွေး-ကုတက္ကသိုလ်မိတ္ထီလာကောလိပ်၊ ရန်ကုန်တက္ကသိုလ် တို့တွင် ကထိက၊ ပဲခူးဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခ၊ ပါမောက္ခဌာနမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၂-ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရပြီး ယခုအချိန်အထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်အဆင့်စာပေပြိုင်ပွဲများစာမူစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စာပေဆုနှင့်ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ဝင်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် အမှုဆောင်၊ အမျိုးသမီး အားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ်နှင့် အခြေခံပညာမြန်မာစာ သင်ရိုးညွှန်းတမ်းကော်မတီတို့တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

ဆွေယင်းမာ(ရန်ကုန်တက္ကသိုလ်) အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

ခင်ပွန်းဖြစ်သူမှာ ဦးအေးမြင့်ကြူ (ပြည်ထောင်စုဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး) ဖြစ်သည်။ သားသမီး ၃ဦး ထွန်းကားခဲ့သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]