ခင်စု၊ မ၊ ရေနံမြေ

ဝီကီပီးဒီးယား မှ
ရေနံမြေ ဒေါ်ခင်စု

ရေနံမြေ မခင်စုသည် စာရေးဆရာမတစ်ဦးဖြစ်သည်။ အဖ ဦးတင်၊ အမိ ဒေါ်ဇွန်းတို့မှ ၁၉၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်၌ ရေနံချောင်းမြို့တွင် မွေးဖွားသည်။ ရေနံချောင်းမြို့၊ မန္တလေးကျောင်းတိုက်၊ အမျိုးသားအထက်တန်း ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်ဆရာအတတ်သင်သိပ္ပံ၊ ရန်ကုန်တက္ကသိုလ်တွင်လည်း ပညာ သင်ကြားခဲ့သည်။

ရေနံချောင်းမြို့တွင် အမျိုးသားကျောင်းဆရာမဖြစ်လည်းကောင်း၊ သခင်မအဖြစ်လည်းကောင်း ပြုလုပ်ခဲ့သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ၌ ပါဝင်ခဲ့သည်။ မင်းဘူးနယ်မှ နေ၍ အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့သည်။ အာရှလူငယ်ဉာဏဗလစည်းရုံးရေးမှူး၊ ဗ လ စ အမျိုးသမီးဌာနမှူး၊ ဖဆပလ ဗဟိုအမှုဆောင်၊ ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မြန်မာ့အလင်း ဦးတင်၏ အတွင်းရေး အတွင်းဝန်၊ စာပေဗိမာန်မဂ္ဂဇင်း အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ အမျိုးသမီးက စ အမျိုးသမီးဌာနမှူး၊ ဖဆပလ ဗဟိုအမှုဆောင်၊ ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မြန်မာ့အလင်း ဦးတင်၏ အတွင်းရေး အတွင်းဝန်၊ စာပေဗိမာန်မဂ္ဂဇင်း အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ အမျိုးသမီးကလောင်ရှင် မဂ္ဂဇင်းမှာ တော်လှန်ရေးဝတ္ထုတိုဆု ရရှိခဲ့သည်။

မေတ္တာခရီးသည်(၁၉၅၄)၊ ချစ်လင်သက်ထား မောင်ကြီးပွား(၁၉၈၀) စသည့်စာအုပ်များကို ထုတ်ဝေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

လူထုဦးလှ ကွယ်လွန်ခြင်း အမှတ်တရ စာစုများ (၁၉၉၄၊ ဩဂုတ်၊ ပထမအကြိမ်၊ ကြီးပွားရေးစာအုပ်တိုက်)