ခင်ကြီး လက်ရန်းတက်က ကျပ်ခိုးစင်ပေါ် မောင်ရှင်မတက်လား

ဝီကီပီးဒီးယား မှ

ခင်ကြီး လက်ရန်းတက်က ကျပ်ခိုးစင်ပေါ် မောင်ရှင်မတက်လား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

စည်းကမ်း ကြပ်မတ်ရမည့် ဘုန်းတော်ကြီးက သမဏ သာရုပ္ပကင်းစွာ လက်ရန်းပေါ်တက်လျှင် ကိုရင်များမှာမူ ကျပ်ခိုးစင်ပေါ်တက်၍ပင် ဆော့ကြမည်ဖြစ်သကဲ့သို့ အကြီးအအုပ်လုပ်သူက မဆင်မခြင်နေထိုင်လျှင် ငယ်သူများမှာ ပို၍ ပရမ်းပတာ နေထိုင်မည်သာဖြစ်သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၆