ကွိုင်းယုတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Coyote
Coyote by Rebecca Richardson.jpg
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Infraclass: Eutheria
မျိုးစဉ်: Carnivora
မျိုးရင်း: Canidae
မျိုးစု: Canis
မျိုးစိတ်: C. latrans
ဒွိနာမ
Canis latrans
Say, 1823
Leefgebied coyoteupdate.jpg
Coyote range


ကွိုင်းယုတ် (Coyote) ကို အမေရိကန် ခွေးအ သို့မဟုတ် ပရေရီဝံပုလွေ ဟုလည်း ခေါ်ဆိုကြသည်။ ခွေးမျိုးရင်းဝင်ဖြစ်ပြီး မြောက်အမေရိက နှင့် အလယ်အမေရိက တလျှောက်တွင် တွေ့ရသည်။ တောင်ဘက် ပနားမားနိုင်ငံမှ စ၍ မက္ကဆီကိုနိုင်ငံအမေရိကန်ပြည်ထောင်စုကနေဒါနိုင်ငံများတွင် တွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အလက်စကာပြည်နယ် အထိတွေ့ရလေ့ ရှိပြီး ကနေဒါနိုင်ငံတွင် မြောက်ဘက်ဆုံး အပိုင်းမှ လွဲ၍ တခြားနေရာများတွင် တွေ့ရသည်။

လက်ရှိတွင် မျိုးကွဲပေါင်း ၁၉မျိုးကို တွေ့ရပြီး ၁၆ မျိုးကို ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် တွေ့ရကာ ၃ မျိုးကို အလယ်အမေရိက တွင် တွေ့ရသည်။ မီးခိုးရောင်မြေခွေးများကဲ့သို့ ဥရောပ-အာရှဘက်မှ ဆင်းသက်လာခြင်း မဟုတ်ပဲ မြောက်အမေရိကတွင် လွန်ခဲ့သော နှစ်ပေါင်း ၁.၈၁ သန်း ခန့်က ပေါ်ထွန်းလာသည်ဟု ယူဆရသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Sillero-Zubiri & Hoffmann (2008). Canis latrans. In: IUCN 2008. IUCN Red List of Threatened Species. Retrieved May 5, 2008. Database entry includes justification for why this species is of least concern