ကွမ်းသီးကြိုက် တောင်ငူပို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကွမ်းသီးကြိုက် တောင်ငူပို့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကွမ်းသီးကြိုက်တတ်သူကို ကွမ်းသီးကောင်း ထွက်သော တောင်ငူသို့ ပို့လိုက်သကဲ့သို့ စိတ်ကြိုက်အနေအထားဖြစ်အောင် ဖန်တီးပေးလိုက်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သည်ခါမှ အလိုက်၊ ကွမ်းသီးကြိုက်၊ ပို့လိုက်တဲ့တောင်ငူ၊ ဝမ်းသာတော်မူလှချေ့။" [၁၂၁၅ ခန့်] ဝံသ၊ ဒု။ ၄၈၁။
  • "သဘောမှာ နှစ်ခြိုက်၊ ယားရာကိုလာ၍၊ ရိုက်ဘိသကဲ့သို့၊ ကွမ်းသီးကြိုက်တဲ့ လူကို တောင်ငူကိုပို့မလို့ ထင်ပါရဲ့။" [၁၂၆၇] စကား၊ ပ။ ၄၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၉