မာတိကာသို့ ခုန်သွားရန်

ကြွယ်ကြွယ်

ဝီကီပီးဒီးယား မှ
ဒေါ်ကြွယ်ကြွယ်
အမည်ရင်းမကြွယ်ကြွယ်
မွေးဖွား(1933-04-18)၁၈ ဧပြီ၊ ၁၉၃၃
ဝမ်းဘဲအင်းရွာ၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
ကွယ်လွန်၂၁ နိုဝင်ဘာ၊ ၂၀၂၃(2023-11-21) (အသက် ၉၀)
ရန်ကုန်၊ မြန်မာနိုင်ငံ
အလုပ်အကိုင်စာရေးဆရာမ၊ သတင်းစာဆရာမ
ဘာသာစကားမြန်မာဘာသာ
နိုင်ငံသားမြန်မာ
ရရှိသည့်ဆုများပခုက္ကူ ဦးအုန်းဖေ စာပေဆု (တစ်သက်တာဆု, ၂၀၁၉)

ဒေါ်ကြွယ်ကြွယ် (၁၈ ဧပြီ ၁၉၃၂ - ၁၉ နိုဝင်ဘာ ၂၀၂၃) သည် ပခုက္ကူဦးအုံးဖေ တစ်သက်စာ စာပေဆုရှင်၊ ကန်တော့ခံသက်ကြီးစာပေပညာရှင် ဖြစ်သည်။တစ်သက်တာလုံး စာပေကဏ္ဍနှင့် သတင်းစာအလုပ်များတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။ကလောင် အမည် မှာ မကြွယ်ကြွယ် ဖြစ်သည်။

မွေးဖွားမှုနှင့် ပညာရေး

[ပြင်ဆင်ရန်]

၁၉၃၃ ခုနှစ်၊ ဧပြီ ၁၈ ရက် တွင် ပဲခူးမြို့နယ် ၊ ဝမ်းဘဲအင်းရွာ၌ ဖခင် ဦးဘိုးချစ် (ကျောင်းအုပ်) နှင့် မိခင် ဒေါ်စိန်မေ တို့မှ မွေးဖွားခဲ့သည်။မွေးချင်းခုနစ်ဦး ရှိသည့်အနက် ခြောက်ဦးမြောက် ဖြစ်သည်။

ပဲခူးမြို့၊ အစိုးရအထက်တန်းကျောင်းတွင် ၁၀ တန်းအထိ သင်ကြားခဲ့သည်။

နိုင်ငံဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဆယ်တန်းအောင်မြင်ပြီးသည့်နောက်တွင် ပညာရေးဝန်ထမ်း ကျောင်းဆရာမ အဖြစ် ဘဝကို စတင်ခဲ့သည်။နောင်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဌာနချုပ် တွင် သတင်းထောက်၊ အယ်ဒီတာအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စာပေဘဝ

[ပြင်ဆင်ရန်]

၁၉၅၀ ခုနှစ်၊ မတ် ၁၄ ရက် တွင် လင်းယုန်ဂျာနယ် တွင် ဖော်ပြခံရသည့် “မောင်းသံ” ဝတ္ထုတို ဖြင့် စာပေလောက သို့ စတင်ရောက်ရှိလာခဲ့သည်။စာရေးသူအမည် ကို နာမည်ရင်း ကြွယ်ကြွယ် ဖြင့်သာ အသုံးပြုခဲ့သည်။

ထိုစဉ် ခေတ်ပြိုင် အနေဖြင့် စာပေလောက က မဟုတ်သည့် တေးဂီတလောက မှ မန္တလေး၊ဈေးချိုသူ ကြွယ်ကြွယ် ဆိုသည့် တေးသံရှင် တစ်ဦး ပေါ်ပေါက်လာခဲ့သည်။[၁]အဆိုပါ တေးသံရှင် သည်[၂] တေးဂီတလောက တွင် အထူးအောင်မြင်နေချိန်လည်းဖြစ်၍ စာရေးဆရာမ ကြွယ်ကြွယ် သည် ၁၉၇၁ ခုနှစ်၊မတ်လအတွင်း ထုတ်ဝေသည့် ဗိုလ်တထောင်သတင်းစာ မှစကာ မူလ ကြွယ်ကြွယ် အစား ရှေ့တွင် မ တစ်လုံးအပို ထည့်၍ ကလောင်အမည် ကို မကြွယ်ကြွယ် ဟု ပြောင်းလဲခဲ့သည်။

သူသည် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ဆောင်းပါး ၁၅၀၀ ခန့်၊ ဝတ္ထုတို ၆၀၀ ကျော်၊ ဝတ္ထုရှည် ၃၀ ကျော်နှင့် ကဗျာ ၂၀၀ ခန့် ရေးသား ဖော်ပြခဲ့သည့် မှတ်တမ်းရှိခဲ့သည်။

ထို့အပြင် လုံးချင်းဝတ္ထုရှည် ၆ အုပ်၊ ကဗျာစာအုပ်များ၊ ဘာသာရေး၊ ဘုရားသမိုင်းနှင့် ထေရုပ္ပတ္တိစာအုပ်များ တိုက်ရိုက်ရေးသားခဲ့သည်။

ဆုရရှိမှု

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် အတွက် ပခုက္ကူဦးအုန်းဖေ စာပေဆု (တစ်သက်တာဆု)ကို ၂၀၂၁ ခုနှစ် တွင် ချီးမြှင့်ခံရသည်။[၃] [၄]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

၁၉၅၈ ခုနှစ် တွင် စာရေးဆရာ သက်မောင် (ဦးမောင်မောင်လတ်) နှင့် အိမ်ထောင်ပြုသည်။သား ၂ ဦး၊သမီး ၁ ဦး ထွန်းကားခဲ့သည်။[၅]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

အသက်(၉၁)နှစ်အရွယ် ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက် ညနေ ၆ နာရီ ၁၅ မိနစ် တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ မြို့မအသင်းနဲ့ သီချင်းတွေ သီဆိုခဲ့တဲ့ဈေးချိုသူ အဆိုတော်ကြီး ဒေါ်ကြွယ်ကြွယ်။ Popular Journal (၁၇ ဇူလိုင် ၂၀၁၈)။ 9 September 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ↑ လေချိုသွေး (ကြွယ်ကြွယ်)။ တေးရေးမြို့မငြိမ်း (၉ စက်တင်ဘာ ၂၀၁၈)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ↑ ပခုက္ကူစာပေဆုများ ထုတ်ပြန်ကြေညာ တစ်သက်တာစာပေဆုကို စာရေးဆရာမကြီး ဒေါ်ကြွယ်ကြွယ် (မကြွယ်ကြွယ်) ရရှိ။ Myanmar Digital News (၁၂ ဇန်နဝါရီ ၂၀၂၁)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ↑ ၂၀၁၉ ခုနှစ်အတွက် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကျင်းပ။ MWD Webportal (၃ ဧပြီ ၂၀၂၁)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ↑ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်မိတ်ဆက်အခမ်းအနားကျင်းပ။ MOI Myanmar (၁၉ မေ ၂၀၂၃)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. မြန်မာစွယ်စုံကျမ်း နှစ်ချုပ်၊ (၂၀၂၄)၊စာ-၂၀၂