ကြီးလေးသော အပြစ်ဒုစရိုက်များ (အစ္စလာမ်ဘာသာ)

ဝီကီပီးဒီးယား မှ

အစ္စလာမ် ၏သွန်သင်မှုတွင် ကုရ်အာန် နှင့် အေမာမ်မာအ်စူမ် (အစ) များ၏မိန့်ကြားချက်များအရ ဂွန်နာဟာနေကဗီရာ ကျူးလွန်သူများကို ဂျဟန္နမ် သို့သာသွားရမည့်အကြောင်းတင်ပြထားသည်။ မည်သည့် အပြစ်ဒုစရိုက်များသည် ဂွန်နာဟေကဗီရာ ဖြစ်သည်နှင့်ပတ်သက်၍ မဇ်ဟဘ် များအကြား (ရှီအာ စွန်နီ) ကွဲပြားမှုရှိသည်။ အချို့က ၂၅ ခု အချို့ကလည်း ၇၀ ခုရှိသည်ဟုဖော်ပြကြသည်။

အလ္လာဟ် အရှင်မြတ်သည်ကျမ်းမြတ်ကုရ်အာန် စူရာ နေစာ အာယသ် ၃၁ ၌ဤသို့မိန့်တော်မူထား၏။

﴿إِنْ تَجْتَنِبُوا كَبَائِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَنُدْخِلْكُمْ مُدْخَلًا كَرِيمًا﴾

( အကယ်၍ကြီးလေးသော အပြစ်ဒုစရိုက်များမှ ရှောင်ကြဉ်သော် သေးငယ်သောအပြစ်များကို ခွင့်လွှတ်ပလပ်တော်မူမည်ဖြစ်ပြီး အသင်တို့အား ဂုဏ်သရေရှိမြင့်မားသော နေရာဌာနသို့ ဝင်ရောက်စေတော်မူမည်ဖြစ်၏။ )

အစ္စလာမ် ၏သွန်သင်ချက်အရတစ်ဦးတစ်ယောက်သည်ကြီးလေးသောအပြစ်ကိုကျူးလွန်ပြီးနောက် သောင်ဗာ ပြုလုပ်ခြင်းမရှိပါက ဖှာစစ်က် ဖြစ်သည်။ ထိုကဲ့သို့သောလူမျိုး၏နောက်တွင် နမားဇ် လိုက်ဖတ်၍လည်းမရပေ ၊ သူ၏ သက်သေခံပေးမှုများကိုလည်း လက်ခံ၍မရပါ ထိုကဲ့သို့သော လူမျိုးသေဆုံးသွားလျှင် အရှင်မြတ်၏ ပြစ်ဒဏ်သာ ခံစားရမည်ဖြစ်၏။ အလ္လာဟ် အရှင်မြတ်၏ထူးကဲသောပေးသနားမှု တမန်တော်မြတ်(ဆွ) နှင့်အနွယ်တော်မွန်တို့၏ ရှေဖှာအသ် - ကြားဝင်အသနားခံပေးခြင်း- များရရှိလျှင်တော့ လွတ်မြောက်နိုင်မည်ဖြစ်သည်။ တမန်တော်မြတ်(ဆွ) သည် ရှေဖှာအသ် နှင့်ပတ်သက်ပြီးမိန့်တော်မူသည်မှာ- ငါ၏ရှေဖှာအသ် သည်ကြီးလေးသော အပြစ်ကျူးလွန်သူများအတွက် ဖြစ်သည်။ ဂွန်နာဟေကဗီရာ ကိုရှောင်ကြဉ်သူများအတွက်ကား ပြောစရာမရှိပေ။[၁]

ဂွန်နာ အမျိုးအစား[ပြင်ဆင်ရန်]

အပြစ် ဂွန်နာ နှစ်မျိုးနှစ်စားရှိသည်:[၂]

  1. ကဗီရာ (အကြီး)
  2. စဂီရာ (အသေး)

ဂွန်နာဟေကဗီရာ[ပြင်ဆင်ရန်]

ဂွန်နာဟေကဗီရာ ဆိုသည်မှာ အစ္စလာမ် တွင် နောက်ဆက်တွဲ ပြန်လည်ခံစားရမည် ပြစ်ဒဏ်များရှိနေပြီး လူ၏ ဝိညဉ် (နာမ်ပိုင်းဆိုင်ရာ) သည် ကြီးလေးသောအပြစ်များ၏သက်ရောက်မှုတို့ကြောင့် လုံးဝပြောင်းလဲသွားပြီးဆိုလိုသည်မှာ နာမ် ၏သန့်ရှင်းမှုသည် ညစ်ထေးသွားကာ ကောင်းမှုများပြုလုပ်ရန် ဝန်လေးပြီး နောက်ထပ်(နောက်ထပ်) အပြစ်များကျူးလွန်ရန်သာဆန္ဒဖြစ်ပေါ်နေတော့သည်။

  1. ကျမ်းမြတ်ကုရ်အာန် နှင့် ဟဒီးစ် များတွင်ရိုးရှင်းစွာဖော်ပြထားသည့် ဂွန်နာ များ ( အဲဟ်လေဘိုသ် ၏မိန့် ရပ်များ၌ ဂွန်နာ ပေါင်း ၄၀ ကိုကြီးလေးသောအပြစ်ဒုစရိုက်များအဖြစ်ဖော်ပြထားသည်။)[၃]
  2. ကုရ်အာန် နှင့်ခိုင်လုံသော စွန်နသ် တော်များတွင် ဂျဟန္နမ် သို့လားရမည်ဟုကတိပေးကြေညာထားသည့် အပြစ်မှန်သမျှ ဂွန်နာဟေကဗီရာ ဖြစ်သည်။
  3. ကုရ်အာန် နှင့်ခိုင်လုံသော စွန်နသ် တော်များတွင် ဂွန်နာဟေကဗီရာ အဖြစ် ရှင်းလင်းပေါ်လွင်စွာတင်ပြ ထားသည့် ဂွန်နာ များမှာအလွန်ကြီးလေးသောအပြစ်ဒုစရိုက်များဖြစ်သည်။
  4. မည်သည့် ဂွန်နာ မဆိုသာသနာလေးစားသူ ရှရ်အီးကို တတ်သိသူများအနီး ကြီးလေးသောအပြစ်အနေနှင့် မြင်တွေ့သော် ထိုအပြစ်ကြီးလေးကြောင်းသည်လည်း မာအ်စူမ် များခေတ်နှင့်ပြန်လည်စမ်းစစ်ကြည့်ပါက ယုံကြည်လက်ခံနိုင်သည့်အနေအထားရှိခဲ့ပါမူ ၎င်းသည်လည်းဂွန်နာဟေကဗီရာ ဖြစ်သည်။ ဥပမာ- သိပါလျှက် နှင့်တမင် မပ္စဂျိဒ် ကို နဂျစ္စ ဖြစ်အောင်လုပ်ခြင်း ၊မရိုမသေပြုလိုသောရည်ရွယ်ချက်နှင့် ကုရ်အာန် ကိုလွှင့်ပြစ် ခြင်း စသည်တို့ဖြစ်သည်။[၄]
  5. ဂွန်နာဟေစဂီရာ ကိုအကြိမ်ကြိမ်ပြုလုပ်ခြင်း ၎င်းကိုထပ်ခါထပ်ခါလုပ်ရန်တိုက်တွန်းမိနေခြင်း သည်လည်း ဂွန်နာဟေကဗီရာ အဖြစ်သတ်မှတ်ခံရမည်ဖြစ်သည်။[၅]

အေမာမ်မူစဗ်နေဂျာအ်ဖှဲရ်(အစ) ဟဒီးစ် တော်လာ ဂွန်နာဟေကဗီရာ[ပြင်ဆင်ရန်]

မူစဗ်နေဂျာအ်ဖှဲရ် (အစ) မှဆင့်ပြန်ထားသည်မှာ- တစ်နေ့သောအခါ အွမ်မရ်ရိဗ်နေအိုဘိုင်ဒ် သည်ကျွန်ုပ်၏ဖခင် ဂျာအ်ဖှဲရ်ဆွာဒိက်(အစ) ထံရောက်ရှိလာပြီး စလာမ် ဆိုကာထိုင်၍ ဤ အာယသ်တော်ကိုဖတ်ရွတ်လေသည် ၊ ( ဂွန်နာဟေကဗီရာ ကိုရှောင်ကြဉ်ကြသူများ……) {စူရာ ရှူရာ - ၃၅ } အထိဖတ်ပြီးရပ်သွားလေ၏။

ဟဇရသ် မှ- အဘယ်ကြောင့် ဆက်မဖတ်ဘဲရပ်သွားရသနည်းဟု မေးမြန်းလေသောအခါ ဂွန်နာဟာနေကဗီရာ ဆိုသည်မှာမည်ကဲ့သို့သော ဂွန်နာ များကိုဆိုလိုပါသနည်း ၎င်းကိုအသင့်ထံမှ သိချင်သောကြောင့်ဖြစ်ပါ၏ဟု လျှောက်ထားလေသည်။ ထိုအခါအေမာမ်(အစ) ကမိန့်တော်မူ၏ --- :

  1. အလ္လာဟ် အရှင်မြတ်အား ရှစ်ရ်က် - အရှင့်နေရာတွင် တုနှိုင်းကိုးကွယ်ခြင်း - လုပ်ခြင်းသည်အကြီးမားဆုံး ဂွန်နာ ဖြစ်သည် မွရှ်ရိက် အတွက် ဂျန္နသ် သည် ဟရာမ် ဖြစ်သည်။ အရှင်မြတ်မိန့်တော်မူသည့်အတိုင်း--- ( မည်သူမဆိုအလ္လာဟ် အရှင်မြတ်အစားနှိုင်းယှဉ်တုပကိုးကွယ်မှုပြုသော် ဂျန္နသ်သည်ထိုသူအတွက် ဟရာမ် ဖြစ်ပြီး သူ၏နေရာသည် ဂျဟန္နမ် ငရဲ တွင်သာဖြစ်ချေ၏။) { စူရာ မာအေဒါ - ၇၂ }
  2. အလ္လာဟ် အရှင်မြတ်၏ ရဟ်မသ်- ကရုဏာ -တော်ကိုမျှော်လင့်ချက်ကင်းမဲ့ခြင်းသည် ဂွန်နာဟေကဗီရာ ဖြစ်ပြီး မည်သူမဆိုမျှော်လင့်ချက်ကင်းမဲ့သော် ကာဖှဲရ် ဖြစ်သည်။ ကျမ်းတော်မြတ်တွင်ဖော်ပြသည့်အတိုင်း… { အရှင်မြတ်၏ ရဟ်မသ် တော်မှမျှော်လင့်ချက်မကင်းမဲ့လေနှင့် ကာဖှဲရ်များမှအပမည်သူမှအရှင့်၏ ရဟ်မသ် တော်မှမျှော်လင့်ချက်မကင်းမဲ့ကြချေ။ (စူရာ ယူစွဖှ် - ၈၇ )
  3.   စမ်းသပ်မှုမှကင်းဝေးခြင်း - ဆုံးရှုံးသူများမှအပ အရှင်မြတ်၏စမ်းသပ်မှုမှကင်းဝေးမည်မဟုတ် ၊ ကုရ်အာန် တွင်မိန့်တော်မူထားသည့်အတိုင်း { ဆုံးရှုံးသည့်အုပ်စုမှအပ အလ္လာဟ် အရှင်မြတ်၏ပညာပေးဆုံးမမှုမှကင်း ဝေးမည်မဟုတ်။ } (စူရာ အာအ်ရာဖှ် - ၉၇ ) ၊ မိဘကိုနှိပ်စက်ခြင်းသည်လည်း ဂွန်နာဟေကဗီရာ ဖြစ်သည် (အာကေဝါလေဒိုင်းန်) အရှင်မြတ်သည် အားက် ကို ဂျဘ်ဘာရေရှကီ ဟုဆိုထားသည် ၊ ကျမ်းတော်မြတ် စူ ရာမရ်ယမ် - ၃၂ တွင် { အရှင်မြတ်သည်ကျွန်ုပ်အား ကျွန်ုပ်၏မိခင်ကို ကောင်းစွာကျေးဇူးပြုတတ်သူ(ဖြစ်စေ တော်မူခဲ့၏) ထို့အပြင်မာန်မာနထောင်လွှားသူ ၊ အကြောင်းမလှသူအဖြစ်လည်းပြုလုပ်တော်မမူခဲ့ချေ။ }
  4. မို့အ်မင်န် ကိုသတ်ဖြတ်ခြင်း - ခိုလုံသောရှရ်အီအထောက်အထားမရှိဘဲ (သတ်ပြစ်ရလောက်သည့်အပြစ် ကျူးလွန်မှုမျိုးမရှိဘဲ) မို့အ်မင်န် တစ်ဦးအားသတ်ဖြတ်ခဲ့သော် အရှင်မြတ်သည်လူသတ်တရားခံအား ဂျဟန္နမ် သို့သွတ်သွင်းမည်ဖြစ်ကြောင်း - ကျမ်းမြတ်တွင်လာရှိသည့်အတိုင်း { မည်သူမဆို မို့အ်မင်န် တစ်ဦးအားတ မင် သတ်ဖြတ်ခဲ့သော်သူ၏ရလဒ်သည် ဂျဟန္နမ် ဖြစ်ပြီးအမြဲထာဝရထိုနေရာ၌ပြစ်ဒဏ်သင့်စေမည်ဖြစ်၏ ၊အ ရှင်မြတ်၏အမြက်တော် လာအ်နသ် စူးရှမည်ဖြစ်ပြီးထိုသူအတွက်အလွန်ပြင်းထန်သော အဇါးဗ် များရှိနေ၏} ( စူရာ နူးရ် - ၂၃ )
  5. သိုဟ်မသ် - စွပ်စွဲပြောဆိုခြင်း - တစ်ဦးတစ်ယောက်အား ဇေနာ လုပ်သည်ဟုစွပ်စွဲပြောဆိုခြင်း ၊ ထိုကဲ့သို့သောစွပ်စွဲခြင်းများ အဇါးဗ် ပေးမည့်အကြောင်းတင်ပြထားသည် ၊ ကျမ်းတော်မြတ်တွင် { အကြင်သူတစ် ဦးသည် မို့အ်မင်န် တစ်ဦးအား ဇေနာ- တရားမဝင်လိင်ဆက်ဆံမှု - ပြုသည်ဟုစွပ်စွဲပြောဆိုပါက လောကီ လောကုတ္တရာ နှစ်ဌာနေစလုံး၌ မလ်အူန် ဖြစ်ပြီးအလွန်ပြင်းထန်သော အဇါးဗ် ကိုခံစားရမည်ဖြစ်၏။ } ( စူရာ နူးရ် - ၂၃ )
  6. မိဘမဲ့ကလေး၏ ပစ္စည်းဥစ္စာကိုစားသုံးခြင်း- တစ်ဦးတစ်ယောက်သည် ယသီးမ် - မိဘမဲ့ကလေး - တို့၏ ပစ္စည်းဥစ္စာကိုရယူစားသုံးသော် အာခေရသ် တွင် အဇါးဗ် ပြစ်ဒဏ်ကျခြင်းမှအပအခြားမရှိပြီ ၊ အလ္လာဟ် အ ရှင်မြတ်မိန့်တော်မူသည်မှာ - { ယသီးမ် တို့၏ပစ္စည်းဥစ္စာကို အနိုင်ကျင့်ရက်စက်စွာစားသုံးသူများသည် တကယ်တော့မိမိတို့၏ ဝမ်းဗိုက်အတွင်းသို့ ဂျဟန္နမ် မီးများကိုဝါးမြိုနေခြင်းဖြစ်ပြီး မရှေးမနှောင်းမီးဟုန်းဟုန်း တောက်နေသည့် ဂျဟန္နမ် သို့ဆင်းသက်ရမည်ဖြစ်၏။ } ( စူရာ နေစာ - ၁၁ )
  7. စစ်ပွဲမှထွက်ပြေးခြင်း တမန်တော်မြတ်(ဆွ) နှင့် အေမာမ်(အစ) သို့မဟုတ် တမန်တော်မြတ်(ဆွ)နှင့် အေ မာမ်(အစ) တို့၏ နာအိဗ်ဗေခါးစ် ၏အမိန့်ဖြင့်ဆင်နွဲသောစစ်ပွဲမှထွက်ပြေးခြင်း အမိန့်တော်ရှိသည့်အတိုင်း…. { မည်သူမဆိုစစ်ပွဲမှထွက်ပြေးခဲ့သော် အရှင်မြတ်၏ အမြက်တော်ဘက်သို့ဦးတည်လိုက်ခြင်းဖြစ်၏ ထိုသူနှင့် ထိုက်တန်သောနေရာသည်ကားအနိမ့်ကျဆုံးနေရာဖြစ်သည့် ဂျဟန္နမ် ပင်ဖြစ်ချေ၏။ }
  8. အတိုးစားခြင်း - အလ္လာဟ် အရှင်မြတ်သည်အတိုးစားသူများနှင့်ပတ်သက်၍ထိုသို့မိန့်ဆိုထား၏ { အတိုး စားသူများသည် ကေယာမသ် နေ့တွင် ကဗ်ရ် များအတွင်းမှ ရှိုင်သွါန် သည် ၎င်းတို့အား ရူးသွပ်အောင်လုပ် ထား၍ဆောက်တည်ရာမရသည့် ပုံသဏ္ဌန်မှအပ အခြားမည်သည့်ပုံစံနှင့်မှထွက်လာကြမည်မဟုတ်ချေ။ }
  9. (စုန်း ကဝေ) ပြုစားခြင်း - မည်သူမဆို စေ့ဟ်ရ် ခေါ်ပြုစားခြင်းများလုပ်သော် ထိုအတတ်ပညာကို သင်ယူသော် ပြန်လည်သင်ကြားပေးသော် ထိုသူများနှင့်ပတ်သက်ပြီးအရှင်မြတ်မိန့်တော်မူသည်မှာ -{ ဧကန်စင်စစ် (ဆေးလုပ်) ပြုစားခြင်းများလုပ်သောသူသည် လောကုတ္တရာတွင် စိုးစဉ်းမျှ ဂျန္နသ် ၏ စည်းစိမ်များကိုခံစားရ မည်မဟုတ်ချေ။ }
  10. ဇေနာ ပြုလုပ်ခြင်း - အလ္လာဟ် အရှင်မြတ်သည် ဇေနာ လုပ်သူများအတွက် ထိုသို့မိန့်တော်မူထား၏ { မည်သူမဆို ဇေနာ ပြုကျင့်သော် ၎င်း၏ကြီးလေးသောပြစ်ဒဏ်ကိုမြင်တွေ့ရမည်ဖြစ်သည် ကယာမသ် နေ့၌ ၎င်းတို့၏ပြစ်ဒဏ်ကို ဆတိုးဒဏ်ခတ်မည်ဖြစ်ပြီး အမြဲထာဝရယင်းအပြစ်ငရဲ၌ ဂုဏ်သရေညံ့ဖျင်းစွာခံစား နေရမည်ဖြစ်၏။ } (စူရာ ဖွရ်ကာန် - ၆၈-၆၉ )
  11. လိမ်ညာ၍ကျိန်ဆိုခြင်း - အကြင်သူတစ်ဦးသည် လိမ်ညာပြီးကျိန်ဆိုခဲ့သော် အာခေရသ် တွင်အရှင့်၏ ရဟ်မသ် ကရုဏာ တော်နှင့်ကင်းဝေးမည်ဖြစ်၏ မိန့်တော်မူသည်မှာ { အရှင်မြတ်၏ကတိသစ္စာတော်နှင့် မိမိတို့၏ကျိန်ဆိုမှုကို မပြောပလောက်သည့်အဖိုးအခဖြင့်ရောင်းခဲ့သည်ရှိသော် အာခေရသ် တွင် အရှင်မြတ် ၏ ကရုဏာတော်ကို စိုးစဉ်းမျှစံစားရမည်မဟုတ်ချေ။ }
  12. အလွဲသုံးစားပြုခြင်း သာသနာ ၊ နိုင်ငံ ၊ လူတို့၏ပစ္စည်းဥစ္စာသားမယား စသည်တို့ကိုအလွဲသုံးစားပြုပါမူ ကြီးလေးသောပြစ်ဒဏ်ကိုခံစားရမည်ဖြစ်သည် ကျမ်းတော်မြတ်တွင်မိန့်တော်မူထားသည်မှာ - { အကြင်သူ သည်အလွဲသုံးစား - ခယာနသ် - ပြုလုပ်ပါက ကယာမသ် နေ့တွင်ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်၏။ } ( စူရာ အာလေအင်မရာန် - ၁၅၅ )
  13. ဇကားသ် မပေးခြင်း - ဇကားသ် ပေးရန်ပျက်ကွက်သူများအားမိန့်တော်မူသည်မှာ - { ထိုနေ့တွင်၎င်းတို့ (စုဆောင်းခဲ့သော ) ရွှေ၊ငွေတို့ကို ဂျဟန္နမ် မီးတွင်မြှိက်ပြီးထိုသူတို့၏ နဖူး ၊ နံဘေး ၊ ကျောပြင် ကိုကပ်မည် ဖြစ်၏။ } ( စူရာ သောင်ဗာ - ၃၅ )
  14. လိမ်ညာပြီးသက်သေပေးခြင်းနှင့် သက်သေကိုဖုံးကွယ်ထားခြင်း - { မည်သူမဆိုလိမ်ညာပြီးသက်သေ ထွက်ဆိုသော် မို့အ်မင်န် မဟုတ်ကြီးလေးသောအပြစ်ကိုကျူးလွန်လိုက်ခြင်းဖြစ်သည်။ } ( စူရာ ဖွရ်ကာန် - ၇၂ ) နောက်တစ်ခုမှာ မို့အ်မင်န် တစ်ဦး၏သိက္ခာ ၊ အသက်အိုးအိမ်စည်းစိမ်တို့ဆုံးရှုံးတော့မည့် အနေ အထားတွင် သက်သေကို လျှို့ဝှက်ထိမ်ချန်ထားခြင်း အလ္လာဟ်အရှင်မြတ်သည် ဤသို့မိန့်ဆိုထား၏{ ရှဟာဒသ် သက်သေထွက်ဆိုခြင်းကို ဖုံးကွယ်ထိမ်ချန်မထားလေနှင့် အကြင်သူသည်ထိုသို့ပြုပါက စိတ်နှလုံးဖြင့်အပြစ် ကျူးလွန်လိုက်ခြင်းဖြစ်၏။ } ( စူရာ ဗကရာ - ၂၈၃ )
  15. အရက်သောက်ခြင်းနှင့် နမါးဇ် ကိုစွန့်လွှတ်ခြင်း - အရှင်မြတ်သည် သေရည်နှင့်အခြားသော မူးယစ်ဆေး ဝါးသုံးစွဲခြင်းများကိုတားမြစ်တော်မူထား၏ ထိုနည်းတူစွာရုပ်တုကိုးကွယ်ခြင်းနှင့် နမါးဇ် ကို စွန့်လွှတ်ခြင်းအား တားမြစ်တော်မူသည် တမန်တော်မြတ်(ဆွ) သည် သာရေကွဆ်ဆွလားသ် - နမါးဇ်ကိုစွန့်လွှတ်သူ - နှင့်ပတ် သက်၍မိန့်တော်မူသည်မှာ ( မည်သူမဆို နမါးဇ် ကိုတမင်သက်သက်မဖတ်ဘဲနေခဲ့သော် အလ္လာဟ်ရစူလ် ၏ ရှေဖှာအသ် ကိုရရှိမည်မဟုတ်။)
  16. အရှင်မြတ်နှင့်ထားရှိသောပဋိညာဉ်ကိုဖောက်ဖျက်ခြင်း ၊ (အမျိုးအဆွေ) ဆက်သွယ်သင့်သည်မှန်သမျှ တို့နှင့်အဆက်ဖြတ်ခြင်း - အလ္လာဟ် အရှင်မြတ်သည် ထိုကဲ့သိုအပြစ်လုပ်သူများအပေါ် လာအ်နသ် ပို့ထား၏ မိန့်တော်မူသည်မှာ - { ထိုသူတို့အတွက် လာအ်န် အရှင့်၏ကရုဏာတော်မှကင်းဝေးမည်ဖြစ်ပြီး ထိုလောက ၏အကျိုးယုတ်မှုသာရှိပေမည်။ }( စူရာ ရာအ်ဒ် - ၂၅ )(ထိုရှင်းလင်းတင်ပြချက်ကိုကြားသိပြီးသည့်) ထိုအခါ အမ်ရိဗ်နေအိုဗိုင်းဒ် သည် ကိုယ်တော်မြတ်(ဆွ) အနားမှထွက်ခွါသွားပြီး ရှိုက်ကြီးတငင်ငိုကြွေး၍ မိမိကိုယ်မိမိ အသင်နှင့်ပညာအဆင့်အတန်းတူသည်ဟုမှတ်ယူကာ စိတ်ဆန္ဒအလျှောက် ဖှသဝါ ပေးနေသူများပျက်စီးဆုံး ရှုံးရချေဦးတော့မည် ဟုဆိုလေသည်။ .

အာယသွလ္လာ စိုင်ယိဒ်အဗ်ဒွလ်ဟိုစိုင်န်ဒပ်္စသ်ဂီးဘ် တင်ပြထားသော ဂွန်နာဟေကဗီရာ များ[ပြင်ဆင်ရန်]

စိုင်ယိဒ်အဗ်ဒွလ်ဟိုစိုင်န်ဒပ်္စသ်ဂီးဘ် သည် ဂွန်နာဟေကဗီရာ ဆိုသည့်အမည်ဖြင့်စာအုပ်တစ်အုပ်ရေးသားခဲ့ သည် -

  1. အရှင်မြတ်၏ ကရုဏာတော်မှမျှော်လင့်ချက်မထားခြင်း[၆]
  2. အရှင်မြတ်၏ ပညာပေးဆုံးမမှုနှင့် ပြစ်ဒဏ်မှလုံခြုံနေပြီဟု(သိထားခြင်း)[၇]
  3. လိမ်ညာခြင်း[၈]
  4. လူသတ်ခြင်း - အလ္လာဟ် အရှင်မြတ်မှအလေးထားရမည်ဟုပညတ်ထားသည့်အသက်တစ်ချောင်းကို သတ်ဖြတ်ခြင်း ၊ အရှင်မြတ်သတ်မှတ်ထားသောတရားစီရင်ထုံးနှင့် အညီသတ်ခွင့်ရှိသူကိုသာတရားစီရင် သောအားဖြင့်သတ်ပိုင်ခွင့်ရှိသည်။
  5. မိဘနှစ်ပါးအားနှိပ်စက်ရန်မူခြင်း[၉]
  6. အနိုင်ကျင့်ရက်စက်စွာ မိဘမဲ့ကလေး၏ပစ္စည်းဥစ္စာကိုရယူစားသုံးခြင်း[၁၀]
  7. အလ္လာ ရစူလ် အေမာမ် များနှင့်ပတ်သက်ပြီးလိမ်ညာပြောဆိုခြင်း[၁၁]
  8. စစ်ပွဲမှထွက်ပြေးခြင်း[၁၂]
  9. အမျိုးအဆွေကိုဖြတ်တောက်ခြင်း[၁၃]
  10. စေ့ဟ်ရ် - ပြုစားခြင်း ဆေးလုပ်ခြင်း[၁၄]
  11. ဇေနာ - တရားတော်နှင့်မညီသည့်လိင်ဆက်ဆံမှုပြုခြင်း[၁၅]
  12. လိင်တူဆက်ဆံခြင်း[၁၆]
  13. ခိုးခြင်း
  14. သန့်ရှင်းသောသူများကို ဇေနာ လုပ်သည်ဟုစွပ်စွဲပြောဆိုခြင်း
  15. မှန်ကန်သည့်သက်သေကို မထွက်ဆိုဘဲထိမ်ချန်ဖုံးကွယ်ထားခြင်း[၁၇]
  16. လိမ်ညာပြီးသက်သေထွက်ဆိုခြင်း[၁၈]
  17. ကတိသစ္စာချိုးဖောက်ခြင်း
  18. မျှတမှုမရှိသောသေတမ်းစာ(မှာကြားခြင်း)
  19. အလ်ကိုဟော ပါသောအရာများကို သောက်သုံးခြင်း[၁၉]
  20. အတိုးစားခြင်း[၂၀]
  21. စဟ်သ် - ဟရာမ် ပစ္စည်းနှင့် ဟရာမ် အလုပ်မှအကျိုးအမြတ်ရယူခြင်း
  22. လောင်းကစား ပြုလုပ်ခြင်း[၂၁]
  23. အသေသား- ရှရ်အီး နှင့်မညီဘဲသတ်ထားသောသားကောင်၏အသား- စားသုံးခြင်း ၊ ဝက်သား ၊ သွေး စသည်တို့စားသုံးခြင်း အကျပ်အတည်းအခက်အခဲရှိနေချိန်တွင်သာ လိုအပ်သလောက်ကိုရွေးချယ်စားသုံး ပိုင်ခွင့်ရှိသည်။.
  24. အလေးခိုးခြင်း
  25. သာသနာကို ကိုးကွယ်ဆည်းကပ်ရန်မဖြစ်နိုင်သည့် နေရာဒေသတွင်သွားရောက်နေထိုင်ခြင်း
  26. ဇာလင်မ် အားသူ၏လုပ်ရပ်များ၌ပါဝင်ပံ့ပိုးကူညီခြင်း[၂၂]
  27. ကူညီခြင်းနှင့် ဇာလင်မ် ၏ပံ့ပိုးမှုကိုယုံကြည်ကိုးစားခြင်း
  28. လုပ်ခများကိုခေါင်းပုံဖြတ်ထိမ်ချန်ထားခြင်း[၂၃]
  29. လိမ်ညာ၍ကြိမ်ဆိုခြင်း[၂၄]
  30. မာန်မာနထောင်လွှားခြင်း[၂၅]
  31. ဖြုံးတီးခြင်း[၂၆]
  32. ခယာနသ် - အလွဲသုံးစားပြုခြင်း[၂၇]
  33. အတင်းပြောခြင်း[၂၈]
  34. စကားရောင်းစကားဝယ်လုပ်ခြင်း
  35. ဆိုကရေးတီး အလုပ်များ
  36. ဟဂျ် သွားရောက်ရမည်ကိုအလေးမထားခြင်း[၂၉]
  37. နမါးဇ် ကိုစွန့်လွှတ်ခြင်း[၃၀]
  38. ဇကားသ်မပေးခြင်း[၃၁]
  39. ဂွန်နာဟေစဂီရာ ကို(အကြိမ်ကြိမ်ပြုလုပ်ခြင်း) တိုက်တွန်းခြင်း.[၃၂]
  40. အစ္စသင်မ်နာအ် - တစ်ကိုယ်ရေလိင်အာသာဖြေခြင်း(အရာတစ်ခုခုဖြင့်တစ်ကိုယ်ရေလိင်ဆက်ဆံခြင်း)[၃၃]

ကိုးကား[ပြင်ဆင်ရန်]

  1. گناهان کبیره، جلد۱، ص ۱۱
  2. گناهان کبیره، جلد۱، ص ۲۶
  3. گناهان کبیره، جلد۱، ص ۲۷
  4. گناهان کبیره، جلد۱، ص و ۲۷ و ۲۸
  5. گناهان کبیره، جلد۱، ص ۳۱
  6. گناهان کبیره، جلد۱، صفحهٔ ۶۸
  7. گناهان کبیره، جلد۱، صفحهٔ ۹۵
  8. گناهان کبیره، جلد۱، صفحهٔ ۳۰۲
  9. گناهان کبیره، جلد۱، صفحهٔ ۱۲۳
  10. گناهان کبیره، جلد۱، صفحهٔ ۱۷۳
  11. گناهان کبیره، جلد۱، صفحهٔ ۳۱۰
  12. گناهان کبیره، جلد۲، صفحهٔ ۳۱
  13. گناهان کبیره، جلد۱، صفحهٔ ۱۴۹
  14. گناهان کبیره، جلد۲، صفحهٔ ۷۴
  15. گناهان کبیره، جلد۱، صفحهٔ ۱۹۹
  16. گناهان کبیره، جلد۱، صفحهٔ ۲۲۲
  17. گناهان کبیره، جلد۱، صفحهٔ ۳۵۲
  18. گناهان کبیره، جلد۱، صفحهٔ ۳۴۵
  19. گناهان کبیره، جلد۱، صفحهٔ ۲۴۷
  20. گناهان کبیره، جلد۱، صفحهٔ ۱۸۴
  21. گناهان کبیره، جلد۱، صفحهٔ ۲۷۱
  22. گناهان کبیره، جلد۲، صفحهٔ ۴۳
  23. گناهان کبیره، جلد۲، صفحهٔ ۱۶
  24. گناهان کبیره، جلد۱، صفحهٔ ۳۳۲
  25. گناهان کبیره، جلد۲، صفحهٔ ۱۱۱
  26. گناهان کبیره، جلد۲، صفحهٔ ۹۳
  27. گناهان کبیره، جلد۱، صفحهٔ ۳۷۹
  28. گناهان کبیره، جلد۲، صفحهٔ ۲۳۹
  29. گناهان کبیره، جلد۲، صفحهٔ ۱۹۸
  30. گناهان کبیره، جلد۲، صفحهٔ ۱۶۳
  31. گناهان کبیره، جلد۲، صفحهٔ ۱۷۹
  32. گناهان کبیره، جلد۲، صفحهٔ ۲۲۶
  33. گناهان کبیره، جلد۲، صفحهٔ ۲۹۱
  • کتاب گناهان کبیره، سید عبدالحسین دستغیب شیرازی، انتشارات جهان، تهران، جلد اول، چاپ ششم.
  • کتاب گناهان کبیره، سید عبدالحسین دستغیب شیرازی، انتشارات صبا، تهران، جلد دوم.