ကြက်ဆင်
ပုံပန်းသွင်ပြင်
| ကြက်ဆင် | |
|---|---|
| ကြက်ဆင်အရိုင်းတစ်ကောင်၏ ဓာတ်ပုံ | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Galliformes |
| မျိုးရင်း: | Phasianidae |
| မျိုးရင်းသေး: | Phasianinae |
| မျိုးဇာတ်: | Meleagridini |
| မျိုးစု: | Meleagris လင်းနီးယပ်၊ ၁၇၅၈ |
| အမျိုးအစား မျိုးစိတ် | |
| Meleagris gallopavo (ကြက်ဆင်အရိုင်း) လင်းနီးယပ်၊ ၁၇၅၈ | |
| မျိုးစိတ် | |
ကြီးမားသော ကြက်ရိုင်းကြီး တစ်မျိုးဖြစ်၍ အမောက်တွဲကြီးမှာ နှာမောင်းပုံသဏ္ဌာန် ရှိ၍ ကြက်ဆင်ဟု ခေါ်သမုတ်သည်။ ကြက်ဆင်၏ဇာတိမှာ မြောက်အမေရိကတိုက် ဖြစ်သည်။ ၁၆-ရာစု အစပိုင်းလောက်က စပိန်လူမျိုးတို့သည် ကြက်ဆင်ကို စပိန်နိုင်ငံသို့ စတင်ယူဆောင်လာခဲ့ကြရာမှ ဥရောပတိုက်တွင် ပျံ့နှံ့လာခြင်း ဖြစ်သည်။ ယခုအခါ ကြက်ဆင်ကို နိုင်ငံအသီးသီးတို့တွင် ဟင်းလျာအဖြစ် မွေးမြူနေကြပြီ ဖြစ်သည်။ ကြက်ဆင်၏အရောင်အသွေးတို့မှာ ရောင်စုံတို့ဖြင့် တောက်ပြောင်နေပြီး အမွှေးအတောင်တို့မှာ အကျား အကျား၊ အထပ်ထပ်ဖြင့် လှပပေသည်။ အမြီးမှာ အမြီးမွှေး ၁၄-ချောင်းမှ ၁၈-ချောင်းအထိ ရှိတတ်ပြီး ဂျပန်ယပ်တောင် ဖြန့်ထားသကဲ့သို့ လှပနေသည်။
ဥမှပေါက်ခါစတွင် အလွန်ဂရုစိုက်ရ၍ ကြီးပြင်းလာလျှင် တာဝန်မကြီးလှပေ။ ၁၆-ရာစုမှ စတင်မွေးမြူကြသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ စာအုပ်မှ၊ ၁၉၆၉၊ နိုဝင်ဘာ