ကျွဲပါး စောင်းတီး

ဝီကီပီးဒီးယား မှ

ကျွဲပါး စောင်းတီး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျွဲ၏အနားတွင် စောင်းကို မည်မျှပင် သာယာစွာ တီးစေကာမူ ကျွဲအဖို့ အချည်းနှီးသာ ဖြစ်သကဲ့သို့ အကောင်းအဆိုး မသိသူအား တန်ဖိုးရှိသော စကားကို နားဝင်အောင် မည်မျှပင် ပြောကြားစေကာမူ ထိုသူအဖို့ အချည်းနှီးသာဖြစ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဘူးနားပင်းတွင်၊ ရေမဝင်သို့၊ နားပြင်မကြား၊ အလွတ်သွား၍၊ ကျွဲပါး စောင်းတီး၊" [၁၂၆၆] မဃ * ၄၆၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၀