ကျွဲကျောင်း​ဗျိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကျွဲကျောင်းဗျိုင်း
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))[၁]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Pelecaniformes]]
မျိုးရင်း [[Ardeidae]]
မျိုးစု '''''Bubulcus'''''
မျိုးစိတ် '''''B. ibis'''''
ဒွိနာမ
''Bubulcus ibis''


မြန်မာနိုင်ငံတွင် ကျွဲကျောင်းဗျိုင်းကို ကွင်းပြင်၊ လယ်ပြင် နှင့် ကမ်းခြေများ၌ အများအပြား တွေ့နိုင်သည်။ ကျွဲနွားများ အနီးတွင် အမြဲတွေ့ရသောကြောင့် ကျွဲကျောင်းဗျိုင်းဟု ခေါ်ခြင်း ဖြစ်သည်။

အလျားလက်မ ၂ဝ ရှိသည်။ ဝါသောနှုတ်သီးနှင့် ညိုမည်း သောခြေထောက်များ ရှိသောကြောင့် အခြားဗျိုင်းနှင့် ခွဲခြား၍ ရသည်။

ကျွဲကျောင်းဗျိုင်းသည် ကျွဲနွားများကိုယ်ပေါ်တွင် နားလျက် ကျွဲနွားများ၌ တွယ်ကပ်နေသော ပိုးမွှားများ ကို၄င်း၊ ကျွဲနွား များ လှုပ်ရှားသွားလာခြင်းကြောင့် မြက်ထဲမှ ထပျံသော ပိုးမွှား များကို၄င်း စားသည်။ ငါးကလေးများ၊ ဖားလောင်းခေါ် ဖား တစ်ပိုင်း ငါးတစ်ပိုင်းနှင့် ရေပိုးမွှားများကိုလည်း စားတတ်လေ သည်။

အသိုက်ကို ကုက္ကိုပင်များ၌ ဧပြီလကုန် သို့မဟုတ် မေလ အစလောက်တွင် ပြုလုပ်သည်။ သရက်ပင်၊ ဝါးပင်တို့၌လည်း အသိုက်လုပ်တတ်သေးသည်။ ဥများသည် ဖြူ၍ အပြာပြောက်၊ အစိမ်းပြောက်များရှိသည်။

[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Template:IUCN2008 Database entry includes justification for why this species is of least concern
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)