ကျွန်စနစ် ဖျက်သိမ်းရေး ဝါဒ
ကျွန်စနစ် ဖျက်သိမ်းရေး ဝါဒ သို့မဟုတ် ကျွန်စနစ် ဖျက်သိမ်းရေးလှုပ်ရှားမှုသည် ကျွန်စနစ် အား အဆုံးသတ်ရန် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ဤဝေါဟာရကို တရားဝင် နှင့် အလွတ်သဘောပါ အသုံးပြုနိုင်သည်။ အနောက်ဥရောပနှင့် အမေရိကတိုက်တို့တွင် ကျွန်စနစ် ဖျက်သိမ်းရေးသည် အတ္တလန္တိတ် ကျွန်ကုန်သွယ်မှု ရပ်တန့်ရန်နှင့် ကျွန်များကို လွတ်မြောက်စေရန် သမိုင်းဝင် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ အများအားဖြင့် ပဉ္စမမြောက် ချားလ်း ဧကရာဇ်ဟု လူသိများသော စပိန်ဘုရင် ပထမ ချားလ်စ် သည် ၁၃၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ အတွင်း ကျွန်စနစ်ကိုဖျက်သိမ်းခဲ့သော ပြင်သစ်နိုင်ငံမှ ဒသမမြောက လူးဝစ် ၏ ဥပမာအတိုင်း လိုက်လုပ် ခဲ့သည်။ သူသည် ၁၅၄၂ ခုနှစ်တွင် ကိုလိုနီကျွန်ပြုမှု ကို ဖျက်သိမ်းမည့်ဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း ထိုဥပဒေသည် အကြီးမားဆုံး ကိုလိုနီ ပြည်နယ်များတွင် ပြဋ္ဌာန်းခဲ့ခြင်း မရှိသဖြင့် ထိုနေရာတို့တွင် အကောင်အထည် ဖော်ခဲ့ခြင်း မရှိပေ။ ၁၇ ရာစုနှောင်းပိုင်းတွင် လော်ရန်ဆို ဒါ ဆေးဗာ ဒီ မန်ဒိုကာ ၏ အသနားခံချက်အရ ကျွန်ရောင်းဝယ်မှုကို ရိုမန်ကက်သလစ်ဘုရားကျောင်းတော် က တရားဝင် ပြစ်တင် ရှုတ်ချခဲ့ပြီး ၁၈၃၉ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂရေဂရီ ၁၆ က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ ၁၈ ရာစု နှောင်းပိုင်းတွင် အင်္ဂလိပ်နှင့်အမေရိကန် ကွေကာ ခရစ်ယာန် ဘာသာရေးသမား များမှ ကိုယ်ကျင့်တရားနှင့် ဆက်စပ်၍ မေးခွန်းထုတ်ခဲ့သည်မှ ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားမှု စတင်လာခဲ့သည်။ ။ ဂျိမ်းစ် အိုဂယ်သော့ပ် သည်ကျွန်စနစ်အား ဆန့်ကျင်သော အသိဉာဏ်ပွင့်လင်းမှု ကိစ္စအား စတင် ထုတ်ဖော်ပြောကြားသူများတွင် တစ်ဦးအပါအဝင် ဖြစ်ပြီးဂျော်ဂျီယာပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အပေါ် အခြေခံ၍ တားမြစ်ခဲ့ပြီး ပါလီမန်တွင် ထိကိစ္စ အား ငြင်းခုံဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် သူ့သူငယ်ချင်းများဖြစ်သော ဂရန်းဗီးလ် ရှပ် နှင့် ဟာနမိုးတို့အား ထိုကိစ္စကို တက်ကြွစွာ လုပ်ဆောင်ရန် အားပေးခဲ့သည်။ ၁၇၈၅ သူကွယ်လွန်ပြီး မကြာမီတွင် ရှပ် နှင့် မိုး တို့သည် ဝီလီယမ် ဝေဘာဖို့စ် နှင့် အခြားသူများနှင့် ပူးပေါင်းကာ ကလမ့်ဟန်ဂိုဏ်း အား တည်ထောင်ခဲ့သည်။ [၁]
အင်္ဂလိပ် ဓလေ့ထုံးတမ်း ဥပဒေအရ ကျွန်စနစ်မရှိဟူသော စီရင်ချက်ဖြင့် လွတ်မြောက်လာသည့် ထွက်ပြေးလာသော ကျွန်တစ်ဦး၏ အမှု ဖြစ်သည့် ၁၇၇၂ ခုနှစ် ဆမ်းမားဆက် အမှု သည် ကျွန်စနစ်ကို ဖျက်သိမ်းရေးအတွက် ဗြိတိသျှတို့၏ လှုပ်ရှားမှုကို စတင်ရန် အထောက်အကူ ဖြစ်ခဲ့သည်။ ကျွန်စနစ် ဆန့်ကျင်ရေး စိတ်များသည် ၁၈ ရာစု နှောင်းပိုင်းတွင် ကျယ်ပြန့်လာခဲ့သော်လည်း ကျွန်အလုပ်သမား အသုံးပြုသော ကိုလိုနီများနှင့် ဖွံ့ဖြိုးလာခါစ နိုင်ငံများ ဖြစ်သည့် ဒတ်ချ်၊ ပြင်သစ်၊ ဗြိတိန်၊ စပိန် နှင့် ပေါ်တူဂီတို့၏ အနောက်အင်ဒီးစ်၊ တောင်အမေရိကနှင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းရှိ နယ်မြေများတွင် ဆက်လက်ကျင့်သုံး နေခဲ့သည်။အမေရိကန် တော်လှန်ရေး အပြီးတွင် အမေရိကန်ပြည်ထောင်စုကို ထူထောင်ပြီးနောက် ၁၇၈၀ တွင် မြောက်ပိုင်းပြည်နယ်များတွင် ပင်ဆယ်ဗေးနီးယားပြည်နယ်မှစတင်ကာနောင်လာမည့် ဆယ်စုနှစ် နှစ်ခုအတွင်း တခါတရံတွင် တဖြည်းဖြည်း လွတ်မြောက်ခြင်း အပါအဝင် ကျွန်စနစ်ကိုဖျက်သိမ်းခြင်း အတွက် ဥပဒေများ ပြဋ္ဌာန်းခဲ့သည်။ မက်ဆာချူးဆက်တွင် လူအားလုံး တန်းတူညီမျှရှိကြောင်း ကြေညာသော အခြေခံဥပဒေကို အတည်ပြုခဲ့သည်။ ဤပြဋ္ဌာန်းချက်ကို အခြေခံ၍ ကျွန်ပြုခြင်းကိုစိန်ခေါ်သည့် လွတ်မြောက်ရေး တရားစွဲဆိုမှုများကြောင့် ပြည်နယ်အတွင်းရှိ ကျွန်စနစ်ကို အဆုံးသတ် စေခဲ့သည်။ ၁၇၇၇ မှ ၁၇၉၁ အထိ အသိအမှတ်မပြုသော ပြည်နယ်အဖြစ် တည်ရှိခဲ့သော ဗားမောင့် သည် ၁၇၇၇ တွင် အရွယ်ရောက်ပြီးသူများ ကျွန်ပြုခြင်းအား ဖျက်သိမ်းခဲ့သည်။ ဗာဂျီးနီးယား ကဲ့သို့သော အခြားပြည်နယ်များတွင် အလားတူ အခွင့်အရေးများကို ကြေညာခြင်းအား တရားရုံးများက အာဖရိကန်နှင့် အာဖရိကန်အမေရိကန်များနှင့် မသက်ဆိုင်ဟု အဓိပ္ပာယ်ဖွင့်ဆို ခဲ့ကြသည်။ နောက်ဆက်တွဲ ဆယ်စုနှစ်များအတွင်း ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားမှုများသည် မြောက်ပိုင်းပြည်နယ်များတွင် ကြီးထွားလာခဲ့ပြီး ကွန်ဂရက်မှ ပြည်ထောင်စုသို့ ဝင်ရောက်သော ပြည်နယ်သစ်များတွင် ကျွန်စနစ်တိုးချဲ့ခြင်းကို ထိန်းချုပ်ခဲ့သည်။
၁၇၈၇ ခုနှစ်တွင် ကျွန်ရောင်းဝယ်မှု ဖျက်သိမ်းရေး အကျိုးသက်ရောက်မှု နှင့် သက်ဆိုင်သော အဖွဲ့ကို လန်ဒန်တွင် တည်ထောင်ခဲ့သည်။ ၁၇၉၄ တွင် တော်လှန်ရေး လုပ်နေသော ပြင်သစ်နိုင်ငံမှ အင်ပိုင်ယာ တစ်ခုလုံးတွင် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့သော်လည်း ၁၈၀၂ တွင် နပိုလီယန် က ၎င်း၏ ကိုလိုနီများအပေါ် အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကျွန်စနစ်ကို ပြန်လည် ဖော်ဆောင်ခဲ့သည်။ ဟေတီ (ထိုအချိန်ကစန်တိုဒိုမင်ဂို) သည် ၁၈၀၄ ခုနှစ်တွင် ပြင်သစ်မှ လွတ်လပ်ရေးကို တရားဝင် ကြေညာ ခဲ့ပြီး ၎င်း၏နယ်မြေတွင် ကျွန်စနစ်ကို အဆုံးသတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ မြောက်ပိုင်းပြည်နယ်များ အားလုံးသည် ၁၈၀၄ ခုနှစ်တွင် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့သည်။ ၁၈၀၇ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်း (အိုင်ယာလန်အပါအဝင်) နှင့်အမေရိကန်သည် နိုင်ငံတကာကျွန်ကုန်သွယ်ရေး ကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ဗြိတိန်သည် ကျွန်သင်္ဘောများကို ပိတ်ဆို့ရေး ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သည်။ ဗြိတိန်နိုင်ငံက ယင်း၏ အင်ပါယာတစ်ဝှမ်းလုံးတွင် ကျွန်စနစ် ဖျက်သိမ်းမှုအက်ဥပဒေ ၁၈၃၃ (ထူးဆန်းစွာ အိန္ဒိယ အား ချွင်းချက် အဖြစ်ထားခဲ့သည်။) ဖြင့် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့သည်။ ပြင်သစ်ကိုလိုနီများသည် ၁၈၄၈ တွင် တဖန် ဖျက်သိမ်းခဲ့ပြီး အမေရိကန်သည် ၁၈၆၅ ခုနှစ်တွင် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၃ ကြိမ်မြောက် ပြင်ဆင်မှုဖြင့် ကျွန်စနစ်ကိုဖျက်သိမ်း ခဲ့သည်။
အရှေ့ဥရောပတွင်ဝေါလာချီးယား နှင့် မိုဒေးဗီးယား ရှိ ရိုးမားလူမျိုးများအား ကျွန်အဖြစ်မှ ဖျက်သိမ်းရန် အုပ်စုဖွဲ့ လှုပ်ရှားခဲ့ကြပြီး ရုရှားတွင် လယ်ကျွန များကို ကျွန်အဖြစ်မှ လွတ်မြောက်ရန် အုပ်စုဖွဲ့ လှုပ်ရှား ခဲ့ကြသည်။ ကျွန်စနစ်သည် တရားမဝင်ကြောင်း ၁၉၄၈ ခုနှစ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းဖြင့် ကြေညာခဲ့သည်။ မော်ရီတေးနီးယားနိုင်ငံသည် ကျွန်စနစ်အား နောက်ဆုံး ဖျက်သိမ်းသော နိုင်ငံဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် သမ္မတ အမိန့်ဖြင့် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ [၂] ယနေ့ခေတ်တွင် ကလေးသူငယ်များနှင့် အရွယ်ရောက်ပြီးသူများအား ကျေးကျွန်အဖြစ် စေခိုင်းခြင်း နှင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု များသည် နိုင်ငံအားလုံးနီးပါးတွင် တရားမဝင် သည့် အပြင်နိုင်ငံတကာဥပဒေ နှင့်ဆန့်ကျင်နေသော်လည်း လူကုန်ကူးမှု နှင့် လိင်အနှောင်အဖွဲ့ ကြောင့် လူကုဋေ ပေါင်းများစွာနှင့် ကလေးသူငယ်များ အပေါ် ဆက်လက် သက်ရောက်နေဆဲ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Wilson, Thomas, The Oglethorpe Plan, 201–06.
- ↑ "Slavery's last stronghold", CNN. March 2012.