ကျေးမြီးမ

ဝီကီပီးဒီးယား မှ

အပင်ငယ်မျိုး ဖြစ်ပြီး ၂ပေခွဲခန့် မြင့်သည်။ လက်တင် အမည်မှာ Uraria Picta ဖြစ်သည်။ အကိုင်းများစွာ မြေတွင် ပြန့်သွားသည်။ အပွင့်သည် လုံးပြီး ဖြူကာ အသီးသည် ပြား၍ ကောက်သည်။ ၁ လက်မခန့် ရှည်သည်။ အရွက်သည် ၁ လက်မ မှ ၂ လက်မခွဲခန့် အထိ ရှည်သည်။ အရွက်၏ ကျောဘက်တွင် ကတ္တီပါ မွှေးနုများ ရှိသည်။ ကျေးမြီးငယ် ဟုလည်း ခေါ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ) ၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် " ၊ မင်္ဂလာ ပုံနှိပ်တိုက်