ကျေးတောသူ မနု
ပထမမြန်မာ ရုပ်ရှင်ကား မေတ္တာနှင့်သူရာ ရိုက်ကူးအောင်မြင်ပြီးသောအခါ ဘားမားဖလင်မှ ဒုတိယမြောက်ကားကို ရိုက်ကူးရန် စီစဉ်လေသည်။ မြန်မာအဆွေတိုက်မှ ထုတ်ဝေသည့် ဒဂုန်မဂ္ဂဇင်းမှ ရွှေသစ္စာဦးအုန်းမြိုင် ရေးသားသည့်ဝတ္ထုကို ကျေးတောသူ မနု အမည်ဖြင့် ရိုက်ကူးရန်ဆုံးဖြတ်ခဲ့သည်။ ဒါရိုက်တာ ဦးပု(တုတ်ကြီး)က မင်းသား ညီပု၊ မင်းသမီး မငွေမြိုင် (ခင်ခင်နု)တို့ဖြင့် ရိုက်ကူးခဲ့သည်။ ဤဇာတ်ကား၏ အမည်ကို (Ma Nu, the Village's Gril)ဟူ၍ အင်္ဂလိပ်လိုရေးသားထားရာ အင်္ဂလိပ်စာ၏ အဓိပ္ပါယ်နွှယ်၍ ဤကား၏ အမည်ကို "မနု ကျေးတောသူမလေး" ဟူ၍လည်း အသိအမှတ်ပြုကြသည်။ ဤကားကို ၁၉၂၁-ခုနှစ်၊ မတ်လတွင် စီနီမာ ဒီပဲရစ်ရုံတွင် ရုံတင်ပြသရာ နေ့စဉ်ပွဲတိုင်း ရုံလျှံအောင် ပရိတ်သတ်က အားပေးကြည့်ရှူကြသည်။
မင်းသမီးမငွေမြိုင်သည် ခင်ခင်နု အမည်ဖြင့် နာမည်ကျော်လူကြိုက်များသွားခဲ့သည်။ ဤကားသည် မြန်မာ့ကျေးလက် ဓလေ့ယဉ်ကျေးမှုကို ဖော်ထုတ်သော ကျေးတောသူတစ်ဦး၏ လမ်းစရာ သနားဖွယ်ရာ ဇာတ်လမ်းဖြစ်သည်။ ရိုးသားမှုကို အခြေခံသော မြန်မာကျေးတောသူတို့ ကြုံတွေ့ရတတ်သော ဇာတ်လမ်းဖြစ်ပါသည်။ ဤဇာတ်ကားအမည်ကို အင်္ဂလိပ်နာမည်ဖြင့် ယှဉ်တွဲဖော်ပြထားသည်။ စကားပြောစာတမ်းများကိုလည်း မြန်မာအင်္ဂလိပ် နှစ်ဘာသာဖြင့် ပူးတွဲတင်ပြထားသည်။ မေတ္တာနှင့်သူရာ ကားတွင်လည်း ဤကဲ့သို့ပင် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ပူးတွဲတင်ပြလေ့ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် ရုပ်ရှင်စာတမ်းငယ်တစ်ဆယ်၊ ၁၉၆-ခု၊ ဇန်နဝါရီလ၊ ပအကြိမ်၊ စာ-၂၀၉