မာတိကာသို့ ခုန်သွားရန်

ကျော်ရွှေထွန်း

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်

ကျော်ရွှေထွန်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆
ယခင်လူမရှိ
ဆက်ခံသူဝင်းမြင့်ခိုင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
အထူးအရာရှိ
တာဝန်သက်တမ်း
၁၅ နိုဝင်ဘာ ၂၀၂၃ – ၁ ဖေဖော်ဝါရီ ၂၀၂၅
ယခင်လူကိုယ်တိုင်
ဆက်ခံသူမရှိ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၇
ကြင်ဖော်ဥမ္မာဝင်း
သားသမီးသား ၁ဦး၊သမီး ၁ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်စစ်မှုထမ်း
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲတပ်မတော်(ရေ)
တောင်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်
အမှုထမ်းကာလ၁၉၈၈ - ၂၀၂၅
ရာထူးဗိုလ်ချုပ်

ဗိုလ်ချုပ် ဇေယျကျော်ထင် ကျော်ရွှေထွန်း (၁၉၆၇ ဖွား)သည် မြန်မာတပ်မတော်အရာရှိတစ်ဦးဟောင်း နှင့် သီလဝါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန်လည်း ထမ်းဆောင်ခဲ့သည်။ ယင်းမတိုင်မီက သူသည် ဗိုလ်ချုပ်အဆင့်ဖြင့် တပ်မတော်(ရေ) တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး တာဝန်အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ အထူးအရာရှိလည်း ဖြစ်ခဲ့သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပတ်စဉ်(၃၀) ဆင်း ဖြစ်သည်။စစ်ဦးစီးအရာရှိချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် အပတ်စဉ်တူသည်။တပ်မတော် တွင် နှစ် ၃၀ကျော် တာဝန်ထမ်းဆောင်ပြီး ရာထူးအဆင့်ဆင့်တိုးကာ ဗိုလ်မှူးချုပ် အဆင့်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်ကို ၂၀၂၀ ပြည့်နှစ်တွင် ထမ်းဆောင်သည်။[၁]၂၀၂၃ ခုနှစ် မတ်လ တွင် ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး အဖြစ်မှ တနင်္သာရီအခြေစိုက် ရေတပ်စခန်းဌာနချုပ်၊ တောင်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဖြစ်လာသည်။[၂][၃] ဗိုလ်ချုပ်ရာထူး နှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ အထူးအရာရှိ တာဝန် အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ပါ နေရာပေးခံရသည်။[၄]

ဒုဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်သည်။[၅]ထိုနေ့မှာပင် စစ်ဘက်တာဝန်များမှ အနားပေးခံရသည်။[၆]၂၀၂၆ ခုနှစ် ဧပြီ၁၀ရက်တွင် တာဝန်များမှ အနားယူခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ အာဆီယံ - ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပ။ Myanmar Digital News (၂၉ ဇွန် ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ↑ စစ်ကောင်စီတပ်တွင်း ထိပ်ပိုင်းအရာရှိအချို့ကို အနားပေး၊ ရာထူးတိုး၊ နေရာပြောင်းအလဲလုပ်။ DVB (၁ ဧပြီ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ↑ တနင်္သာရီရေတပ်စခန်းဌာနချုပ် တပ်မတော်(ရေ) ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျွန်းစုမြို့နယ်တွင် ကျင်းပ။ MOI Myanmar (၂၅ ဧပြီ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ↑ စစ်ရှုံးနေချိန် စစ်ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှု ကျောက်ဖြူစီမံကိန်းကို အရေးပေးလာ။ Myanmar Now (၂၈ ဒီဇင်ဘာ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၁ ဖေဖော်ဝါရီ ၂၀၂၅)။ ၃ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ↑ စစ်ခေါင်းဆောင်က ဗိုလ်ချုပ် ၂ ဦးကို တာဝန်က အနားပေး။ DVB (၃ ဖေဖော်ဝါရီ ၂၀၂၅)။ ၃ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။