မာတိကာသို့ ခုန်သွားရန်

ကျော်မိုးသက်

ဝီကီပီးဒီးယား မှ
ကျော်မိုးသက်
ကျော်မိုးသက် (၂၀၂၆)
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
တံတားဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ မတ် ၂၀၂၆
ယခင်လူမင်းမင်းနီ
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
မဲဆန္ဒနယ်တံတားဦးမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁)
အနိုင်ရမဲ အရေအတွက်မဲ ၁၅၃၁၂
(၄၉.၇၀ ရာခိုင်နှုန်း) [၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွားကျော်ကျော်
(1967-06-26) ဇွန် ၂၆၊ ၁၉၆၇ (အသက် ၅၉)
ကသာမြို့
နိုင်ငံသားမြန်မာ
လူမျိုးဗမာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်စုစုတင်
သားသမီးသမီး ၂ ဦး
မိဘသက်တင် (ဖခင်)
နေထိုင်ရာတံတားဦးမြို့
ပညာရေးစစ်တက္ကသိုလ်
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်စစ်မှုထမ်း (အငြိမ်းစား)
ကျွမ်းကျင်မှုဗိုလ်မှူးချုပ်
ဆုတံဆိပ်များစာပေထူးချွန်ဆု (စစ်တက္ကသိုလ်)

ဦးကျော်မိုးသက် ( ၂၆ ဇွန် ၁၉၆၇ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် အငြိမ်းစား တပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး တံတားဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ အရွေးချယ်ခံထားရသူဖြစ်သည်။[၂][၃]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဦးကျော်မိုးသက်ကို ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကသာမြို့၌ မွေးဖွားခဲ့သည်။ ဖခင်မှာ ဦးသက်တင်နှင့် မိခင်မှာ ဒေါ်မာနွယ်တို့ ဖြစ်သည်။ ၎င်းသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၃၀) ဆင်းဖြစ်ပြီး စစ်တက္ကသိုလ်တွင် စာပေထူးချွန်ဆု ရရှိခဲ့သည်။ ပညာအရည်အချင်းအနေဖြင့် ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) နှင့် ဥပဒေဒီပလိုမာတို့ ရရှိထားသည်။[၄]

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

တပ်မတော် (လေ) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကာ အငြိမ်းစားယူခဲ့သည်။၎င်း၏ ပြန်တမ်းဝင်အမှတ်မှာ လေ-၂၀၀၆ ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်(လေ) အဖြစ် နောက်ဆုံးထမ်းဆောင်ခဲ့သည်။[၅]

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး တံတားဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် အရွေးချယ်ခံခဲ့ရသည်။ လက်ရှိတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ယူလျက်ရှိသည်။[၆]

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဇနီးဖြစ်သူမှာ စစ်သူနာပြု (ဗိုလ်ကြီး-ငြိမ်း) ဒေါ်စုစုတင် ဖြစ်သည်။ သမီးနှစ်ဦး ထွန်းကားခဲ့ပြီး ၎င်း၏ အစ်ကိုဖြစ်သူမှာ ရေကြောင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် နေမိုးသက် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၂၆)။ ၁၂ ဇွန် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ↑ Lin၊ Editor Htein (2026-04-08)။ တိုင်းဒေသကြီးအဆင့် ဝန်ကြီး အမည်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်း (in en-US)။ 2026-06-12 တွင် ပြန်စစ်ပြီး။
  3. ↑ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ဖွင့်ပွဲတက်ရောက် (in my)။ 2026-06-12 တွင် ပြန်စစ်ပြီး။
  4. ↑ ဦးကျော်မိုးသက် – မန္တလေးတိုင်းဒေသကြီးလွှတ်တော် (in en-US)။ 2026-06-12 တွင် ပြန်စစ်ပြီး။
  5. ↑ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသတ္တမနေ့ ကျင်းပ | Information and Public Relations Department (in en)။ 2026-06-12 တွင် ပြန်စစ်ပြီး။
  6. ↑ ငလျင်ဒဏ်သင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်း အသစ်များ တည်ဆောက် (in my)။ 2026-06-12 တွင် ပြန်စစ်ပြီး။