ကျော်မင်းဦး (ဘောလုံးသမား)
| ကိုယ်ရေးအချက်အလက်များ | |||
|---|---|---|---|
| အမည် အပြည့်အစုံ | ကျော်မင်းဦး | ||
| မွေးသက္ကရာဇ် | ၁၆ ဇွန်၊ ၁၉၉၆ | ||
| မွေးရပ်ဇာတိ |
အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့၊ ပဲခူးတိုင်းဒေသကြီး | ||
| အရပ်အမြင့် | ၁.၇၅ m (၅ ft ၉ in) | ||
| ကစားသည့်နေရာ | အလယ်တန်း (အလယ်) | ||
| ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ရန်ကုန်ယူနိုက်တက် | ||
| အင်္ကျီနံပါတ် | ၆ | ||
| လူငယ်ဘဝကလပ်များ | |||
| ၂၀၁၀ | အားကစားကောလိပ် (ရန်ကုန်) | ||
| ၂၀၁၁-၂၀၁၃ | မန္တလေးဘောလုံးအကယ်ဒမီ | ||
| အကြီးတန်း ကစားသမား* | |||
| ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
| ၂၀၁၄–၂၀၁၅ | ဧရာဝတီယူနိုက်တက် | ၁၀ | (၂) |
| ၂၀၁၆-လက်ရှိ | ရန်ကုန်ယူနိုက်တက်[၁] | ||
| နိုင်ငံကိုယ်စားပြုအသင်း‡ | |||
| ၂၀၁၁ | မြန်မာ ယူ-၁၆ | ၄ | (၀) |
| ၂၀၁၃-လက်ရှိ | မြန်မာ ယူ-၁၉[၂] | ၁၂ | (၀) |
| ၂၀၁၃-လက်ရှိ | မြန်မာ ယူ-၂၃ | ၆ | (၀) |
| ၂၀၁၄-လက်ရှိ | မြန်မာ | ၃ | (၀) |
|
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် | |||
ကျော်မင်းဦး သည် အသက် ၂၃ နှစ်အောက် မြန်မာ အမျိုးသား ဘောလုံးအသင်းမှ အလယ်တန်း ကစားသမား တစ်ဦးဖြစ်သည်။ မိခင်ကလပ်အသင်းမှာ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း ဖြစ်သည်။ ကျော်မင်းဦးကို ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့တွင် မွေးဖွားခဲ့သည်။ မန္တလေးဘောလုံးအကယ်ဒမီတွင် ၂၀၁၁ ခုနှစ်မှ စ၍ သုံးနှစ်ကြာ ပညာသင်ကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးသောအခါ ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ပြီး ထပ်မံစာချုပ်ချုပ်ခဲ့သည်။ 2011 AFF U-16 လူငယ် ချန်ပီယံရှစ်ပြိုင်ပွဲမှစတင်ပြီး မြန်မာ ယူ-၁၆ အသင်းတွင် ပါဝင်ကာ နိုင်ငံအတွက် ပထမဆုံး စတင်ကစားခဲ့သည်။ ထို မြန်မာ ယူ-၁၆ အသင်းမှ စတင်ကာ နိုင်ငံအသင်းများတွင် အဆင့်ဆင့် ကစားခဲ့သည်။ သူသည် အလိမ်အခေါက်ကျွမ်းကျင်ပိုင်နိုင်သော ကစားသမားတစ်ဦးဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင် ကစားခဲ့သော FIFA U-20 World Cup တွင် မြန်မာ ယူ-၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
ဂုဏ်ပြုဆုများ
[ပြင်ဆင်ရန်]- 2014 Hassanal Bolkiah Trophy
- ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ YGN UTD[လင့်ခ်သေ]
- ↑ "AFC U-19 Championship results"၊ AFC၊ 11 October 2014။
| ဤ အတ္ထုပ္ပတ္တိ မြန်မာဘောလုံးအားကစားနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |