ကျော်မင်းဦး (ဘောလုံးသမား)

ဝီကီပီးဒီးယား မှ
ကျော်မင်းဦး
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ကျော်မင်းဦး
မွေးသက္ကရာဇ် (1996-06-16) ၁၆ ဇွန်၊ ၁၉၉၆ (အသက် ၂၇)
မွေးရပ်ဇာတိ အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံမြန်မာနိုင်ငံ
အရပ်အမြင့် ၁.၇၅ m (၅ ft ၉ in)
ကစားသည့်နေရာ အလယ်တန်း (အလယ်)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရန်ကုန်ယူနိုက်တက်
အင်္ကျီနံပါတ်
လူငယ်ဘဝကလပ်များ
၂၀၁၀ အားကစားကောလိပ် (ရန်ကုန်)
၂၀၁၁-၂၀၁၃ မန္တလေးဘောလုံးအကယ်ဒမီ
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၄–၂၀၁၅ ဧရာဝတီယူနိုက်တက် ၁၀ (၂)
၂၀၁၆-လက်ရှိ ရန်ကုန်ယူနိုက်တက်[၁]
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၁ မြန်မာ ယူ-၁၆ (၀)
၂၀၁၃-လက်ရှိ မြန်မာ ယူ-၁၉[၂] ၁၂ (၀)
၂၀၁၃-လက်ရှိ မြန်မာ ယူ-၂၃ (၀)
၂၀၁၄-လက်ရှိ မြန်မာ (၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး အောက်တိုဘာ ၂၀၊ ၂၀၁၄အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ အောက်တိုဘာ ၂၀၊ ၂၀၁၄ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကျော်မင်းဦး သည် အသက် ၂၃ နှစ်အောက် မြန်မာ အမျိုးသား ဘောလုံးအသင်းမှ အလယ်တန်း ကစားသမား တစ်ဦးဖြစ်သည်။ မိခင်ကလပ်အသင်းမှာ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း ဖြစ်သည်။ ကျော်မင်းဦးကို ပဲခူးတိုင်းဒေသကြီးအုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့တွင် မွေးဖွားခဲ့သည်။ မန္တလေးဘောလုံးအကယ်ဒမီတွင် ၂၀၁၁ ခုနှစ်မှ စ၍ သုံးနှစ်ကြာ ပညာသင်ကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးသောအခါ ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ပြီး ထပ်မံစာချုပ်ချုပ်ခဲ့သည်။ 2011 AFF U-16 လူငယ် ချန်ပီယံရှစ်ပြိုင်ပွဲမှစတင်ပြီး မြန်မာ ယူ-၁၆ အသင်းတွင် ပါဝင်ကာ နိုင်ငံအတွက် ပထမဆုံး စတင်ကစားခဲ့သည်။ ထို မြန်မာ ယူ-၁၆ အသင်းမှ စတင်ကာ နိုင်ငံအသင်းများတွင် အဆင့်ဆင့် ကစားခဲ့သည်။ သူသည် အလိမ်အခေါက်ကျွမ်းကျင်ပိုင်နိုင်သော ကစားသမားတစ်ဦးဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင် ကစားခဲ့သော FIFA U-20 World Cup တွင် မြန်မာ ယူ-၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

ဂုဏ်ပြုဆုများ[ပြင်ဆင်ရန်]

  • 2014 Hassanal Bolkiah Trophy
  • ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

ကိုးကား[ပြင်ဆင်ရန်]