ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကျော်ဆွေ
ပြည်ထဲရေး ဝန်ကြီးဌာန
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၆
ယခင်လူ ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး
နယ်စပ်ရေးရာ ဝန်ကြီး
တာဝန်သက်တမ်း
၂၀၁၅ – ၃၀ မတ် ၂၀၁၆
ယခင်လူ သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
ဆက်ခံသူ ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး
ကိုယ်ရေး အချက်အလက်များ
လူမျိုး မြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော်
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ သူသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၅ ဩဂုတ် ၁၃ ရက်နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၂)မှ သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ စစ်ဦးစီးအရာရှိချုပ် (ကြည်း)နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]