ကျော်စွာဝင်း (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ

မင်းသားကျော်စွာဝင်း[ပြင်ဆင်ရန်]

စွယ်စုံရမင်းသားကြီး ဝင်းဦး၏ မွေးစားသားအဖြစ် လူသိများသော မင်းသားကျော်စွာဝင်း သည် မေလ၁၁ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားပြီဟုသိရသည်။ မေလ ၁၃ရက်နေ့ ညနေ၃နာရီတွင်ရေဝးသုသန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မှာဖြစ်ပြီး ကွယ်လွန်သူအားရည်စူးပြီး ၁၇ ရက်နေ့မနက် ၇နာရီမှ၁၂အထိ ရန်ကုန်မြို့ အမှတ် ၂၆ သရဖီလမ်း၊ အလုံမြို့နယ် နေအိမ်တွင် ရက်လယ် ဆွမ်းကျွေးမည်ဟုသိရသည်။ မင်းသားကျော်စွာဝင်းနဲ့ ဇာတ်ကားတွဲရိုက်ဖူးသူ ဒါရိုက်တာ ပန်းချီစိုးမိုးက “ သူနဲ့ဇာတ်ကားတစ်ကားရိုက်ဖူးတယ်။ အန်တီညိုနဲ့ပဲ။ ဝင်းဦးကသူ့ကိုဖြစ်စေချင်တယ်။ ခက်တာကသူ့ကို အရက်ကဖျက်တယ်။ သူနဲ့ရိုက်ခဲ့တဲ့ကားလည်း ရုံတင်တော့ တော်တော်ကို မြတ်တယ်။ သူ့မှာအနုပညာပါပေမယ့် အရက်ကြောင့် ဒီလိုဖြစ်တာ မျိုးဆက်သစ်လူငယ်တွေအတုယူသင့်တယ်။”ဟုဦးစိုးမိုးကပြောသည်။ အရင်ဇာတ်ကားဟောင်းများကို ပြန်လည်ဖော်ထုတ် တင်ပြသူ ဒါရိုက်တာ ကြည်စိုးထွန်းကလဲ“သူနဲ့ကားရိုက်တစ်ခါမှ မကြုံဖူးဘူး။ ဒါပေမယ့် သူသရုပ်ဆောင်ခဲ့တဲ့ ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် ဇာတ်ကားကို ပြဖို့ ဖုန်းနဲ့တစ်ခါပြောဖြစ်တယ်။ ဝင်းဦးမွေးစားသား ဆိုပြီးတော့ လူတွေသိထားတာ မိသားစုနဲ့ ထပ်တူဝမ်းနည်းပါတယ်။”ဟုဒါရိုက်တာကြည်စိုးထွန်းကပြောသည် ဦးကျော်စွာဝင်းသည် ပန်းမြို့တော်သို့ခြေလှမ်းသုံးဆယ် ဇာတ်ကားဖြစ် ထင်ရှားကျော်ကြားလာခဲ့ပြီး ထိုခေတ်ထိုခါကလူကြိုက်များခဲ့သောအမျိုးသားသရုပ်ဆောင်တစ်ဦး ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပေါ်ပြူလာဂျာနယ်၊ရန်ကုန်-မေ(၁၂)