မာတိကာသို့ ခုန်သွားရန်

ကျော်စိုးဦး (People Media)

ဝီကီပီးဒီးယား မှ
ကျော်စိုးဦး
မွေးဖွား၁၉၈၈
မြန်မာ
နိုင်ငံသားမြန်မာ
အလုပ်အကိုင်ဂျာနယ်လစ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၃ – လက်ရှိ
အလုပ်ရှင်People Media
ကျော်ကြားမှုအရင်းခံတပ်မတော်ထောက်ခံသူ
ဝက်ဘ်ဆိုဒ်People Media's website

ကျော်စိုးဦး (၁၉၈၈ ဖွား) သည် မြန်မာနိုင်ငံမှ ဂျာနယ်လစ်တစ်ဦး ဖြစ်ပြီး၊ People Media နှင့် တွဲစပ်ပတ် သက်၍ လူသိများသူဖြစ်သည်။၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် တပ်မတော် ကို ပေါ်ပေါ်တင်တင်အားပေးထောက်ခံပြီး စစ်တပ်ဆန့်ကျင်အတိုက်အခံအင်အားစုများကို အပြစ်ဖို့သူတစ်ဦး အဖြစ်လည်း ထင်ရှားသည်။

အစပိုင်းဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ကျော်စိုးဦးကို ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မွေးဖွားခဲ့သည်။၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့ သို့ ရောက်ရှိလာပြီး အပတ်စဉ်ထုတ် သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် စတင်ဖြတ်သန်းခဲ့သည်။ယင်းနောက် အွန်လိုင်းရုပ်သံ လူထုမီဒီယာ တွင် သတင်းသမားအဖြစ် အလုပ်ဝင်သည်။နှစ်အနည်းငယ်အကြာမှာပင် အယ်ဒီတာအဖြစ် တာဝန်ပေးခံရသည်။လူထုမီဒီယာက ဖော်ပြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ အတိုက်အခံအဖွဲ့များ နှင့် သူရရွှေမန်းအား ဝေဖန်သူတို့၏ အင်တာဗျူးရုပ်သံများသည် အ များပြည်သူ စိတ်ပါဝင်စားသော အင်တာဗျူးများ ဖြစ်ခဲ့သည်။ထိုအင်တာဗျူးအချို့တို့ကြောင့်ပင် အငြိမ်း စား ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူက ဦးလှဆွေ၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့သည်အထိ ဖြစ်ခဲ့သည်။[] ဥပဒေရုံးက အမှုဖွင့်ခြင်းကို ဥပဒေနှင့်မညီဟုဆိုကာ လက်မခံခဲ့သည့်အတွက် ထိုအမှုဖွင့်ခြင်း အဆုံးသတ်သွားသည်။ လူထုမီဒီယာကို People Media အဖြစ်သို့ အမည်ပြောင်းလဲသည်အထိ သူသည် အယ်ဒီတာအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်မူ ထိုသတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သွားသည်။

ထင်ရှားသော သတင်းဖော်ပြမှုများ

[ပြင်ဆင်ရန်]

ကျော်စိုးဦးသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းမှုကာလအတွင်း စစ်တပ်အဖွဲ့၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို တစ်ကိုယ်တော်သတင်းတင်ဆက်ထုတ်လွှင့်မှုတို့ဖြင့် လည်းကောင်း၊သူဦးဆောင်သော People Media မှတဆင့် သတင်းရေးသားဖော်ပြခြင်းဖြင့် လည်းကောင်း ထိုးနှက်တိုက်ခိုက် သည်။[][][][]သူတင်ဆက်သည့် သတင်းများထဲတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ရက်က လားရှိုးတိုက်ပွဲ နှင့်စပ်လျဉ်းပြီး အသံကျယ်ကျယ် ဟစ်နိုင်ရန် တပ်မတော်အနေဖြင့် လုပ်ပြသင့်၊ ရဟတ်ယာဉ်တစ်စီး ဖြင့် တိုက်ခိုက်နေသည်ထက် များများသေစေရန် သုံးစီးလောက်ဖြင့် ပစ်သင့်ဆိုသည့် တင်ဆက်မှု နှင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက် က စဥ့်ကူးမြို့သိမ်းတိုက်ပွဲ နှင့်စပ်လျဉ်းပြီး မြေကျန်ရင် ရပြီ၊ အဆောက်အဦးက ပြန်ဆောက်လို့ရတယ် ဟု ဆိုကာ စစ်တပ်ကို ဗုံးကြဲတိုက်ခိုက်ခိုင်းသည့် တင်ဆက်မှုတို့မှာ ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ [] စစ်တပ်၏ သတင်းစာရှင်းလင်းပွဲများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ဖိအားပေးခိုင်းသည့် ပြင်းထန်သည့် မေးခွန်းများမေးမြန်းတတ်ရာ ယင်းအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ဗိုလ်ချုပ် ဂွမ်မော်က ကျော်စိုးဦး၏ လုပ်ရပ်များကို မှတ်တမ်းတင်ထားကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြရသည်အထိ အတိုက်အခံများ၏ မကျေနပ်မှုကို ခံခဲ့ရသည်။ []

ဖမ်းဆီးခံရခြင်း

[ပြင်ဆင်ရန်]

သူသည် စစ်တပ်ကို ထောက်ခံသော်လည်း စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့၏ လုပ်ရပ်အချို့ကိုမူ ပြင်းပြင်းထန်ထန်ဝေဖန်သည်။အထူးအားဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၈ရက်က ကချင်ပြည်နယ်မှာ ဆွမ်ပရာဘွမ်တိုက်ပွဲ အတွင်း သေဆုံးခဲ့သည့် ရဲအုပ်နေလင်းဟိန်း၏ အင်းစိန်မြို့ နာရေးအိမ်သို့ ရဲအရာရှိများ လာရောက်ခြင်းမရှိသည့်အပေါ် ဝေဖန်ပြစ်တင်မှုက ထင်ရှားခဲ့သည်။ထိုကိစ္စကြောင့်ပင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရသည်။နေပြည်တော်၊ ဇမ္ဗူသီရိမြို့မရဲစခန်းတွင် ပုဒ် မ ၅၀၅ (က)ဖြင့် ကနဦးအမှုဖွင့်ခြင်းခံရသည်။[][]ရက်အနည်းငယ်အကြာမှာပင် ရဲက အမှုမဖွင့်တော့ဘဲ ပြန်လွှတ်ပေးသည်။[၁၀][၁၁]၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ရက်နေ့တွင် ၎င်း၏ သတင်းထုတ်လွှင့်မှုတစ်ခုနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ်ထပ်မံ ဖမ်းဆီးခံရသည်။အမျိုးသားရေးတက်ကြွလှုပ်ရှားသူများဟု ဆိုသူများက ဖမ်းဆီးခံရသည့် အပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန် ဝေဖန်ကြသည်။ဖမ်းခံရစဉ် People Media ၏ သတင်းထုတ်လွှင့်မှုပါ ရပ်ဆိုင်းသွားသည်။ရက်အနည်း ငယ်အကြာမှာပင် ပြန်လည်လွတ်မြောက်လာပြီး သတင်းတင်ဆက်မှုများ ပြုလုပ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဦးလှဆွေ၊ ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်း တို့ကို ဦးရွှေမန်း ဘက်က ဘာကြောင့် အမှုဖွင့်ခဲ့ သလဲThe Irrawaddy (၈ ဇူလိုင် ၂၀၁၉)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. "စစ်ကောင်စီနှင့် စစ်တပ်လော်ဘီ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ် ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာ"၊ 10 August 2024။ 
  3. "နောင်ချိုတွင် ဗုံးကြဲခံရ၍ ပြည်သူများ သေဆုံးမှုကို TNLA နှင့် PDF များဟု စစ်တပ်ဝါဒဖြန့် ကျော်စိုးဦး သတင်းအမှားဖြန့်‌"၊ 13 November 2024။ 19 February 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 13 April 2025။ 
  4. Myanmar Press Freedom Under Siege (20 December 2024)။ 13 February 2025 တွင် ပြန်စစ်ပြီး။
  5. Shine Bu Chay။ "နိုဝင်ဘာ ဒုတိယပတ်အတွင်း MPA က အချက်အလက်စစ်ဆေးခဲ့သော သတင်းအမှားမျာ"၊ MPA News၊ 15 November 2024။ 24 February 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 13 April 2025။ 
  6. မြေကျန်ရင် ရပြီMyanmar Internet Project (၆ အောက်တိုဘာ ၂၀၂၄)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. စစ်တပ်ထောက်ခံအားပေးသူ People Media မှ ကိုကျော်စိုးဦးကို စစ်တပ်က ဖမ်းဆီး၍ အကျဉ်းထောင်ပို့ayartimes (၂၂ မတ် ၂၀၂၄)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. "စစ်တပ်ထောက်ခံသူ ဦးကျော်စိုးဦးကို စစ်တပ်က ပြန်ဖမ်းပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်"၊ DVB News၊ 22 March 2024။ 
  9. "တပ်ထောက်ခံသူ အင်အားလျှော့သွားမည်စိုးရိမ်ပြီး စစ်တပ်က တပ်လော်ဘီကျော်စိုးဦးကို ပြန်လွှတ်"၊ DVB News၊ 25 March 2024။ 
  10. "People Media chief editor released"၊ 26 March 2024။ 
  11. "စစ်တပ်‌ထောက်ခံသူ ကျော်စိုးဦး ဖမ်းဆီးခံရခြင်း‌ကို စစ်တပ်လော်ဘီများ နှုတ်ဆိတ်နေရ"၊ 21 March 2024။