ကျော်ကျော်စိုး
ဗိုလ်မှူးချုပ်(ငြိမ်း)၊ ဦး ကျော်ကျော်စိုး | |
|---|---|
| တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၀ မတ် ၂၀၂၆ | |
| ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၀ မတ် ၂၀၂၆ | |
| ယခင်လူ | ဦးမြင့်သွင် (NLD) (၂၀၁၅ ရွေးကောက်ပွဲ) |
| မဲဆန္ဒနယ် | မြောက်ဥက္ကလာပ အမှတ်(၂) |
| အနိုင်ရမဲ အရေအတွက် | အချိုးကျကိုယ်စားပြုစနစ်ဖြင့် |
| ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဖေဖော်ဝါရီ ၂၀၂၄ | |
| ယခင်လူ | ရဲမှူးချုပ် မျိုးမင်းထိုက် (ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး-ပူးတွဲတာဝန်) |
| အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၀ ဒီဇင်ဘာ ၂၀၂၀ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| တာဝန်သက်တမ်း ၁၈ ဇန်နဝါရီ ၂၀၁၆ – ၃၀ ဒီဇင်ဘာ ၂၀၂၀ | |
| တာဝန်သက်တမ်း ၂၃ ဩဂုတ် ၂၀၁၅ – ၁၈ ဇန်နဝါရီ ၂၀၁၆ | |
| ယခင်လူ | ဗိုလ်မှူးချုပ် အောင်ကျော် (ကြည်း-၁၉၇၁၇) |
| ဆက်ခံသူ | တာဝန်ပြီးဆုံး |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၄ ဩဂုတ်၊ ၁၉၆၂ စကုမြို့၊ မကွေးတိုင်း |
| နိုင်ငံသား | မြန်မာ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| ပညာရေး | ဝိဇ္ဇာဘွဲ့(စိတ်ပညာ) |
| အလုပ်အကိုင် | စစ်မှုထမ်း |
| ဆုတံဆိပ်များ | |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၁ - ၂၀၂၃ |
| ရာထူး | ဗိုလ်မှူးချုပ် |
| တပ် | ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) |
ဦးကျော်ကျော်စိုး (၄ ဩဂုတ် ၁၉၆၂ မွေးဖွား)သည် အငြိမ်းစား ဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး၊ လက်ရှိ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။ [၂]
သူသည် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် လွှတ်တော်သက်တမ်း ၂ ကြိမ်အထိ ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်ခဲ့သည် ။ဦးကျော်ကျော်စိုးသည် တပ်မတော်တွင် ဒုစစ်တိုင်းမှူး ၊တပ်မမှူး အစရှိသည့် တာဝန်များ ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]မကွေးတိုင်းဒေသကြီး၊ စကုမြို့တွင် မွေးဖွားခဲ့သည်။ ချင်း၊ရခိုင်၊ ယောနယ်စပ် ငဖဲမြို့တွင် ကြီးပြင်းခဲ့သည်။ ငယ်စဉ်ဘဝအား ပညာရေးတစ်ဖက်တစ်လမ်းဖြင့်၊ မိဘများနှင့်အတူ တောင်ယာလုပ်ငန်း၊မုဆိုး၊တံငါလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် ဖြတ်သန်းခဲ့သည်။
၁၉၈၀ပြည့်နှစ် တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။တပ်မတော်သို့ ဝင်ကာ၊ ယင်းနောက် တပ်မတော်(ကြည်း)၊ O.T.S အမှတ်စဉ် (၁၀)သို့ တက်ရောက်ခဲ့သည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်ရင်း စိတ်ပညာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ကို အဝေးသင်ဖြင့် ရရှိခဲ့သည်။
သူသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်ပြီး၊ ထိုမှ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)ကို ရရှိထားသူလည်း ဖြစ်သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]သူသည် ၁၉၈၀ပြည့်နှစ်၊ဆယ်တန်းအောင်ပြီးကတည်းက တပ်မတော်ထဲ ဝင်ရောက်ပြီး၊ကြည်း - ၁၈၁၃၅ ဖြင့် စစ်မှုထမ်းခဲ့သူဖြစ်သည်။
သူသည် နှစ် ၃၀ကြာ စစ်မှုထမ်းပြီးနောက် ၂၀၁၀ပြည့်နှစ်၊အောက်တိုဘာ၉ရက်တွင် အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် ၏ တပ်မမှူး ဖြစ်လာသည်။ထိုတာဝန်ကို ၂၀၁၁ခုနှစ် မေလ ၆ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။ထို့နောက် ရခိုင်ပြည်နယ်၊ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၏ တပ်မမှူး၊ယင်းမှတဆင့် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ဒုတိယတိုင်းမှူး တာဝန်များထမ်းဆောင်ခဲ့သည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဘဝ
[ပြင်ဆင်ရန်]ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် ၂၀၁၅ ခုနှစ်၊ဩဂုတ် ၂၃ ရက် တွင် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးချုပ် အောင်ကျော် နေရာသို့ အစားထိုးခန့်အပ်ခြင်းဖြင့် ကြေညာခံရသည်။[၃]
သူသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၏ ဒုတိယတိုင်းမှူး အဖြစ်မှ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်သို့ ပြောင်းရွှေ့ခြင်းဖြင့် လွှတ်တော်နိုင်ငံရေးဘဝကို စတင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်အဆင့် (၅)ဦးထက်မနည်းဝန်းကျင်သာရှိသည့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အမျိုးသားလွှတ်တော်၊ဥပဒေကြမ်းကော်မတီ၊တိုင်းရင်းသားရေးရာကော်မတီနှင့်ပြည်သူ့ငွေစာရင်းစိစစ်ရေးကော်မတီ တို့တွင် ပါဝင်ခဲ့သည်။[၄]
ထို့နောက် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်သက်တမ်းတွင် ဆက်၍တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၃၀ တွင်လည်း တတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်သက်တမ်းအတွက် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကြေညာခဲ့သည်။[၅] [၆]
သို့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲရလဒ်များ ဖျက်သိမ်းခံခဲ့ရ၍ ၎င်း၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တာဝန်သည် မထမ်းဆောင်လိုက်ရဘဲ အဆုံးသတ်သွားခဲ့သည်။ သူသည် စစ်ဘက်ဆိုင်ရာတာဝန်များကိုမူ ဆက်လက်ထမ်းဆောင်ရသည်။၂၀၂၃ ခုနှစ်၊ ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းဝင်ရောက်ခံရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြစဉ် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၏ တာဝန်ခံဖြစ်သည်။[၇][၈] ၂၀၂၃ ခုနှစ်၊ ဇူလိုင်နောက်ဆုံးပတ်တွင် သူသည် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။[၉]
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]တိုင်းဒေသကြီးဘဝ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နေပြည်တော်ကောင်စီဝင်နှင့် တိုင်း/ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာများရှိ ရဲမှူးချုပ်/ရဲမှူးကြီးများကို ရာထူးမှ ဖယ်ရှားပြီး ၎င်းတို့နေရာတွင် အစားထိုးခန့်အပ်မှုများကို ပြုလုပ်ခဲ့သည်။[၁၀] [၁၁] ထိုတွင် ဦးကျော်ကျော်စိုးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ရေးပါတီ အချိုးကျကိုယ်စားပြုစနစ် ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မိခင်ပါတီဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းသည် မဲအများဖြင့် အနိုင်ရခဲ့သဖြင့် ၎င်းသည် မြောက်ဥက္ကလာပ မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။
၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်တွင် ကျင်းပသော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့သည်။[၁၂]
စာရေးသားမှု
[ပြင်ဆင်ရန်]သူသည် စာပေရေးသားခြင်းကို ဝါသနာပါသူဖြစ်သည်။၁၉၉၀ပြည့်နှစ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် မဂ္ဂဇင်းတွင် ဗိုလ်ကျော်(ငဖဲ)ကလောင်အမည်ဖြင့် စတင်ရေးသားခြင်းဖြင့် စာပေဘဝကို စတင်ခဲ့သည်။ သူသည် မောင်ရိုး(ငဖဲ)၊ စာရေးဆရာ ငဖဲကလောင်အမည်များကို အသုံးပြုရေးသားခဲ့သည်။[၁၃] တပ်မတော်က ထုတ်ဝေသည့် စာပေနှင့်မဂ္ဂဇင်းများတွင်သာ အများဆုံး ရေးသားလေ့ရှိသူလည်း ဖြစ်သည်။
ဆုရရှိမှုများ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ အမျိုးသားစာပေဆု ချီးမြှင့်မှုတွင် စာပဒေသာဆု ဖြင့် ၎င်းရေးသားသည့် "လွမ်းရတမ်းတပါ့ ငဖဲမြေ ကျွန်တော်တို့ရွာ ကျွန်တော်တို့ဓလေ့-၂" စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။[၁၄] [၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ You must specify title = and url = when using {{cite web}}.။
- ↑ ရန်ကုန်တိုင်းဒေသကြီး၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ။ MOI Myanmar (၁၆ စက်တင်ဘာ ၂၀၂၅)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးဦးအစားထိုးပြောင်းလဲ။ ၂၀၁၅ ခုနှစ်၊ဩဂုတ် ၂၄ရက်ထုတ်၊ကြေးမုံသတင်းစာ(စာမျက်နှာ-၅) (၂၃ ဩဂုတ် ၂၀၁၅)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုယ့် ဝန်ကြီးချုပ် ကိုယ်ခန့်အပ်ခွင့်သည် ပြဿနာများ ပြေလည်မည့် လမ်းစဟု တပ်မတော်ပြော။ The Irrawaddy (၁၂ မတ် ၂၀၁၉)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာ။ ၂၀၁၆ခုနှစ်၊ဇန်နဝါရီ ၁၉ရက်ထုတ်၊ ကြေးမုံသတင်းစာ၊စာမျက်နှာ(၈) (၁၈ ဇန်နဝါရီ ၂၀၁၆)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာ။ မြဝတီနေ့စဉ် (၃၀ ဒီဇင်ဘာ ၂၀၂၀)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဘင်္ဂလီလူမျိုးများ၏ ဗလီကျောင်း အကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားသော “တောင်သစ်” ဗလီကျောင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှု့။ MOI Myanmar (၁၄ ဇွန် ၂၀၂၃)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရပ်ကွက် (၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉) အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ။ MOI Myanmar (၃၁ မေ ၂၀၂၃)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ။ The Irrawaddy (၃ ဩဂုတ် ၂၀၂၃)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်ကောင်စီဝင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ အစားထိုးခန့်အပ်ခြင်း။ Myanmar National Portal (၁၀ ဖေဖော်ဝါရီ ၂၀၂၄)။ 10 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်ကောင်စီဝင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးများ ရာထူးမှ ဖယ်ရှားခံရ။ Mizzima Burmese (၁၁ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်- မတ် ၃၀ မှာ သမ္မတ တင်မြှောက်ဖို့လျာထား (in my) (2026-03-20)။ 2026-03-20 တွင် ပြန်စစ်ပြီး။
- ↑ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ “စာဖတ်ဝိုင်းဆွေးနွေးပွဲ" ပြုလုပ်။ MOI Myanmar (၂၁ စက်တင်ဘာ ၂၀၂၅)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၂ဝ၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့်အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ။ Myanmar National Portal (၁ နိုဝင်ဘာ ၂၀၂၅)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်။ MOI Myanmar (၂၀ နိုဝင်ဘာ ၂၀၂၅)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။