ရှင်သာသန

ဝီကီပီးဒီးယား မှ
(ကျောင်းတော်ရာရွှေကျင်ဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်သာသန (၁၂၀၅ − +) သည် မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၂၀၅ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ အမရပူရခရိုင်အုပ်မင်း ဦးဖော့နှင့် ဒေါ်စမ္ပယ်တို့ ဖြစ်သည်။

ရှမ်းကလေးကျွန်းဆရာတော်ထံတွင် စာပေများ သင်ကြားခဲ့သည်။ မင်းတုန်းမင်းမိဖုရားခေါင်ကြီးက သာဏေဒါယကမ ခံယူခဲ့သည်။ ရွှေကျင်ဆရာတော်ထံတွင် ပညာဆက်လက်သင်ကြားခဲ့သည်။

၁၂၂၄ ခုနှစ်တွင် မင်းတုန်းမင်း၏ သမီးတော် စလင်းမင်းသမီးကို ဒါယိကာမပြု၍ ရဟန်းပြုခဲ့သည်။ ၁၂၄၂ ခုနှစ်တွင် ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်တိုက်တွင် သီတင်းသုံးခဲ့သည်။

၁၂၄၇ ခုနှစ်တွင် သီပေါမင်းသည် “သာသနာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့ကို ကပ်လှူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၉၊ ၉၀။