ကျောက်ပွင့်မှို

ဝီကီပီးဒီးယား မှ
(ကျောက်ပွင့် မှ ပြန်ညွှန်းထားသည်)
Tremella fuciformis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Fungi
Division: Basidiomycota
မျိုးပေါင်း: Tremellomycetes
မျိုးစဉ်: Tremellales
မျိုးရင်း: Tremellaceae
မျိုးစု: Tremella
မျိုးစိတ်:
T. fuciformis
ဒွိနာမ
Tremella fuciformis
Berk. (1856)
Synonyms
  • Nakaiomyces nipponicus Kobayasi (1939)

ကျောက်ပွင့် သည် တရမ္မယ်လာ ဖက်စီဖေါမစ် (Tremella fuciformis) ဟု ခေါ်သော မှိုမျိုးဝင် ဖြစ်သည်။ အဖြူရောင် ခပ်ဆတ်ဆတ် အစေးခဲသို့ ရှိ၏။ ရွက်ဖားပင်များ၏ ကိုင်းခြောက်တို့တွင် အများဆုံး ထွက်သည်။ စီးပွားဖြစ်စိုက်သည်က များပြီး တရုပ်တွင် စားစရာအဖြစ်ရော ဆေးဝါးအနေပါ သုံး၏။ [၁]

ကျောက်ပွင့်သည် ကပ်ပါး,တဆေးတမျိုး ဖြစ်ပြီး ကနဦးတွင် ချွဲကဲ့သို့ အလွှာပါးသာတည်း။ နောက် သဘောတွေ့သော အခံကိုယ်နှင့်ဆုံလျှင် ကြီးထွားမှုစတင်ကာ အခက်များ ထွက်လာသည်။ [၂]

စားသောက်ကုန်အဖြစ် သုံးမှု[ပြင်ဆင်ရန်]

တရုပ်ဟင်းတို့တွင် ကျောက်ပွင့်ကို အချိုပွဲတို့တွင် ထည့်သည်။ အရသာမရှိသော်လည်း အရောင်အမြင်တင့်ပြီး ကျန်းမာရေးအတွက် ကောင်းစေသောကြောင့်တည်း။ [၃] အသုံးများသည်မှာ ကန်တုံစာ ခေါ်သော လုမေ (六味) အမည်ရ အပြုတ်ရည်ချို (စားရသမျှ အကုန်ထည့်သည့် သဗ္ဗဒါနံအပြုတ်ရည်) လုပ်ရာတွင် ဖြစ်သည်။ အချိုရည်တို့တွင် ထည့်တတ်သည်နည်းတူ ရေခဲမုန့်တွင်လည်း သုံး၏။

ဗီယက်နမ်တွင် ဂျဲ (Chè) ခေါ် ဗီယက်နမ်ရွှေရင်အေး၌ ကျောက်ပွင့်ထည့်သည်။

မြန်မာတွင် ကျောက်ပွင့်ကို အသုံးများသည်မှာ အသုတ်တွင် ဖြစ်၏။ မြေပဲ၊ သံပရာရည် (သို့) ရှောက်ရည်၊ ကြက်သွန်နီတို့ ပါသည့် ကျောက်ပွင့်သုပ်မှာ ယမကာလုင်တို့ အစဉ်နှစ်သက်သော စားဖွယ်တည်း။ [၄]

အလှကုန်အဖြစ် ဆေးဝါးအဖြစ် သုံးမှု[ပြင်ဆင်ရန်]

ကျောက်ပွင့်ကို အနှစ်ထုတ်ကာ တရုပ်၊ ကိုရီးယားနှင့် ဂျပန်တို့တွင် အမျိုးသမီး အလှကုန်ပစ္စည်းများ၌ သုံးသည်။ ယင်းသည် အရေပြား၏အစိုဓာတ်ကို ထိန်းပေးပြီး အရေပြားအောက်ရှိ သွေးကြောကျဉ်းမှုကို တားသဖြင့် အရေပြားတွန့်ခြင်းကို ကာကွယ်၏။ တရုပ်တိုင်းရင်းဆေးတို့တွင် ကျောက်ပွင့်ကို အဆုတ်အားကောင်းစေကြောင်း ညွှန်းသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Stamets, Paul (2000). "Chapter 21: Growth Parameters for Gourmet and Medicinal Mushroom Species". Growing gourmet and medicinal mushrooms = [Shokuyo oyobi yakuyo kinoko no sabai] (3rd ed.). Berkeley, California, USA: Ten Speed Press. pp. 402–406. ISBN 978-1-58008-175-7.
  2. Hsieh, Huei-Mei; Ju, Yu-Ming; Rogers, Jack D. (July–August 2005). Natvig, Don (ed.). "Molecular phylogeny of Hypoxylon and closely related genera". Mycologia. Lawrence, Kansas, USA: The Mycological Society of America. 97 (4): 844–865. doi:10.3852/mycologia.97.4.844. ISSN 1557-2536. PMID 16457354. Print ISSN: 0027-5514.
  3. Chang, Shu-Ting; Miles, Philip G. (2004). "Tremella - Increased Production by a Mixed Culture Technique". Mushrooms: Cultivation, Nutritional Value, Medicinal Effect, and Environmental Impact (2nd ed.). Boca Raton, Florida: CRC Press. ISBN 0-8493-1043-1.
  4. "မှိုအမျိုးအစား တစ်မျိုးဖြစ်တဲ့ ကျောက်ပွင့်အကြောင်း အစုံအလင်". My Food. 2016-08-24.
  5. Reshetnikov SV, Wasser SP, Duckman I, Tsukor K (2000). "Medicinal value of the genus Tremella Pers. (Heterobasidiomycetes) (review)". International Journal of Medicinal Mushrooms. 2 (3): 345–67. doi:10.1615/IntJMedMushr.v2.i3.10.