ကျောက်နီမော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
| ကျောက်နီမော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု | |
|---|---|
| ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း | |
ရမ်းဗြဲမြို့နယ်အတွင်း ကျောက်နီမော် တည်နေရာ | |
| နေရာ | ကျောက်နီမော်ကျေးရွာ၊ ရမ်းဗြဲမြို့နယ် |
| ကိုဩဒိနိတ် | 18°55′09″N 93°56′08″E / 18.9192°N 93.9355°Eကိုဩဒိနိတ်: 18°55′09″N 93°56′08″E / 18.9192°N 93.9355°E |
| ရက်စွဲ | ၈ ဇန်နဝါရီ ၂၀၂၅ နေ့လယ် ၁:၂၀ |
| သေဆုံးသူဦးရေ | ၂၆ ဦး (သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပါဝင်)နာမည်အတိအကျနှင့်ထုတ်ပြန်ချက် |
ဒဏ်ရာရဦးရေ | ၂၇ ဦးထက်မနည်း |
| ပြစ်မှုကျူးလွန်သူများ | |
| |
ကျောက်နီမော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တပ်မတော်(လေ)၏ လေကြောင်းမှ တိုက်ခိုက်မှု နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်နီမော်ကျေးရွာရှိ လူနေရပ်ကွက်များကို တပ်မတော် (လေ) က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာ၏ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းရပ်ကွက်များရှိ နေအိမ် ၃၉၈ လုံးအထိ မီးလောင်ပြာကျခဲ့ရပြီး ဤဖြစ်စဉ်သည် ရခိုင်ပြည်နယ် အတွင်း တပ်မတော်(လေ)၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်များအတွင်းမှ မထွက်နိုင်ခဲ့ကြသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၄၀ကျော် သေဆုံးခဲ့သည်။။[၁][၂][၃][၄]
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]ကျောက်နီမော်ကျေးရွာ တည်ရှိရာ ရမ်းဗြဲကျွန်းသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စတင်ရာ အချက်အချာကျသည့် နေရာတစ်ခု ဖြစ်သည်။ ကျောက်ဖြူခရိုင်အတွင်းရှိ အဆိုပါကျွန်း၏ မြောက်ဘက်တွင် ရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်းကြီးများရှိသည့် ကျောက်ဖြူမြို့ တည်ရှိပြီး တောင်ဘက်တွင် ရမ်းဗြဲမြို့ တည်ရှိသည်။ အာရက္ခတပ်တော် (AA) သည် ရမ်းဗြဲမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။ [၅]
တုံ့ပြန်ချက်များ
[ပြင်ဆင်ရန်]ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှု သတင်းများကြောင့် လူသားချင်းစာနာမှု အသိုင်းအဝိုင်းအတွက် အလွန်အမင်း စိုးရိမ်ထိတ်လန့်မိကြောင်း ပြောကြားခဲ့သည်။ ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို လိုက်နာရန်၊ အရပ်သားများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရန်နှင့် အကူအညီများကို အတားအဆီးမဲ့ ထောက်ပံ့ပေးနိုင်ရေး အာမခံရန် ကုလသမဂ္ဂက တောင်းဆိုထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် လူ ၄၀ ကျော် သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။[၆][၇]
အာရက္ခတပ်တော်ကလည်း စစ်တပ်သည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့အပြင် ကျောက်နီမော်ရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့တွင် စစ်ဘေးရှောင်နေထိုင်နေသည့် အသက် ၂၂ နှစ်အရွယ် မစုသက်သက်အောင်သည် ၎င်း၏ ဇာတိရွာ ဗုံးကြဲခံရမှုအပေါ် လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်း ရေးသားခြင်းနှင့် သတင်းများ မျှဝေခြင်းတို့ကြောင့် ဇန်နဝါရီလအတွင်း၌ပင် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။[၈]
ပျက်စီးဆုံးရှုံးမှုစာရင်း
[ပြင်ဆင်ရန်]| စဉ် | နေရပ်လိပ်စာ | အိမ်ထောင်စု | လူဦးရေ | နေအိမ် | မှတ်ချက် | ||
|---|---|---|---|---|---|---|---|
| ကျား | မ | စုစုပေါင်း | |||||
| ၁ | ကျောက်နီမော်ကျေးရွာ၊ အလယ်ပိုင်းရပ်ကွက် | ၅၁၅ | ၄၁၇ | ၄၈၁ | ၈၉၈ | ၁၇၁ | |
| ၂ | ကျောက်နီမော်ကျေးရွာ၊ တောင်ပိုင်းရပ်ကွက် | ၂၃၈ | ၄၆၇ | ၅၂၆ | ၉၉၃ | ၁၉၄ | |
| ၃ | ကျောက်နီမော်ကျေးရွာ၊ မြောက်ပိုင်းရပ်ကွက် | ၅၁ | ၈၀ | ၉၁ | ၁၇၁ | ၃၃ | |
| စုစုပေါင်း | ၈၀၄ | ၉၆၄ | ၁,၀၉၈ | ၂,၀၆၂ | ၃၉၈ | ||
သေဆုံးသူများစာရင်း
[ပြင်ဆင်ရန်]ဖြစ်စဉ်ဖြစ်ပြီး ၁ရက်ကျော်အကြာ တွင် အာရက္ခတပ်တော် သည် ပြုစုကောက်ခံထားသည့် ကနဦး သေဆုံးသူစာရင်းကို အမည်နှင့်တကွ ထုတ်ပြန်ခဲ့ပြီး အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦး နှင့် အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။လွတ်လပ်သော သတင်းမီဒီယာများသည် အရပ်သားများသေဆုံးမှုအရေအတွက်ကို ၄၁ ဦး ဟု ဖော်ပြခဲ့ကြပြီး၊ဒဏ်ရာရသူအရေအတွက်ကို ၅၂ ဦးဟု ကူညီဆောင်ရွက်ပေးနေသော ရမ်းဗြဲဒေသခံများ၏ပြောကားချက်ကို ကိုးကားပြီး သတင်းရေးသားခဲ့ကြသည်။ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရသူအများစုသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ [၉][၁၀][၁၁][၁၂]
| စဉ် | အမည် | အသက် | အဘအမည် | လူမျိုး/ဘာသာ | အလုပ်အကိုင် | နေရပ် | မှတ်ချက် |
|---|---|---|---|---|---|---|---|
| ၁ | ဦးင/ပဲကြီး | ၅၀ | ဦးဂျပန် | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၂ | ဒေါ်မလှ | ၄၈ | ဦးအာဒူမိုရာ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၃ | မချာချာ | ၁၇ | ဦးင/ပဲကြီး | မူဆလင်/အစ္စလာမ် | - | တောင်ပိုင်း | အလောင်းမရ |
| ၄ | မောင်မောင် | ၂ | ဦးကျော်လှ | မူဆလင်/အစ္စလာမ် | - | တောင်ပိုင်း | အလောင်းမရ |
| ၅ | ဦးထွန်းထွန်းနိုင် | ၄၅ | ဦးင/နီ | မူဆလင်/အစ္စလာမ် | ကုန်သည် | တောင်ပိုင်း | အလောင်းမရ |
| ၆ | မပုချေ | ၂၁ | ဦးထွန်းထွန်းနိုင် | မူဆလင်/အစ္စလာမ် | ကျောင်းသား | တောင်ပိုင်း | အလောင်းမရ |
| ၇ | ဒေါ်လိန်လိန် | ၄၀ | ဦးသိန်းမောင် | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းမရ |
| ၈ | မအေးလွင်(ခ)ရိုမာ | ၁၇ | ဦးအေးလွင် | မူဆလင်/အစ္စလာမ် | ကျောင်းသူ | တောင်ပိုင်း | အလောင်းရ |
| ၉ | ဒေါ်ပုမ | ၅၀ | ဦးအာဒူရဟိန်း | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၁၀ | ဒေါ်ဖတေးမ | ၆၀ | ဦးဘိုဒူ | မူဆလင်/အစ္စလာမ် | ကျပန်း | တောင်ပိုင်း | အလောင်းမရ |
| ၁၁ | မအာဆီယာ | ၁၇ | ဦးခလေ | မူဆလင်/အစ္စလာမ် | ကျောင်းသူ | တောင်ပိုင်း | အလောင်းမရ |
| ၁၂ | ဦးညီလေး | ၃၈ | ဦးသာထွန်းအောင် | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၁၃ | ဒေါ်အာဆာမာ | ၃၂ | ဦးချောလှ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၁၄ | ဒေါ်ခင်မာ | ၃၂ | ဦးသာထွန်းအောင် | မူဆလင်/အစ္စလာမ် | ကျပန်း | တောင်ပိုင်း | အလောင်းမရ |
| ၁၅ | ဦးကာလာ | ၅၈ | ဦးယိုသုန်းမီယာ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းမရ |
| ၁၆ | ဒေါ်ဦးတီ | ၅၀ | ဦးအာလီမီယာ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းမရ |
| ၁၇ | ဒေါ်သာသာ | ၃၂ | ဦးဆဲယိုကိုရီ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၁၈ | မောင်လှရွှေ | ၉ | ဦးအာမီ | မူဆလင်/အစ္စလာမ် | ကျောင်းသား | တောင်ပိုင်း | အလောင်းရ |
| ၁၉ | ဦးဟမီ | ၄၀ | ဦးချစ်နီ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၂၀ | ဒေါ်ရိုဟေးမာ | ၃၅ | ဦးလ/ဖြူ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၂၁ | မောင်အဒူရမ | ၁၀ | ဦးဟမီ | မူဆလင်/အစ္စလာမ် | ကျောင်းသား | တောင်ပိုင်း | အလောင်းမရ |
| ၂၂ | ဦးရွှေလှ | ၄၂ | ဦးယိုသို့အာလီ | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၂၃ | ဒေါ်တင်ရွှေ | ၄၈ | ဦးကျော်ခင် | မူဆလင်/အစ္စလာမ် | ရေလုပ်သား | တောင်ပိုင်း | အလောင်းရ |
| ၂၄ | ဦးတင်မောင် | ၇၈ | ဦးနေဇာ | မူဆလင်/အစ္စလာမ် | ကုန်သည် | တောင်ပိုင်း | အလောင်းရ |
| ၂၅ | မောင်ဖိုက်တူ | ၁၂ | ဦးဇော်ကိုရီယာ | မူဆလင်/အစ္စလာမ် | ကျောင်းသား | တောင်ပိုင်း | အလောင်းရ |
| ၂၆ | ဒေါ်စိန်လှ | ၄၈ | ဦးမြတင် | မူဆလင်/အစ္စလာမ် | ကုန်သည် | တောင်ပိုင်း | အလောင်းရ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကျောက်နီမော်ကို စစ်ကောင်စီ ဗုံးကြဲ (in my) (2025-01-09)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ လေကြောင်းတိုက်ခိုက်ခံရတဲ့ ရမ်းဗြဲ၊ကျောက်နီမော်ရွာ ဘာဆက်ဖြစ်နေလဲ (in my) (2025-01-09)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူများ ဆေးဝါးအကူအညီလိုအပ်နေ (in en)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2025-01-10)။ ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုကို စိုးရိမ်ထိတ်လန့်မိကြောင်း UNOCHA ထုတ်ပြန် (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ ဗွီအိုအေ (မြန်မာဌာန) (2025-01-10)။ ကျောက်နီမော်မှာ သေဆုံး ဒဏ်ရာရသူတိုးနေ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ ရောင်နီ (2025-01-09)။ ရမ်းဗြဲကျွန်းကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ ၄၀ ကျော်ရှိ (in en-US)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ Statement by the Resident and Humanitarian Coordinator a.i. for Myanmar | မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Burmese၊ R. F. A. (2025-02-13)။ ကျောက်နီမော်ရွာ ဗုံးကြဲခံရမှုအပေါ် ဝမ်းနည်းကြောင်းရေးသားသူ ဖမ်းဆီးခံထားရ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ AA၊ ULA / (2025-01-20)။ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် (in en)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2025-01-09)။ ရမ်းဗြဲမှာ ဗုံးကြဲခံရလို့ အရပ်သား လေးဆယ်ကျော် သေဆုံး၊ ငါးဆယ်ကျော် ဒဏ်ရာရ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ လေဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော ကျောက်နီမော်ရွာသားများအား ULA/AA စားနပ်ရိက္ခာထောက်ပံ့ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ "ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှု လူသားချင်းစာနာထောက်ထားမှုကူညီပေးနေတဲ့ အသိုင်းအဝိုင်းအတွက် စိုးရိမ်စရာဖြစ်တယ်လို့ UNOCHA ဆို - New Day Myanmar" (in en-US)၊ New Day Myanmar၊ 2025-01-11။