ကျောက်နက်တော်

ဝီကီပီးဒီးယား မှ
ကာဗာရှိ ကျောက်နက်တော်၏ ပုံတော်

ကျောက်နက်တော် (အာရပ်: ٱلْحَجَرُ ٱلْأَسْوَد‎, al-Ḥajaru al-Aswad, 'ကျောက်တုံးမည်း') တနည်းအားဖြင့် ကျောက်တုံးမည်းဟုခေါ်သော အရာသည် ဆော်ဒီအာရေဗျနိုင်ငံမက္ကာရှိ ကျောင်းတော်ကြီး၏ အလယ်တွင် ရှေးကတည်းကတည်ဆောက်ထားသည့်ကာဗာခေါ်သည့် ဥပေါသထအဆောင်အအုံ အရှေ့ဘက်တွင် ထားရှိထားပါသည်။ အာဒံနှင့် ဧဝတို့လက်ထက်ကတည်းက အရာဖြစ်၍အစ္စလာမ်ဘာသာဝင်တို့ တန်ဖိုးထားသည့် အရာဖြစ်သည်။.

အစ္စလာမ်အယူဝါဒစတင်ခြင်းခေတ်မတိုင်မီက ကာဗာကျောက်တုံးတော်အား ကြည်ညိုကြသည်။ အစ္စလာမ့်ထုံးတမ်းစဉ်လာအရ ၎င်းကို အစ္စလာမ် တမန်တော် မုဟမ္မဒ်သည် ခရစ်နှစ် ၆၀၅ တွင် ကဘာ၏နံရံတွင် မပျက်မစီး တည်ရှိနေခဲ့သည်။ ထိုအချိန်မှစ၍ အစိတ်စိတ်အမြွှာမြွှာကွဲသွားကာ ယခုအခါ ကာဘာအဆောက်အအုံ၏ နံဘေးရှိ ငွေဘောင်တစ်ခုအဖြစ် မာနေလေသည်။ ၎င်း၏ရုပ်သွင်သဏ္ဌာန်သည် ဘုရားဖူးများလက်ဖြင့် ချောမွေ့စွာ ပွတ်တိုက်ကာ အပိုင်းပိုင်းပြတ်တောက်နေသော နက်မှောင်သော ကျောက်တုံးကြီးတစ်ခုဖြစ်သည်။ အစ္စလာမ့်ထုံးတမ်းစဉ်လာအရ ယဇ်ပလ္လင်တစ်ခုဆောက်ရန် အာဒံနှင့်ဧဝအတွက် လမ်းပြအဖြစ် ကောင်းကင်မှပြုတ်ကျသည်ဟု ခံယူထားသည်။ ၎င်းကို ဥက္ကာခဲ ဟု မကြာခဏ ဖော်ပြလေ့ရှိသည်။

ဖိုင်:Black Stone Of Kaaba In Super Resulution 49000 MP.jpg
ကာဗာ ကျောက်နက်တော်

မွတ်ဆလင်ဘုရားဖူးများသည် ဟဂ်ျ ကာလအတွင်း တွက်ဓလေ့ထုံးတမ်းဖြစ်သော လက်ဝဲရစ်ပတ် လှည့်လည်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကာဗာကို ဝိုင်းရံပတ်ကြစဉ် မုဟမ္မဒ်ထံမှရရှိသော အနမ်းကို အတုယူကာ ကျောက်တုံးနက်ကို နမ်းရန် ကြိုးစားကြသည်။ မွတ်ဆလင်တွေသည် ကျောက်နက်တော်ကို မကိုးကွယ်ကြပေ။ [၁] [၂]

ရုပ်ပိုင်းဆိုင်ရာဖော်ပြချက်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. Hedin, Christer (2010). "Muslim Pilgrimage as Education by Experience". 
  2. "Do Muslims Worship The Black Stone Of The Kaaba?"။