ကျောက်ထပ်ကြီးစေတီ

ဝီကီပီးဒီးယား မှ
ကျောက်ထပ်ကြီးစေတီ

ကျောက်ထပ်ကြီးစေတီသည် မြန်မာနိုင်ငံမွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်၏ မြောက်ဘက် နှစ်မိုင်ခွဲခန့်တွင် တည်ရှိသည်။ ကျောက်ထပ်ကြီးစေတီသို့ သွားရန် (၆၃) မိနစ်ခန့်ကြာမြင့်သည်။ ကျိုက်ထီးရိုးမှ ကျောက်ထပ်ကြီးသို့ တကူးတက ခရီးအတန်ငယ်ကြာအောင် အုပ်စုဖွဲ့ကာ ဘုရားဖူးသူများသည် သွားလေ့ရှိသည်။ သွားရာလမ်းတစ်လျောက်တွင် ပရဆေးဆိုင်များ၊ သောက်ရေသန့် / အအေးဆိုင်များ နှင့် ကျန်းမာရေးအတွက် အခပေးရေလောင်းအိမ်သာများ ရှိပေသည်။ ကျောက်ထပ်ကြီးသို့ သွားရင်း နဂါးဘုရားနှင့် ဖားဘုရားတို့ကိုလည်း ဝင်ရောက်ဖူးမြော်နိုင်သည်။

ကျောက်ထပ်ကြီးစေတီသည် ပေနှစ်ဆယ်ခန့်ကျယ်သော ကျောက်ဖျာကြီးများပေါ်တွင် တည်ထားသည်။ ကျောက်ဖျာကြီးပေါ်တွင် စေတီငယ်နှစ်ဆူတည်ထားသည်။ ကျောက်ထပ်ကြီးစေတီတွင် ဘုရား၌ ရွှေချရန် ရွှေဆိုင်းရောင်းသူများရှိသည်။ ရွှေဆိုင်းချမည့်သူသည် တောင်မကြီး၏ ကျောက်စွန်းတစ်ခုနှင့် စေတီတော်အား ကိုက်တစ်ရာခန့်ရှိသော ကြိမ်ကြိုးတစ်ချောင်းနှင့် သွယ်တန်းထားသည်။ ရွှေချပေးသူသည် ကြိုးပေါ်သို့ ထောက်လျက်ရှိသော လှေကားမှတက်သွားသည်။ ထို့နောက် စေတီအရောက် ကြိုးကိုလက်နှစ်ဖက်ဖြင့်လွှဲကာ မျောက်တစ်ကောင်အလား တွယ်တက်သွားသည်။ ထို့နောက် ကြိုးတန်းပေါ်တွင် ကြိုးကိုခွလျက် ထိုင်ပြီး စေတီအား လက်အုပ်ချီ ပူဇော်ပြသည်။ ထို့နောက် ကျောက်ဖျာပေါ်သို့တက်ပြီး ကြိုးဖြင့် ချိတ်ထားသော အောက်ရှိလွယ်အိတ်ထဲမှ ရွှေဆိုင်များကို စေတီအား ရွှေဆိုင်းချသည်။ ထို့နောက် စေတီကျောက်ဖျာမှ အောက်ဘက်သို့ပေ၅၀ အမြင့်ကို ဇောက်ထိုးအနေအထားဖြင့် (၄၅ ဒီဂရီ) ခန့်တိမ်းစောင်းကာ လျောထိုးဆင်းလာသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်စိုးထိုက် (သုံးဆယ်) (မေ ၂၀၁၅)။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး - သမိုင်းစုံ၊ အံ့ဖွယ်ရာများနှင့် ဗုဒ္ဓ၊ ဓမ္မ သံဃ ပူဇာ။ ရန်ကုန်မြို့: အမေ့သားထိုက်စာပေ၊။