ကျူးရှူးကျွန်း
| Native name: 九州 | |
|---|---|
| ပထဝီဝင် | |
| တည်နေရာ | East Asia |
| ကိုဩဒိနိတ် | 33°N 131°E / 33°N 131°Eကိုဩဒိနိတ်: 33°N 131°E / 33°N 131°E |
| ကျွန်းစု | Japanese archipelago |
| ဧရိယာ | ၃၆,၇၈၂.၃၇[၁] km2 (၁၄,၂၀၁.၇၅ sq mi) |
| ဧရိယာ အဆင့် | 37th |
| Coastline | ၁၂၂၂၁ km (၇၅၉၃.၈ mi) |
| အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၇၉၁ m (၅၈၇၆ ft) |
| အုပ်ချုပ်မှု | |
| Demographics | |
| လူဦးရေ | 12,382,121 (as of October 2025) |
| လူဦးရေအဆင့် | 15th |
| လူဦးရေ သိပ်သည်းမှု | ၃၃၇ /km၂ (၈၇၃ /sq mi) |
| ဘာသာစကားများ |
|
| ထပ်ဆောင်း အချက်အလက်များ | |
| အချိန်ဇုန် | |
![]() | |
ကျူးရှူးကျွန်း (九州, Kyūshū[၂][၃]) သည် ဂျပန်နိုင်ငံရှိ ပင်မကျွန်းကြီး လေးခုထဲတွင် ပါဝင်သည့် တောင်ဘက်အကျဆုံးကျွန်း ဖြစ်သည်။ ဤကျွန်းသည် တတိယမြောက်အကြီးဆုံးကျွန်းလည်း ဖြစ်သည်။[၄][၅] ဟိုးယခင်က ဤကျွန်းကို ခယူးခိုခု(九国, "နိုင်ငံကိုးခု")၊ ချင်းဇဲ (鎮西, "ငြိမ်းချမ်သည့်အနောက်ပိုင်းဧရိယာ") နှင့် ဆွတ်ခုရှိနော့ရှိမ (筑紫島, "ဆွတ်ခုရှိကျွန်း") စသည့် အမည်များဖြင့် သိခဲ့ကြသည်။[၆]
ရှေးခေတ်ကာလများတုန်းက ကျူးရှူးကျွန်းသည် တောင်ပိုင်းယဉ်ကျေးမှုနှင့် ဟွန်းရှူးကျွန်းတို့၏ ယဉ်ကျေးမှုများ လွှမ်းမိုးမှုမရှိသည့် ကိုယ်ပိုင်မင်းဆက်ရှိခဲ့သည်ဟု ယူဆကြသည်။[၇][၈]
၈ ရာစုတွင် တိုင်းဟိုးဥပဒေပြုပြင်မှုနှင့်အတူ ဒါဇိုင်းဖုအစိုးရသည် ဒေသအတွက် အထူးအုပ်ချုပ်ရေးဒေသတစ်ခုကို တည်ထောက်ခဲ့သည်။[၉]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]

ကျူးရှူးကျွန်းသည် တောင်ထူထပ်သည်။ ဂျပန်နိုင်ငံတွင် အကြီးဆုံး လှုပ်ရှားနေသည့်မီးတောင်ဖြစ်သည့် အဆိုတောင် (အမြင့် ၁၅၉၁ မီတာ) သည် ကျူးရှူးကျွန်းတွင် တည်ရှိသည်။ မြေထုချပ်များ လှုပ်ရှားမှု၏ လက္ခဏာများစွာ ဤကျွန်းတွင် မြင်တွေ့ရသည်။ ၎င်းတို့ထဲတွင် များစွာသော ရေပူစမ်းဧရိယာများ ပါဝင်သည်။ ကျွန်းရှိ အထင်ရှားဆုံးနေရာများမှာ အရှေ့ဘက်ကမ်းခြေရှိ ဘက်ပုမြို့၊ ကျွန်းအလယ်ပိုင်းရှိ အဆိုတောင်ပတ်ဝန်းကျင်တို့ ဖြစ်သည်။ ကျူးရှူးကျွန်းနှင့် ဟွန်းရှူးကျွန်းကို ခန်းမွန်းရေလက်ကြားက ပိုင်းခြားထားသည်။ ခယူးရှူးကျွန်းသည် အာရှတိုက်၏ ပင်မကုန်းမြေနှင့် အနီးဆုံးကျွန်းဖြစ်သဖြင့် သမိုင်းကြောင်းအရ ဂျပန်နိုင်ငံသို့ဝင်ရာ ဂိတ်ပေါက် ဖြစ်ခဲ့သည်။[၁၀]
ကျွန်း၏ စုစုပေါင်းဧရိယာသည် ၃၆,၇၈၂.၃၇ စတုရန်းကီလိုမီတာ (၁၄,၂၀၁.၃၇ စတုရန်းမိုင်) ကျယ်ဝန်းသည်။[၁] ကမ္ဘာပေါ်တွင် ၃၇ ခုမြောက်အကြီးဆုံးကျွန်း ဖြစ်သည်။ ဤကျွန်းသည် အရွယ်အစားအားဖြင့် ထိုင်ဝမ်ကျွန်းနှင့် ဗန်ကူးဗားကျွန်းတို့ထက် အနည်းငယ် ပိုကြီးသည်။[၁၁] ကျွန်း၏ အမြင့်ဆုံးနေရာသည် ခုဂျူးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၉၁ မီတာ (၅၈၇၆ ပေ) မြင့်သည်။[၁၂]
ကျူးရှူးဟူသည့် အမည်သည် ကျွန်းပေါ်တွင် တည်ရှိခဲ့သည့် ရှေးခေတ်ဆိုင်းခိုင်းဒိုးပြည်နယ်ကိုးခု ဆင်းသက် ဖြစ်ပေါ်လာသည်။ ထိုပြည်နယ်ကိုးခုမှာ ချိခုဇန်း၊ ဟိဇန်း၊ ဟိဂေါ့၊ ဘုဇန်း၊ ဘွန်းဂေါ့၊ ဟယူးဂ၊ အိုးဆုမိနှင့် ဆဆွတ်မတို့ ဖြစ်သည်။[၁၃]
လက်ရှိအချိန်တွင် ကျွန်းပေါ်တွင် ခရိုင်ပေါင်း ၇ ခု ရှိသည်။ ထိုခရိုင် ၇ ခုနှင့်အတူ အိုခိနဝခရိုင်တို့သည် ကျူးရှူးဒေသ (九州地方, Kyūshū-chihō) တွင် ပါဝင်သည်။ ကျူးရှူးဒေသတွင် ပါဝင်သည့် ခရိုင်များမှာ -
လူဦးရေ
[ပြင်ဆင်ရန်]ကျူးရှူးကျွန်းတွင် ဂျပန်တစ်နိုင်ငံလုံးရှိ လူဦရေ၏ ၁၀.၁ ရာခိုင်နှုန်း နေထိုင်ကြသည်။ နိုင်ငံရေးအရ ကျူးရှူးကျွန်းသည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အားကောင်းသည့် ဒေသဖြစ်သည်။[၁၄]
ဂျပန်နိုင်ငံ၏ လူဦးရေအချက်အလက်များအရ ကျူးရှူးကျွန်း၏ လူဦးရေသည် ရူးခယူးကျွန်း (အိုခိနဝနှင့် ခဂိုရှိမခရိုင်) တို့တွင် ၂၀၀၀ ခုနှစ်ကတည်းက ကြီးမားစွာ ကျဆင်းလျက်ရှိသည်။ [၁၅]
ရူးခယူးကျွန်း၏ လူဦးရေအပါအဝင်
|
ရူးခယူးကျွန်းလူဦးရေ မပါရှိ
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
သတ်မှတ်ထားသည့် မြို့ပြများ
[ပြင်ဆင်ရန်]- ဖုခုအိုခမြို့ (လူဦးရေ - ၁,၅၈၈,၉၂၄)
- ခိတခယူးရှူးမြို့ (လူဦးရေ - ၉၄၀,၉၇၈)
- ခုမမိုတိုမြို့ (လူဦးရေ - ၇၃၈,၉၀၇)
အဓိကမြို့များ
[ပြင်ဆင်ရန်]သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေး
[ပြင်ဆင်ရန်]မိယဇခိခရိုင်နှင့် ခဂိုရှိမခရိုင် အပါအဝင် ကျူးရှူး၏ အချို့ဒေသများသည် နွေးသမရာသီဥတု ရှိသည်။ အဓိက စိုက်ပျိုးသီးနှံများမှာ ဆန်၊ လက်ဖက်၊ ဆေးရွက်ကြီး၊ ကန်စွန်းဥနှင့် ပဲတို့ ဖြစ်သည်။ ပိုးချည်များကိုလည်း ကျယ်ပြန့်စွာ ထုတ်လုပ်ကြသည်။[၁၆]
ကျွန်း၏ မြောက်ဘက်ပိုင်းတွင် ထင်ရှားသည့် ရွှံ့ရေပူစမ်းများ ရှိသည်။ အထူးသဖြင့် ဘက်ပုမြို့ ပတ်ဝန်းကျင်တွင် ရှိကြသည်။
ကျူးရှူးကျွန်းတွင် ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နေရာ နှစ်ခု ရှိသည်။ ၎င်းတို့မှာ ယခုရှိမ (၁၉၉၃ ခုနှစ်တွင် စာရင်းဝင်သည်) နှင့် အမမိ - အိုးရှိမကျွန်း၊ တိုခုနိုရှိမကျွန်း၊ အိုခိနဝကျွန်းမြောက်ပိုင်းနှင့် အိရိမိုတဲကျွန်း (၂၀၂၁ ခုနှစ်တွင် စာရင်းဝင်သည်) တို့ ဖြစ်သည်။[၁၇]
စီးပွားရေး
[ပြင်ဆင်ရန်]ကျူးရှူးကျွန်း၏ စီးပွားရေးသည် ဂျပန်နိုင်ငံ စီးပွားရေးစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။ တိုကျို၊ အိုဆာကာနှင့် နဂိုယမြို့တို့ပြီးလျှင် ဂျပန်နိုင်ငံတွင် လေးခုမြောက်အကြီးဆုံး စီးပွားရေးဧရိယာလည်း ဖြစ်သည်။
ကျူးရှူးကျွန်း၏ စီးပွားရေးသည် ကောင်းမွန်သင့်တင်သည့်ပုံစံရှိသည်။ စီးပွားရေးလုပ်ငန်းများတွင် မူလလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးမှသည် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့အထိ ကျယ်ပြန့်စွာ ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်း၏ ထွက်ကုန်တန်ဖိုးသည် ယန်း ၁.၈ ထရီလီယံ (တစ်နိုင်ငံလုံး၏ ၂၀ ရာခိုင်နှုန်း) ရှိသည်။ ထို့အပြင် ကျူးရှူးကျွန်းသည် ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုအတွက် အဓိကကျသည့် ထုတ်လုပ်သည့်နေရာနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် ဒေသလည်း ဖြစ်သည်။ ကျူးရှူးကျွန်းတွင် တိုးတက်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဆေးဝါးနှင့် သူနာပြုစောင့်ရှောက်မှု စသည်တို့အပြင် များစွာသော သုတေသနလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိသည်။ ၎င်းသုတေသနလုပ်ငန်းနယ်ပယ်များတွင် ဟိုက်ဒရိုဂျင်၊ ဆိုလာစွမ်းအင်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများ ပါဝင်သည်။ ဖုခုအိုခမြို့၊ ခိတခယူးရှူးမြို့နှင့် အိုခိနဝခရိုင်တို့သည် နိုင်ငံတော်၏ မဟာဗျူဟာအရအရေးပါသည့် အထူးဇုန်များအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 You must specify title = and url = when using {{cite web}}.။ 国土地理院 (2016-10-01)။ 2017-02-27 တွင် ပြန်စစ်ပြီး။
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ Kindaichi၊ Haruhiko; Akinaga၊ Kazue, eds. (1 April 2025) [10 April 2014]။ 新明解日本語アクセント辞典 (ဂျပန်ဘာသာစကားဖြင့်) (2nd ed.)။ Chiyoda, Tokyo: Sanseido။ p. 216။ ISBN 978-4-385-13468-0။
- ↑ You must specify title = and url = when using {{cite web}}. (website) (in ja)။ Ministry of Land, Infrastructure, Transport and Tourism (22 August 2015)။ 2007-11-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2019 တွင် ပြန်စစ်ပြီး။ “MILT classification 6,852 islands(main islands: 5 islands, remote islands: 6,847 islands)”
- ↑ Nussbaum, Louis-Frédéric. (2005). "Kyūshū" in Japan Encyclopedia, p. 588, p. 588, at Google Books
- ↑ Population Census 2025 Population Census Preliminary Tabulation Preliminary Counts of the Population and Households1-1 Population by Sex - Japan, Prefectures, Municipalities | View Statistical Table/Graph (in en)။ 2026-06-18 တွင် ပြန်စစ်ပြီး။
- ↑ 大嘗祭と九州王朝の系図။ 市民の古代第13集 1991年 市民の古代研究会編။ 1991-02-09။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ 2024-12-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-05-16 တွင် ပြန်စစ်ပြီး။
- ↑ Nussbaum, "Dazaifu" in p. 150, p. 150, at Google Books; Dazaifu
- ↑ Cobbing၊ Andrew (2009)။ Kyushu, gateway to Japan : a concise history။ Global Oriental။ pp. 157။ ISBN 9789004213128။ OCLC 754792858။
- ↑ "Discover the Geography of the 4 Main Islands of Japan"၊ ThoughtCo။
- ↑ Japan Ultra-Prominences။ Peaklist.org။ 2015-01-01 တွင် ပြန်စစ်ပြီး။
- ↑ Cobbing၊ Andrew (2009)။ Kyushu, Gateway to Japan: A Concise History။ Global Oriental။ pp. 3။ ISBN 9789004213128။ OCLC 754792858။
- ↑ Boquet၊ Yves (2017)။ The Philippine Archipelago။ Springer။ p. 16။ ISBN 9783319519265။
- ↑ "Japanese voters want a plan to handle a declining population"၊ 5 October 2017။
- ↑ C. Michael Hogan. 2010. Extremophile. eds. E. Monosson and C. Cleveland. Encyclopedia of Earth. National Council for Science and the Environment, Washington DC
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ 2023-05-22 တွင် ပြန်စစ်ပြီး။
