မာတိကာသို့ ခုန်သွားရန်

ကျိုတိုစီရင်စု

ဝီကီပီးဒီးယား မှ
ကျိုတိုစီရင်စု
京都府
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese京都府
  RōmajiKyōto-fu
ကျိုတိုစီရင်စု၏ အလံတော်
အလံတော်
ကျိုတိုစီရင်စု၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Kyoto-fu no uta
ကိုဩဒိနိတ်: 35°1′18″N 135°45′20.2″E / 35.02167°N 135.755611°E / 35.02167; 135.755611ကိုဩဒိနိတ်: 35°1′18″N 135°45′20.2″E / 35.02167°N 135.755611°E / 35.02167; 135.755611
CountryJapan
RegionKansai
IslandHonshu
CapitalKyoto City
SubdivisionsDistricts: 6, Municipalities: 26
အစိုးရ
  GovernorTakatoshi Nishiwaki
ဧရိယာ
  စုစုပေါင်း၄,၆၁၂.၁၉ စတုရန်းကီလိုမီတာ (၁၇၈၀.၇၈ စတုရန်းမိုင်)
ဧရိယာအဆင့်31st
လူဦးရေ (1 October 2020)
  စုစုပေါင်း၂၅၇၈၀၈၇
  အဆင့်13th
  သိပ်သည်းမှု၅၆၆/km (၁၄၇၀/sq mi)
GDP[]
  TotalJP¥ 11,108 billion
US$ 82.1 billion (2022)
ISO 3166 ကုဒ်JP-26
ဝဘ်ဆိုက်pref.kyoto.jp/en/index.html

ကျိုတိုစီရင်စု (京都府, Kyōto-fu) သည် ဂျပန်နိုင်ငံဟွန်းရှူးကျွန်းခန်းဆိုင်းဒေသတွင် ရှိသည့် စီရင်စုတစ်ခု ဖြစ်သည်။ လူဦးရေမှာ ၂.၅၈ သန်း ရှိသည်။ ဧရိယာ ၄၆၁၂ စတုရန်းကီလိုမီတာ (၁၇၈၁ စတုရန်းမိုင်) ကျယ်ဝန်းသည်။ အရှေ့မြောက်ဘက်တွင် ဖုခုအိခရိုင်၊ အရှေ့ဘက်တွင် ရှိဂခရိုင်၊ အရှေ့တောင်ဘက်တွင် မိအဲခရိုင်၊ တောင်ဘက်တွင် နာရခရိုင်နှင့် အိုဆာကာစီရင်စု၊ အနောက်ဘက်တွင် ဟယောဂိုခရိုင်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

ကျိုတိုသည် စီရင်စု၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ စီရင်စုရှိ စုစုပေါင်းလူဦးရေ၏ ၅၇ ရာခိုင်နှုန်းသည် ကျိုတိုမြို့တွင် နေထိုင်ကြသည်။ အခြားသော အဓိကမြို့များမှာ ခမဲအိုခမြို့၊ မအိဇုရုမြို့နှင့် အုဂျိမြို့တို့ ဖြစ်သည်။ ကျိုတိုစီရင်စုသည် ကျိုတိုပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိကာ အရှေ့တောင်ဘက် ခိအိကျွန်းဆွယ်အထိ ဖြန့်ကျက်တည်ရှိသည်။ စီရင်စုပိုင်နယ်မြေအတွင်းတွင် ရှေးခေတ်တိုင်းပြည်များဖြစ်ခဲ့သည့် တန်းဘ၊ တန်းဂေါ့၊ ယမရှိရို စသည်တို့လည်း ပါဝင်နေသည်။ ကျိုတိုစီရင်စု၏ မြို့တော်ကျိုတိုသည် အလယ်ဗဟိုတွင် တည်ရှိသည်။ ဂျပန်နိုင်ငံတွင် စီရင်စုသည် ကျိုတိုစီရင်စုနှင့် အိုဆကာစီရင်စုဟူ၍ နှစ်ခုသာ ရှိသည်။ စီရင်စုကို ဂျပန်ဘာသာစကားဖြင့် ဖု (府)ဟူသည့် စကားလုံဖြင့် ရေးသားသည်။ ကျိုတိုမြို့သည် ဂျပန်နိုင်ငံတွင် အထင်ရှားဆုံး ခရီးသွားနေရာလည်း ဖြစ်သည်။ စီရင်စု၏ မြေဧရိယာ ၂၁ ရာခိုင်နှုန်းကို သဘာဝပန်းခြံများအဖြစ် သတ်မှတ်ထားသည်။ စီရင်စုသည် ခဲအိဟန်းရှင်းမြို့ပြဒေသ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။ ခဲအိဟန်းရှင်းမြို့ပြဒေသသည် ဂျပန်နိုင်ငံတွင် တိုကျိုမြို့ပြဒေသပြီးလျှင် ဒုတိယမြောက်လူဦးရေအထူထပ်ဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် ဂျီဒီပီအားဖြင့် ထုတ်လုပ်မှုအများဆုံး ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
ခုနိခယော
ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ဖူးသည့် နဂအိုခခယောမြို့ ရှိ အိုတိုခုနိနန်းတော်

မဲဂျိပြုပြင်ပြောင်းလဲမှုကာလမတိုင်မီအထိ ကျိုတိုစီရင်စုတည်ရှိရာ ဧရိယာကို "ယမရှိရို" ဟု သိခဲ့ကြသည်။[]

သမိုင်းကြောင်းအရ ကျိုတိုမြို့သည် ဂျပန်ဘုရင့်နိုင်ငံတော်၏ မြို့တော်လည်း ဖြစ်ခဲ့သည်။ ကျိုတိုမြို့တော်၏ သမိုင်းကြောင်းသည် ၆ ရာစုမှ စတင်ခဲ့သည်။ ၅၄၄ ခုနှစ်တွင် ကျိုတိုမြို့တွင် ကောက်ပဲသီးနှံများ ကောင်းမွန်စွာရိတ်သိမ်းနိုင်ရန်နှင့် ရာသီဥတုကောင်းမွန်စေရန် "အအိုအိမဆွတ်ရိ" (အအိုအိပွဲတော်) ကို ကျင်းပခဲ့သည်။

ကျိုတိုမြို့သည် ဂျပန်နိုင်ငံ၏ မြို့တော်တစ်ခုအနေအဖြင့် စတင်တည်ထောင်ခဲ့ခြင်း မဟုတ်ပေ။ ကျိုတိုမြို့ထက် ပိုမိုစောသည့်အချိန်ကာလတွင် နာရမြို့သည် ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ၇၄၁ ခုနှစ်တွင် ဘုရင်ရှောမု (Shōmu) သည် ဂျပန်နိုင်ငံ၏ မြို့တော်ကို ခုနိခယော သို့ ပြောင်းရွှေ့ခဲ့သည်။ ခုနိခယောသည် ကျိုတိုမြို့နှင့် နာရမြို့တို့အကြားတွင် တည်ရှိသည်။ လက်ရှိကာလတွင် ထိုခုနိခယောသည် ကျိုတိုစီရင်စုအတွင်း တည်ရှိသည်။ ၇၈၄ ခုနှစ်တွင် မြို့တော်ကို နဂအိုခခယောမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ နဂအိုခခယောသည်လည်း လက်ရှိအချိန်တွင် ကျိုတိုစီရင်စုအတွင်း တည်ရှိသည်။ ၇၉၄ ခုနှစ်တွင ဘုရင်ခန်းမုသည် မြို့တော်ကို "ဟဲအိအန်ခယော" သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် လက်ရှိမြို့တော် ကျိုတိုဖြစ်လာမည့် အကြောင်းရင်းအစ ဖြစ်သည်။ လက်ရှိအချိန်တွင်ပင် လမ်းများ၊ အိမ်များ၊ ကျောင်းတော်များနှင့် နတ်ကျောင်းများသည် ထိုခေတ်ကာလအတိုင်း တည်ရှိနေကြသေးသည်။

၁၁၉၂ ခုနှစ်တွင် နိုင်ငံရေးပါဝါသည် ကမာကူရသို့ ရွှေ့ပြောင်းသွားခဲ့သည်။ ကမာကူရတွင် ဆာမူရိုင်းများ တိုက်ပွဲဖြစ်ပွားပြီးနောက် "ရှောဂွန်းအတဲ" ဟုခေါ်သည့် အုပ်ချုပ်ရေးကို စတင်တည်ထောင်ခဲ့သည်။ ကျိုတိုမြို့သည် ဘုရင့်မြို့တော်အဖြစ် ရှိနေသေးသော်လည်း အာဏာမရှိသည့် ဘုရင်တည်ရှိနေသည့် မြို့အဖြစ်သာ ရှိနေခဲ့သည်။ သို့သော် လွှတ်တော်သည် ကျိုတိုမြို့တွင် တရားရေးရာများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ၁၃၃၃ ခုနှးစ်တွင် နိုင်ငံတော်ဥပဒေဖြင့် မူလအတိုင်း ကျိုတိုမြို့ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ သို့သော်လည်း သုံးနှစ်ကြာပြီးနောက်တွင် အခြားသော ဆာမူရိုင်းတိုက်ပွဲများ ကျိုတိုမြို့တွင် ဖြစ်ပေါ်လာကာ "ရှောဂွန်းအတဲ" အုပ်ချုပ်ရေးအသစ်ကို စတင်ခဲ့သည်။

၁၄၆၇ ခုနှစ်တွင် ပြည်တွင်းစစ်ပွဲကြီးတစ်ခုဖြစ်သည့် "အိုးနင်းစစ်ပွဲ" သည် ကျိုတိုမြို့တွင်းတွင် ဖြစ်ပေါ်လာခဲံသည်။ မြို့၏ နေရာအများစုသည် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဂျပန်နိုင်ငံသည်လည်း မြေယာရှင်စနစ်လက်အောက်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် အင်အားတောင့်တင်းလာသည့် လူသစ်ဖြစ်သည့် တိုခုဂဝအိအဲယဆု သည် ၁၆၀၃ ခုနှစ်၌ အဲဒဲ (လက်ရှိ - တိုကျို) တွင် ရှောဂွန်းအတဲအုပ်ချုပ်ရေးကို တည်ထောင်ခဲ့သည်။

အေဒီ ၁၅ ရာစုတွင် ဖိလစ်ပိုင်နိုင်ငံမှ ကျိုတိုစီရင်စုရှိ အုဂျိမြို့သို့ လက်ဖက်ရည်များကို ရှောဂွန်းတို့သည် ဆောင်ယူလာခဲ့ရာမှ ဂျပန်နိုင်ငံ၏ လက်ဖက်ရည်ပွဲတတော်ကို ကျင်းပလာခဲ့ကြသည်။[]

မဲဂျိခေတ်ပြုပြင်ပြောင်းလဲမှုကြောင့် ၁၈၆၈ ခုနှစ်တွင် ဂျပန်နိုင်ငံသည်လည်း ဘုရင်အုပ်ချုပ်ရေးစနစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဘုရင်မဲဂျိသည် အမြင့်မြတ်ဆုံးသူဖြစ်ပြီး သူသည် နောက်နှစ်တွင် တိုကျိုတွင် နေထိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ကျိုတိုမြို့တွင်လည်း ဘုရင့်တရားရုံးလည်း မရှိတော့ပေ။ ၁၈၆၈ ခုနှစ်တွင် "ဖုဟန်းခန်းဆန်းချိဆဲ" ဟူသည့် နိုင်ငံတော်၏ နယ်မြေစနစ်ကို စတင်ခဲ့သည်။ ထိုစနစ်ဖြင့် ကျိုတိုမြို့ကိုလည်း "ဖု" ဟူသည့် နောက်ဆက်စကာလုံးကပ်ကာ "စီရင်စု" အဆင့် သတ်မှတ်ခဲ့သည်။ ထိုစီရင်စုတွင် ရှေးခေတ်ကာလတိုင်းပြည်များဖြစ်ကြသည့် တန်းဂေါ့၊ ယမရှိရိုနှင့် တန်းဘတိုင်းပြည်၏ အရှေ့ခြမ်းများကို ကျိုတိုစီရင်စုတွင် ပါဝင်သည်ဟု သတ်မှတ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၏ မြို့ကြီးများသည် ဗုံးများ ပြင်းထန်စွာ ကြဲချခြင်းခံခဲ့ရသည်။ သို့သော် မြို့တော်ဟောင်းဖြစ်သည့် ကျိုတိုသည် ထိုဘေးဆိုးမှ လွတ်ကင်းခဲ့သည်။ သိမ်းပိုက်ထားသည့်ကာလအတွင်း အမေရိကန်နိုင်ငံ၏ ဆဋ္ဌမမြောက်တပ်မတော် (Sixth Army) နှင့် I Corps တပ်ဖွဲ့များသည် ကျိုတိုတွင် ရုံးချုပ်အဖြစ် တပ်စွဲထားခဲ့ကြသည်။[][]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ကျိုတိုစီရင်စုသည် ဟွန်းရှူးကျွန်း၏ အလယ်ဗဟိုနားတွင် တည်ရှိသည်။ ဧရိယာသည် ၄၆၁၂.၁၉ စတုရန်းကီလိုမီတာ (၁၇၈၀.၇၈ စတုရန်းမိုင်) ရှိသည်။ ဂျပန်နိုင်ငံဧရိယာ၏ ၁.၂ ရာခိုင်နှုန်း ဖြစ်သည်။ အရွယ်အားဖြင့် ကျိုတိုစီရင်စုသည် ဂျပန်နိုင်ငံတွင် ၃၁ ခုမြောက်အကြီးဆုံး အုပ်ချုပ်ရေးဒေသလည်း ဖြစ်သည်။ မြောက်ဘက်တွင် ဂျပန်ပင်လယ်ပြင်နှင့် ဖုခုအိခရိုင်တို့ကို မျက်နှာချင်းဆိုင်တည်ရှိသည်။ တောင်ဘက်တွင် အိုဆာကာစီရင်စုနှင့် နာရခရိုင်တို့ ရှိသည်။ အရှေ့ဘက်တွင် မိအဲခရိုင်နှင့် ရှိဂခရိုင် ရှိသည်။ အနောက်ဘက်တွင် ဟယောဂိုခရိုင် ရှိသည်။ စီရင်စုကို တန်းဘတောင်တန်းများက အလယ်မှ ခွဲခြားထားသည်။ ထို့အတွက်ကြောင့် စီရင်စု၏ တောင်ဘက်နှင့် မြောက်ဘက်ခြမ်းတို့သည် မတူကွဲပြားသည့် ရာသီဥတုများကို ပိုင်ဆိုင်ထားကြသည်။

၂၀၁၆ ခုနှစ်၊ ဧပြီလတွင် စီရင်စုနယ်မြေ၏ ၂၁ ရာခိုင်နှုန်းသည် သဘာဝဥယျာဉ်များအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။ ၎င်းတို့ထဲတွင် အဓိကအနေဖြင့် ဆန်းအင်းခိုင်းဂန်းအမျိုးသားဥယျာဉ်ဘိဝခိုကျိုတိုတန်းဘကုန်းပြင်မြင့်တန်းဂေါ့ - အမနိုဟရှိဒတဲ - အိုးအဲယမနှင့် ဝဆခပင်လယ်အော်အမျိုးသားဥယျာဉ်ဟိုဇုခယောခဆဂိယမနှင့် ရုရိခဲစီရင်စုသဘာဝဥယျာဉ်များ ပါဝင်သည်။[]

မြို့ပြများ

[ပြင်ဆင်ရန်]
ကျိုတိုစီရင်စုမြေပုံ      မြို့တော်      မြို့ပြများ      မြို့များ      ရွာများ
မြို့ပြများ

ကျိုတိုစီရင်စုတွင် မြို့ကြီးများ (မြို့ပြ) အဖြစ် သတ်မှတ်ထားခြင်းခံရသည့်မြို့ ၁၅ ခု ရှိသည်။

Flag, name w/o suffix အမည်အပြည့်အစုံ ဧရိယာ
(km2)
လူဦးရေ မြေပုံ
Japanese Transcription Translation
အယဘဲမြို့ 綾部市 Ayabe-shi Ayabe City 347.10 31,846 1
ဖုခုချိယမမြို့ 福知山市 Fukuchiyama-shi Fukuchiyama City 552.54 77,306 2
ဂျောယောမြို့ 城陽市 Jōyō-shi Jōyō City 32.71 74,607 3
ခမဲအိုခမြို့ 亀岡市 Kameoka-shi Kameoka City 224.80 86,174 4
ခိဇုဂဝမြို့ 木津川市 Kizugawa-shi Kizugawa City 85.13 77,907 5
ခယောတနဘဲမြို့ 京田辺市 Kyōtanabe-shi Kyōtanabe City 42.92 73,753 6
ခယောတန်းဂေါ့မြို့ 京丹後市 Kyōtango-shi Kyōtango City 501.44 50,860 7
ကျိုတိုမြို့ (မြို့တော်) 京都市 Kyōto-shi Kyoto City 827.83 1,463,723 8
မအိဇုရုမြို့ 舞鶴市 Maizuru-shi Maizuru City 342.13 80,336 9
မိယဇုမြို့ 宮津市 Miyazu-shi Miyazu City 172.74 16,758 10
မုခိုးမြို့ 向日市 Mukō-shi Mukō City 7.72 56,859 11
နဂအိုခခယောမြို့ 長岡京市 Nagaokakyō-shi Nagaokakyō City 19.17 80,608 12
နန်းတန်းမြို့ 南丹市 Nantan-shi Nantan City 616.40 31,629 13
အုဂျိမြို့ 宇治市 Uji-shi Uji City 67.54 179,630 14
ယဝတမြို့ 八幡市 Yawata-shi Yawata City 24.35 70,433 15

ခန်းဆိုင်းသိပ္ပံမြို့တော် သည် အနောက်တောင်ဘက်တွင် တည်ရှိသည်။

မြို့နှင့် ရွာများ

ကျိုတိုစီရင်စုအတွင်း အောက်ပါမြို့များနှင့် ရွာများလည်း ပါဝင်ကြသည်။]:

Flag, name w/o suffix အမည်အပြည့်အစုံ ဧရိယာ
(km2)
လူဦးရေ ဒေသ မြေပုံ
Japanese Transcription Translation
အိဒဲမြို့ 井手町 Ide-chō Ide Town 18.04 7,406 Tsuzuki District 16
အိနဲမြို့ 伊根町 Ine-chō Ine Town 61.95 1,928 Yosa District 17
ခဆဂိမြို့ 笠置町 Kasagi-chō Kasagi Town 23.52 1,144 Sōraku District 18
ခုမိယမမြို့ 久御山町 Kumiyama-chō Kumiyama Town 13.86 15,250 Kuse District 19
ခယောတန်းဘမြို့ 京丹波町 Kyōtamba-chō Kyōtamba Town 303.09 12,907 Funai District 20
မိနမိယမရှိရိုရွာ 南山城村 Minamiyamashiro-mura Minamiyamashiro Village 64.11 2,391 Sōraku District 21
အိုးယမဇခိမြို့ 大山崎町 Ōyamazaki-chō Ōyamazaki Town 5.97 15,953 Otokuni District 22
ဆဲခမြို့ 精華町 Seika-chō Seika Town 25.68 36,198 Sōraku District 23
အုဂျိတဝရမြို့ 宇治田原町 Ujitawara-chō Ujitawara Town 58.16 8,911 Tsuzuki District 24
ဝဇုခမြို့ 和束町 Wazuka-chō Wazuka Town 64.93 3,478 Sōraku District 25
ယောဆနိုမြို့ 与謝野町 Yosano-chō Yosano Town 108.38 20,092 Yosa District 26


ပေါင်းစပ်ထားသည့် ဒေသများ

[ပြင်ဆင်ရန်]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]
ကျိုတိုစီရင်စုလူဦးရေပိရမစ်၊ ၂၀၂၀ ခုနှစ်
ကျိုတိုစီရင်စုသည် နိုင်ငံအတွင်းတွင် အမြင့်ဆုံးသော ဘဝသက်တမ်းရှိသည့် ဒေသတစ်ခု ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ကျိုတိုစီရင်စု၏ လူ့သက်တမ်း ၈၅.၅၄ နှစ် ရှိခဲ့သည်။[]
သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1885 ၈၄၆၇၆၁    
1890 ၈၉၄၉၂၈+5.7%
1900 ၁၀၂၂၆၉၅+14.3%
1910 ၁၁၉၇၄၇၃+17.1%
1920 ၁၂၈၇၁၄၇+7.5%
1930 ၁၅၅၂၈၃၂+20.6%
1940 ၁၇၂၉၉၉၃+11.4%
1950 ၁၈၃၂၉၃၄+6.0%
1960 ၁၉၉၃၄၀၃+8.8%
1970 ၂၂၅၀၀၈၇+12.9%
1980 ၂၅၂၇၃၃၀+12.3%
1990 ၂၆၀၂၄၆၀+3.0%
2000 ၂၆၄၄၃၉၁+1.6%
2010 ၂၆၃၆၀၉၂−0.3%
2020 ၂၅၇၈၀၈၇−2.2%
Source: Statistics Division, Policy Planning Department, Kyoto Prefecture[]

ကိုးကွယ်ယုံကြည်မှု

[ပြင်ဆင်ရန်]

ယဉ်ကျေးမှုဆိုင်ရာအေဂျင်စီ၏ ၂၀၂၀ ခုနှစ်တွင် လေ့လာမှုအရ ၆၀ ရာခိုင်နှုန်းကျော်သည် ရှင်းတိုးဘာသာနှင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ []

စီးပွားရေး

[ပြင်ဆင်ရန်]
GDP (PPP) per capita[၁၀][၁၁]
YearUS$
1975၄၇၄၆
1980၈၃၇၅
1985၁၂၇၉၉
1990၁၈၁၂၈
1995၂၁၁၉၀
2000၂၄၆၉၂
2005၂၉၂၅၆
2010၃၃၀၅၈
2015၃၈၅၆၇

ကျိုတိုစီရင်စု၏ စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းများနှင့် ရိုးရာလုပ်ငန်းများ ပါဝင်သည်။ စီရင်စုတွင် နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိပြီဖြစ်သည့် ရိုးရာလုပ်ငန်းများသည် စီရင်စု၏ စီးပွားရေးလုပ်ငန်းများကို မတူထူးခြားစေသည်။ လက်ရှိအချိန်တွင် ကျိုတိုမြို့တွင် ရိုးရာလုပ်ငန်းများသည် ခေတ်သစ်နည်းပညာများပေါင်းစပ်လုပ်ကိုင်လျက်ရှိသည်။[၁၂]

ကျိုတိုစီရင်စုမြောက်ပိုင်းရှိ တန်းဂေါ့ကျွန်းဆွယ်ဒေသတွင် ငါးဖမ်းလုပ်ငန်းနှင့် ရေလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ကျိုတိုစီရင်စုအလယ်ပိုင်းသည် စိုက်ပျိုးရေးနှင့် သစ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ စီရင်စုတွင် အိမ်လုပ် အရက်နှင့် ရေနွေးကြမ်းလုပ်ငန်းသည် စီးပွားရေး၏ ၁၃ ရာခိုင်နှုန်း ရှိသည်။ ကျိုတိုစီရင်စုတွင်ဂျပန်နိုင်ငံ၏ အကြီးဆုံး အဆောက်အဦအတွင်းစိုက်ပျိုးသည့်စိုက်ခင်းများ ရှိသည်။[၁၃]

ကျိုတိုတွင် အခြေစိုက်သည့် လုပ်ငန်းများသည် ဂျပန်နိုင်ငံ၏ နည်းပညာမြင့်ပစ္စည်းများနှင့် ဈေးကွက်ဝေစုများကို ရရှိထားသည်။ ၂၀၂၁ ခုနှစ်တွင် Forbes Global 2000 companies ရှစ်ခုစာရင်းတွင် ကျိုတိုစီရင်စုတွင် အခြေစိုက်သည့် ကုမ္ပဏီများ ပါဝင်ခဲ့သည်။ ၎င်းတို့ထဲတွင် Nintendo, Nidec, Kyocera, Murata Manufacturing, Omron, Rohm, Bank of Kyoto, SCREEN Holdings. Takara Holdings, GS Yuasa, Mitsubishi Logisnext, Maxell, နှင့် Kyoto Animation များ ပါဝင်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ကျိုတိုစီရင်စု၏ အနိမ့်ဆုံးလုပ်အားခမှာ တစ်နာရီ ၉၃၇ ယန်း ရှိသည်။[၁၄]

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်နှင့် ကောလိပ်များ

[ပြင်ဆင်ရန်]

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]
Kyoto Station
Tōkaidō Shinkansen arriving at Kyoto Station
Railway map around southern Kyoto Prefecture.

ရထားလိုင်းများ

[ပြင်ဆင်ရန်]

မြို့တွင်းပတ်ရထားများ

[ပြင်ဆင်ရန်]

ပင်လယ်ဆိပ်ကမ်းများ

[ပြင်ဆင်ရန်]

ကားလမ်းများ

[ပြင်ဆင်ရန်]
Expressway map around southern Kyoto Prefecture. Roads and junctions under planning are shown by dotted lines.

အဝေးပြေးကားလမ်းများ

[ပြင်ဆင်ရန်]

အမျိုးသားလမ်းမကြီးများ

[ပြင်ဆင်ရန်]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ကျိုတိုမြို့သည် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုအဓိကဗဟိုချက်နေရာအဖြစ် ကျန်ရှိနေသေးသည်။[၁၅][၁၆] နှစ်ပေါင်း ၁၀၀၀ ကျော် နိုင်ငံ၏ မြို့တော်လည်း ဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင် မြို့တော်သည် တိုကျိုမြို့ ဖြစ်သွားသော်လည်း ယဉ်ကျေးမှုဆိုင်ရာမြို့တော်မှာ ကျိုတိုအဖြစ် ကျန်ရှိနေသေးသည်။ ဒေသဆိုင်ရာအစိုးရသည် ယဉ်ကျေးမှုဆိုင်ရာအေဂျင်စီကို တိုကျိုမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ တိုကျိုသည် နိုင်ငံရေးနှင့် စီးပွားရေးအရ မြို့တော်ဖြစ်ပြီး၊ ကျိုတိုသည် ယဉ်ကျေးမှုမြို့တော်ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ [၁၇]

အားကစား

[ပြင်ဆင်ရန်]
Sanga Stadium by Kyocera

အောက်ဖော်ပြပါအားကစားအသင်းများသည် ကျိုတိုစီရင်စုတွင် ရှိကြသည်။

အခြားကြည့်ရန်: Category:Sports clubs and teams in Kyoto Prefecture
ဘောလုံး (soccer)
ဘတ်စကတ်ဘော
Rugby

နိုင်ငံတကာခရီးသွားလာမှု

[ပြင်ဆင်ရန်]

ကျိုတိုမြို့သည် ဂျပန်နိုင်ငံတွင် အထင်ရှားဆုံးခရီးသွားနေရာ ဖြစ်သည်။ တိုကျိုမြို့နှင့် ကျိုတိုမြို့တို့သည် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ၏ ကျောင်းလေ့လာရေးခရီးအတွက် လူကြိုက်များသည့် နေရာနှစ်ခု ဖြစ်သည်။

ကျိုတိုမြို့တွင် ကျင်းပသည့် အချို့ပွဲတော်များသည် ရှေးခေတ်ကာလကတည်းက တည်ရှိခဲ့ကြသည်။ အအိုအိပွဲတော်သည် ၅၄၄ ခုနှစ်၊ ဂိအွန်းပွဲတော်သည် ၈၆၉ ခုနှစ်၊ အိနဲပွဲတော်သည် အဲဒိုခေတ်၊ ဒိုင်းမွန်းဂျိဂေါ့ဇန်းအိုခုဘိရိသည် ၁၆၆၂ ခုနှစ်၊ ဂျိဒိုင်းပွဲတော်သည် ၁၈၉၅ ခုနှစ် တို့ကတည်းက စတင်ကျင်းပလာခဲ့ကြသည်။ ထို့အပြင် နတ်ကျောင်းများနှင့် ဗုဒ္ဓဘာသာကျောင်းတော်များတွင်လည်း ပွဲတော်များကို ကျင်းပကြပြီး ဖွင့်ပွဲများကို လူအများကြည့်ရှုနိုင်ကြသည်။

နိုင်ငံတကာနှင့် ဆက်ဆံရေး

[ပြင်ဆင်ရန်]

ကျိုတိုစီရင်စုသည် ဤမြို့များနှင့် ညီအစ်မမိတ်ဖက်ဆက်ဆံရေး တည်ဆောက်ထားသည်။[၁၈]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ Kyoto prefecture နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား

[ပြင်ဆင်ရန်]
  1. 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "Frédéric_2002".
  3. Manansala၊ Paul Kekai (5 September 2006)။ Quests of the Dragon and Bird Clan: Luzon Jars (Glossary)
  4. Chronology of the Occupation
  5. THE EIGHTH ARMY MILITARY GOVERNMENT SYSTEM
  6. General overview of area figures for Natural Parks by prefecture (in ja)။ Ministry of the Environment (15 April 2016)။ 12 June 2016 တွင် ပြန်စစ်ပြီး။
  7. The Japanese Mortality Database: Kyoto Prefecture (in en)။ National Institute of Population and Social Security Research (30 March 2025)။
  8. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "KyotoPrefecture_InformationPolicyDivision".
  9. White Papers and Annual Reports > Shukyo Nenkan (in ja)။ Agency for Cultural Affairs။ 2022-02-12 တွင် ပြန်စစ်ပြီး။
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "Cabinet".
  11. Purchasing power parities (PPP) OECD 2017-10-16 တွင် ပြန်စစ်ပြီး။
  12. Kyoto Prefecture Financial Profile and Fiscal Reforms (October 2017)။ 20 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-05-17 တွင် ပြန်စစ်ပြီး။
  13. The only way is up: Vertical farming in Kyoto CNN (19 September 2016)။
  14. Minimum wages in Kyoto Ministry of Health, Labour and Welfare 9 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2022 တွင် ပြန်စစ်ပြီး။
  15. Kyoto | History, Geography, & Points of Interest | Britannica.com
  16. Shinzō Abe (18 November 2018)။ Committee on Budget။ The 190th ordinary session of the Diet (ဂျပန်ဘာသာစကားဖြင့်)။ 8House of Representatives။ 14 December 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး18 November 2018 တွင် ပြန်စစ်ပြီး京都というのは文化的な中心
  17. Shigefumi Matsuzawa (7 June 2018)။ Committee on Education, Culture and Science။ The 196th ordinary session of the Diet (ဂျပန်ဘာသာစကားဖြင့်)။ 14House of Councillors政治経済の首都東京に対して文化の首都京都をつくっていく、そういう双眼構造、二元構造にする
  18. International Exchange: Regions with Friendly Ties to Kyoto Prefecture Retrieved 29 November 2015
  19. Edinburgh – Twin and Partner Cities 2008 The City of Edinburgh Council, City Chambers, High Street, Edinburgh, EH1 1YJ Scotland။ 28 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2008 တွင် ပြန်စစ်ပြီး။
  20. Twin and Partner Cities City of Edinburgh Council။ 14 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2009 တွင် ပြန်စစ်ပြီး။
  21. Communiqué du 26 mai 2016 – Signature d'une première entente de collaboration entre le Québec et la préfecture de Kyoto
  22. Peringatan 25 Tahun Sister City Kyoto-Yogya, Kedua Kota Mendapat Manfaat (in id)။ Koran Tempo (6 October 2010)။ 20 May 2014 တွင် ပြန်စစ်ပြီး။